သြဂုတ် ၂၅၊ ၂၀၁၆
M-Media
– ယမန်နေ့မနက်အစောပိုင်းက အီတလီနိုင်ငံအလယ်ပိုင်းတွင် လှုပ်ခတ်သွားခဲ့သည့် ငလျင်ကြောင့် သေဆုံးသူမှာ ၂၄၀ ကျော်လာခဲ့ပြီး အပျက်အဆီးများကြားတွင် ပိတ်မိနေသူများကို ကယ်ဆယ်ရေးလုပ်သားများက ဆက်လက် ရှာဖွေနေဆဲဖြစ်သည်ဟု သိရသည်။
ပြင်းပြင်းထန်ထန် ဒဏ်ရာရသူအချို့ပါအ၀င် စုစုပေါင်း ဒဏ်ရာရသူများမှာ ကြာသာပတေးနေ့မနက်ပိုင်းအထိ ၃၆၈ ဦး ရှိနေပြီး၊ အပျက်အဆီးများအောက် ပိတ်မိနေသူများလည်း ရှိနေကာ သေဆုံးသူစာရင်းမှာ ထပ်တိုးလာနိုင်ဖွယ် ရှိနေသည်။ ပြင်းအား ၆.၂ ရှိ ငလျင်ကြောင့် အီတလီမြို့တော် ရောမ၏ အရှေ့ဘက် ကီလိုမီတာ ၁၄၀ အကွာရှိ တောင်းတန်းဒေသတစ်ခုလုံးတွင် နေအိမ်များ၊ လမ်းများမှာ ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်ဆီးခဲ့သည်။
သေဆုံးသူစာရင်းမှာ ယမန်နေ့ညပိုင်းက ၁၅၉ ဦးသာ ရှိသော်လည်း ယနေ့မနက်ပိုင်းတွင် ၂၄၇ ဦးအထိ မြင့်တက်လာခဲ့ပြီး၊ အိုးအိမ်စွန်ခွာထွက်ပြေးရသူများမှာလည်း နောက်ဆက်တွဲငလျင်များကို ကြောက်ရွံ့၍ အေးခဲသော ရာသီဥတုအောက်၌ လူလုပ်တဲငယ်များတွင် အိပ်စက်ခဲ့ရသည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.