စက်တင်ဘာ ၇၊ ၂၀၁၆
M-Media
– အစ္စရေးက ပိတ်ဆို့ထားသည့် ဂါဇာကမ်းမြှောင်မှ ပါလက်စတိုင်းပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ တင်ဆောင်သွားသည့် တူရကီသင်္ဘောမှာ အစ္စရေး ဆိပ်ကမ်းမြို့ဖြစ်သော အက်ရှ်ဒွတ်သို့ တနင်္လာနေ့က ရောက်ရှိခဲ့သည်ဟု သိရသည်။
အစ္စရေးနှင့် သံတမန်ဆက်ဆံရေး ပြန်လည်ပြုလုပ်ပြီးနောက် တူရကီ၏ ယခုပို့ဆောင်မှုမှာ ဂါဇာပြည်သူများအတွက် ဒုတိယအကြိမ်ဖြစ်ပြီး တလ်အဗီးအခြေစိုက် တူရကီရေးရာအဖွဲ့က အခြားသော တူရကီပရဟိတ အသင်းအဖွဲ့များနှင့်အတူ ထိုအကူအညီကို လက်ခံခဲ့ကြသည်။ ထိုသင်္ဘောတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ တန်ချိန် ၂၅၀၀ ခန့် ပါဝင်သည်။
တူရကီ၏ ဂါဇာသို့ ပထမဆုံး အကူအညီပေးပို့မှုမှာ ပြီးခဲ့သည့် ဇူလိုင်လကဖြစ်ပြီး၊ ယခုဆိုက်ရောက်လာသည့် ဒုတိယမြောက် သင်္ဘောတွင် အစားအသောက်များ၊ အ၀တ်အစားများ၊ ကလေးငယ်များအတွက် စက်ဘီး ၁၀၀၀၊ ဘီးတပ်ကုလားထိုင် ၁၀၀ တို့ ပါဝင်သည်။
ထိုအကူအညီများကို အက်ရှ်ဒွတ်မှ ထရပ်ကားများဖြင့် ဂါဇာသို့ အီဒွလ် အသွဟာ အီးဒ်နေ့မတိုင်ခင် ပို့ဆောင်သွားမည်ဖြစ်သည်။
Ref : IINA


Leave a Reply
You must be logged in to post a comment.