အောက်တိုဘာ၊ ၉ ၊ ၂၀၁၂
M-Media
သတင်း- ထွန်းတောက်
ဧရာဝတီတိုင်း ဘိုကလေးမြို့ရှိ မွတ်စလင်မ်သုဿာန်မြေအား မတရားသိမ်းပိုက်ပြီး တရားမ၀င်အဆောက်အဦး လာရောက်ဆောက်လုပ်နေကြောင်း သတင်းရရှိပါသည်။
ထိုအကြောင်းအား ဆက်သွယ်စုံစမ်းရာ ဘိုကလေးမြို့ရှိ မွတ်စလင်မ်သုဿာန်မြေအနက် ထက်ဝက်ခန့်ကို ပုဂ္ဂလိကလုပ်ငန်းရှင်မှ တရားမဲ့လက်ရ ရယူပြီး သုဿာမန်မြေအတွင်းရှိ သင်္ချိုင်းများ၊ သင်္ချိုင်းဂူများကို ၎င်းတို့ကိုယ်ပိုင်သဘောဖြင့် တရားလက်လွတ် ဖျက်ဆီးခြင်း၊ မြှုပ်နှံထားသည့် ရုပ်အလောင်းများကို ၎င်းတို့ဆန္ဒအလျောက် တူးဖော်ပြီး အခြားနေရာများတွင် လက်လွတ်စပါယ် မြှုပ်နှံခြင်းများ ပြုလုပ်၍ ဖျက်ဆီးရှင်းလင်းပြီး ၎င်းသုဿာန်မြေပေါ်တွင် စက်မှုလုပ်ငန်းအဆောက်အဦးကြီးတစ်ခုကို အလျင်အမြန် အခိုင်အမာဆောက်လုပ်နေကြောင်း သိရပါသည်။
ယင်းကိစ္စနှင့်သက်၍ သုဿာန်ဂေါပက အဖွဲ့နှင့် မွတ်စလင်မ်ပြည်သူ (ဂ၀၀)ကျော်က လက်မှတ် ၀ိုင်းဝန်းရေးထိုးခဲ့ကြပြီး နိုင်ငံတော်သမ္မတထံသို့ တိုင်ကြားစာကို အောက်တိုဘာလ (၄)ရက်နေ့တွင် ပေးပို့တိုင်ကြားထားကြောင်း သိရပါသည်။
အကြောင်းအရာ ဖြစ်စဉ်သတင်းကို ဆက်လက်ဖော်ပြပေးပါမည်။
Leave a Reply
You must be logged in to post a comment.