သြဂုတ် ၂၉၊ ၂၀၁၆
M-Media
– တူနီးရှား အမျိုးသား လူ့အခွင့်အရေးကော်မတီ (NHRC) က အစ္စလာမ်နှင့် လူ့အခွင့်အရေးဆိုင်ရာ ပြပွဲနှင့် အခြားအခမ်းအနားများကို မြို့တော်တူနစ်ရှိ အာရပ်အတွင်းဝန်များကောင်စီ၏ အတွင်းဝန်များရုံးချုပ်၌ လာမည့်နှစ်မတ်လတွင် ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။
၂၀၁၄ ခုနှစ်က ကာတာနိုင်ငံ ဒိုဟာမြို့တွင် ‘အာရပ်ကမ္ဘာ၏ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် လူ့အခွင့်အရေး’ ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့သော ညီလာခံတစ်ခုမှာ အာရုံစိုက်မှု ရရှိခဲ့ပြီးနောက် တူနီးရှားတွင် ယခုကဲ့သို့ ကျင်းပရန် စီစဉ်ခြင်းဖြစ်သည်။
NHRC အဖွဲ့၏ ဥပဒေရေးရာ ဒါရိုက်တာဖြစ်သူ ဂျဘား အလ်-ဟူဝေးလ်က တူနစ်မြို့ရှိ အာရပ်အတွင်းဝန်ရုံးများ၌ မကြာသေးမီက ကျင်းပပြုလုပ်ခဲ့သည့် လူ့အခွင့်အရေးဆိုင်ရာ တာဝန်ရှိသူများ၏ ဒုတိယအကြိမ်မြောက်ညီလာခံတွင် လေ့လာသူအဖြစ် ကော်မတီက ပါဝင်နိုင်ခဲ့သည့်အတွက် ကျေးဇူးတင်သည်ဟု ပြောကြားခဲ့သည်။
ယခုဖိုရမ်ကို NHRC ကောင်စီက နှစ်စဉ်ကျင်းပလေ့ရှိပြီး လုံခြုံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ‘နိုင်ငံတကာညီလာခံ’ မှ ထွက်ပေါ်လာသော အကြံပြုချက်များကို ဆက်လက်ဆောင်ရွက်ရန် ဖြစ်သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
Ref : QNA


Leave a Reply
You must be logged in to post a comment.