News @ M-Media

စက်တင်ဘာ ၁၃ ရက်သည် မွတ်စလင်မ်တို့၏ အီးဒ်နေ့ဖြစ်၍ အများပြည်သူ အလုပ်ပိတ်ရက် ကြေညာ

စက်တင်ဘာ ၁၃ ၊ ၂၀၁၆
M-Media
သတင်း-သီဟ
.mal2016

ရန်ကုန် ။ ။ ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့ သည် အစ္စလာမ်သာသနာဝင်များ၏ အီဒ်နေ့ အထိမ်းအမှတ်ဖြစ်သည့် အတွက် အများပြည်သူများ အလုပ်ပိတ်ရက် အဖြစ် နိုင်ငံပိုင် သတင်းစာတွေမှာ ကြေညာထားပါသည်။
.
ကြေညာချက်တွင် ၁၃၇၈ ခုနှစ်၊ တော်သလင်း လဆန်း ၁၂ ရက် (၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်) နေ့ သည် အီဒွလ်အဿွာဟာ (ဘက္ကရီအီးဒ်) နေ့ ဖြစ်သည့် အတွက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိ ရုံးများ၏ ပိတ်ရက်အဖြစ် လွဲပြောင်းနိုင်သည့် စာချူပ်စာတမ်းများ အက်ဥပဒေပုဒ်မ ၂၅ အရ အများပြည်သူတို့၏ အလုပ် ပိတ်ရက်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
.
အဆိုပါ အီဒွလ်အဿွာဟာ (ဘက္ကရီးအိဒ်)နေ့သည် အစ္စလာမ် သာသနာဝင်တို့ အလေးအမြတ်ထားရာ နှစ်စဉ် ကျရောက်သော အီးဒ်နေ့ နှစ်ရက်ဖြစ်သည့် အီဒွလ် ဖိသိရ် (ဥပုတ်ထွက်- မုန့်အီးဒ်) နှင့် အီဒွလ်အဿွာဟာ (ကုရ်ဘာနီအီဒ်) ၂-ရက်ထဲမှ ၁-ရက်လည်း ဖြစ်ပါသည်။
.
နိုင်ငံတော်အခြေခံဥပဒေတွင် နိုင်ငံတော်အတွင်း တည်ရှိသော ဘာသာများအဖြစ် အသိအမှတ်ပြုထားသော လူနည်းစု ဘာသာများဖြစ်ကြ သော အစ္စလာမ်ဘာသာ အတွက် အီဒွလ်အဿွာဟာ (ဘက္ကရီအီးဒ်)နေ့ ၊ ခရစ်ယာန် ဘာသာ အတွက် ခရစ်စမတ်နေ့၊ ဟိန္ဒူဘာသာသာနာ အတွက် ဒေပါဝါလီနေ့များတွင် အစိုးရ၏ တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးထားပြီး အီဒွလ်အဿွာဟာ နှင့် ဒေပါဝါလီနေ့တို့မှာ ခရစ် သက္ကရာဇ်ကို အခြေခံတွက်ချက်ခြင်း မဟုတ်ဘဲ “လ” အဝင်အထွက်ကို အခြေခံသည့် သက်ဆိုင်ရာ ဘာသာဝင်တို့ရဲ့ ပြက္ခဒိန်ကို အခြေခံထားသောကြောင့် ပုံသေရက် သတ်မှတ်၍ မရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

.
Ref: MOI

public holiday 2016

Comments

Leave a Reply