စက်တင်ဘာ ၁၂၊ ၂၀၁၆
M-Media
– စင်ကာပူနိုင်ငံမှာ ယနေ့ (စက်တင်ဘာ ၁၂ ရက်နေ့) ကျရောက်တဲ့ အစ္စလာမ်ဘာသာဝင်တို့ရဲ့ အီဒွလ်အသွဟာနေ့ (ကုရ်ဘာနီအီးဒ်နေ့) အတွက် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက နှုတ်ခွန်းဆက် ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
ဝန်ကြီးချုပ်ရဲ့ တရားဝင် Facebook စာမျက်နှာမှာ အခုလို နှုတ်ခွန်းဆက်ခဲ့တာဖြစ်ပြီး ဆော်ဒီအာရေဗျမှာ သွားရောက် ဟဂ်ျပြုနေကြတဲ့ စင်ကာပူမွတ်စလင်တွေ ဘေးအန္တရာယ် ကင်းရှင်းစေဖို့လည်း ဆုမွန်ကောင်း တောင်းခဲ့ပါတယ်။
“ဒီနှစ်မှာ ကျွန်တော်တို့နိုင်ငံသား ၆၈၀ ဟာ သူတို့ရဲ့ ဟဂ်ျတာဝန်ကို ထမ်းဆောင်ဖို့အတွက် သွားခဲ့ကြပါတယ်။ ဟဂ်ျပြုခြင်းဆိုတာ အစ္စလာမ်သာသာနာရဲ့ ပဉ္စမမြောက်မဏ္ဍိုင်ပါ။ နှစ်တိုင်းမှာ သန်းပေါင်းများစွာသော မွတ်စလင်တွေဟာ ဒီ ဟဂ်ျတာဝန်ကို ထမ်းဆောင်ဖို့ ဆော်ဒီအာရေဗျကို သွားရောက်ကြပါတယ်။ ကျွန်တော်တို့တိုင်းပြည်က ဟဂ်ျပြုသူတွေအနေနဲ့လည်း ဘေးအန္တရာယ်ကင်းရှင်းပြီး၊ ရည်မှန်းချက်ပြည့်ဝတဲ့ ခရီးစဉ် ဖြစ်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်”
နောက်ပြီး မွတ်စလင်တွေရဲ့ အသားဝတ္ထု စွန့်လှူဒါနပြုမှု ရည်ရွယ်ချက်ကိုလည်း လီရှန်လွန်းက ဖော်ပြခဲ့ပြီး အဲဒီစွန့်လှူဒါနပြုဖို့အတွက် သားကောင်တွေကို စင်ကာပူအစိုးရက တင်သွင်းရာမှာ သေဆုံးမှုအချို့ ရှိခဲ့တဲ့အတွက်လည်း တောင်းပန်ခဲ့ပါတယ်။
“မွတ်စလင်တွေဟာ ဒီနေ့မှာ စွန့်လှူဒါနပြုမှုတွေ ပြုလုပ်ကြပြီး ချို့တဲ့သူတွေ၊ ဆွေမျိုးတွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေကို ဝေငှလှူဒါန်းကြပါတယ်။ ကံမကောင်းတာက စင်ကာပူကို လေယာဉ်နဲ့သယ်လာတဲ့ သိုးတစ်ချို့ဟာ သေဆုံးသွားခဲ့ပြီး၊ ဘာ့ကြောင့် ဒီလိုဖြစ်တာလဲဆိုတာကိုလည်း ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေပါတယ်” လို့ ၀န်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
နောက်ဆုံးမှာတော့ ကုရ်ဘာနီ စွန့်လှူဒါနပြုမှုကို သတ်မှတ်ထားတဲ့ အစီအစဉ်တွေအတိုင်း လုပ်ဆောင်နေကြပြီး၊ အဲဒီလို လုပ်နိုင်ဖို့အတွက် နေ့မအားညမနား ဆောင်ရွက်ပေးခဲ့သူတွေကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
Ref: Facebook of Hsien Loong
Leave a Reply
You must be logged in to post a comment.