သြဂုတ် ၂၇၊ ၂၀၁၆
M-Media
– မိမိအား ထောက်ခံအားပေးကြသည့် ပရိတ်သတ်များကို ကျေးဇူးတင်ပြီး မကြာခင် အကောင်းအဆုံးအနေအထားဖြင့် ပြန်လာမည်ဟု ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ပြောကြားလိုက်သည်။
အသက် ၃၁ နှစ်အရွယ်ရှိ ရော်နယ်ဒိုမှာ ဥရောပအကောင်းဆုံး ဘောလုံးသမားဆုကို ပူပူနွေးနွေး ရရှိထားသူဖြစ်ပြီး၊ ယူရို ၂၀၁၆ ဗိုလ်လုပွဲတွင် ရရှိသောဒဏ်ရာကြောင့် ရီးယဲလ်အသင်းတွင် ပါဝင်ကစားနိုင်ခြင်း မရှိသေးပေ။ ရော်နယ်ဒိုကမူ မိမိအနေဖြင့် အမြန်ပြန်လာမည်ဖြစ်ပြီး အသင်းနှင့်အတူ အောင်မြင်မှု ပိုမိုရရှိချင်သည်ဟု ဆိုသည်။
“ကျွန်တော် သိပ်မကြာခင် ပြန်လာမှာပါ။ အသင်းဖော်တွေ၊ ကျွန်တော့်ကို ကူညီခဲ့တဲ့သူတွေ အားလုံးကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ကျွန်တော် တစ်ကယ့်ကို စိတ်ဓာတ်တက်ကြွနေပါတယ်။ အခုအချိန်မှာ ပိုကြိုးစားပြီး ဖလားတွေပိုရဖို့လည်း စိတ်အားထက်သန်နေပါတယ်” ဟု ရီးယဲလ်၏ Instagram စာမျက်နှာတွင် လွှင့်တင်ထားသော ဗီဒီယို၌ ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.