News @ M-Media

အစ္စရေးဝန်ကြီးချုပ်ဟောင်း ရှီမွန်ပဲရီစ် ကွယ်လွန်

စက်တင်ဘာ ၂၈၊ ၂၀၁၆
M-Media

shimon

– ပြီးခဲ့သည့် ၂ ပတ်က လေဖြတ်သွားခဲ့သည့် အစ္စရေး ၀န်ကြီးချုပ်ဟောင်း ရှိမွန်ပဲရီးစ်မှာ ယမန်နေ့တွင် ကွယ်လွန်သွားခဲ့ပြီဟု သိရသည်။

အသက် ၉၃ နှစ်အရွယ်ရှိ ပဲရီစ်မှာ ၀န်ကြီးချုပ်အဖြစ် ၂ ကြိမ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းတွင် နိုင်ငံ၏ ၉ယောက်မြောက်သမ္မတ ဖြစ်လာခဲ့သည်။ လေဖြတ်ပြီးနောက်ပိုင်း တလ်အဗီးရှိ ဆေးရုံတစ်ခုတွင် အသက်ရှုကိရိယာဖြင့် အသက်ဆက်နေရပြီးနောက် အခြေအနေမှာ အလွန်အမင်းဆိုးရွားလာကာ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

အစ္စရေး၏ ပေါ်လစီရေးရာများ ချမှတ်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူ ပဲရီစ်၏ ဆောင်ရွက်မှုများတွင် ထင်ရှားသည့် အောင်မြင်မှုမှာ ပါလက်စတိုင်း-အစ္စရေး ပြဿနာအတွက် အော်စလိုတွင် ချုပ်ဆိုခဲ့သည့် သဘောတူညီချက်ဖြစ်ပြီး ထိုစဉ်က အစ္စရေးဝန်ကြီးချုပ် ယစ်ဇက်ခ် ရာဘင်၊ ပါလက်စတိုင်းခေါင်းဆောင် ရာဇာအာရာဖတ်တို့နှင့်အတူ နိုဘယ် ငြိမ်းချမ်းရေးဆုကို ပူးတွဲ ရရှိခဲ့သည်။

၎င်း၏ သေဆုံးမှုကို သားဖြစ်သူ ချီမီက ယနေ့မနက်ပိုင်းတွင် ဆေးရုံ၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ အတည်ပြုခဲ့ခြင်းဖြစ်သည်။

အစ္စရေးမီဒီယာများ၏ ဖော်ပြချက်အရ ပဲရီစ်၏ ရုပ်အလောင်းကို ပါလီမန်တွင် ထားရှိမည်ဖြစ်ပြီး သောကြာနေ့တွင် ဈာပနာအခမ်းအနား ပြုလုပ်သွားမည်ဟု ဖော်ပြခဲ့ကြသည်။

Ref: The Guardian

Comments

Leave a Reply