စက်တင်ဘာ ၂၆၊ ၂၀၁၆
M-Media
– မြန်မာနိုင်ငံမှာ အင်ဒိုနီးရှားသို့ ၂၀၁၉ ခုနှစ်အထိ ဆန်တန်ချိန် ၅ သိန်း တင်ပို့ရန်အတွက် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးတော့မည်ဟု ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက ပြောကြားလိုက်သည်။
“အင်ဒိုနီးရှား ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးအသစ်က အချိန်အကန့်အသစ်တစ်ခုမှာ ရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။ ကျွန်တော်တို့ ဒီလအတွင်းသွားပြီး သဘောတူညီချက် လက်မှတ်ထိုးဖို့ စီစဉ်ထားပါတယ်” ဟု ၀န်ကြီးဌာနမှ တာဝန်ရှိသူ ဦးခင်မောင်လွင်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ဆန်စပါးတင်ပို့မှု၏ ၉၀ ရာခိုင်နှုန်းမှာ တရုတ်ပြည်သို့ သွားရောက်နေသော်လည်း ဆန်စပါးအသင်းကမူ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ဂျပန်နိုင်ငံများသို့ ပိုမိုတင်ပို့ရန် ရည်မှန်းထားသည်ဟု ပြောကြားခဲ့သည်။
အင်ဒိုနီးရှားအစိုးရမှာ မြန်မာနိုင်ငံမှ ဆန်တင်ပို့ရန် အစီအစဉ်ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် စတင်ခဲ့ပြီး ဗီယက်နမ်နှင့် ထိုင်းနိုင်ငံမှ တင်သွင်းသည့်ဆန်များ ဈေးကွက်တွင် မလုံလောက်ပါက ဒေသတွင်း ဈေးကွက်တည်ငြိမ်စေရန် အရန်အဖြစ် ထားရှိရန် ရည်ရွယ်ခြင်းဖြစ်သည်။
၂၀၁၆ ခုနှစ်မေလတွင် အင်ဒိုနီးရှား လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၁၅၀၀၀ တင်သွင်းခဲ့သော်လည်း အနောက်ဂျာဗား ဆူရာဘာယာရှိ တန်ဂျုံပဲရက် ဆိပ်ကမ်းတွင် သောင်တင်သွားခဲ့ပြီး ထိုစဉ်က ကုန်သွယ်ရေးဝန်ကြီး သောမတ်စ် လမ်ဘွန်က ထိုကိစ္စနောက်ကွယ်မှ အကြောင်းအရင်းကို မှတ်ချက်ပေးရန် ငြင်းဆိုခဲ့လေသည်။
Ref : thejakartapost
Leave a Reply
You must be logged in to post a comment.