News @ M-Media

နယူးယောက်ပေါက်ကွဲမှုအတွက် သံသယရှိသူကို ဖမ်းမိပြီ

စက်တင်ဘာ ၁၉၊ ၂၀၁၆
M-Media

ny

– နယူးယောက်တွင် စနေနေ့က ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုနှင့်ပတ်သက်၍ သံသယရှိသူ အဟ်မဒ် ခန်း ရာဟာမီ ဖမ်းဆီးရမိခဲ့သည်ဟု နယူးဂျာစီ ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

အသက် ၂၈ နှစ်အရွယ်ရှိ ၎င်းမှာ နယူးဂျာစီပြည်နယ်ရှိ အဲလိဇဘက်မြို့တွင် နေထိုင်သူဖြစ်ပြီး မဖမ်းဆီးနိုင်ခင် ပစ်ခတ်မှုဖြစ်ပွားသောကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အဲလိဇဘက် အုပ်ချုပ်ရေးမှူး ခရစ် ဘောလ်ဝေ့ဂ်ျက ဆိုသည်။ အမည်မဖော်လိုသူ ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ အဆိုအရ ဒဏ်ရာရရှိသူများမှာ အသက်အန္တရာယ် စိုးရိမ်ရခြင်းမရှိ သိရသည်။

စနေနေ့က နယူးယောက်မြို့လယ်ကောင် မန်ဟက်တန်တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုအပြင် နယူးဂျာဆီပြည်နယ်တွင်လည်း ဖောက်ခွဲရေးပစ္စည်းများကို တွေ့ရှိခဲ့ရပြီးနောက် ရဲတပ်ဖွဲ့က ရာဟာမီကို သံသယရှိသူအဖြစ် သတ်မှတ်ကာ ရှာဖွေခဲ့ခြင်းဖြစ်သည်။

၎င်းအပြင် တိုထိုက်ခိုက်မှုတွင် နောက်ထပ်ပါဝင်သူများ ရှိမည်ဟု တာဝန်ရှိသူများက ယူဆနေသည်။

Ref : Aljazeera

Comments

Leave a Reply