အောက်တိုဘာ၊ ၁၁၊ ၂၀၁၂
M-Media
သတင်း- ထွန်းတောက်
ယခု ၂၀၁၂-ခုနှစ် အတွက် ဆော်ဒီအာရေးဗီးယာနိုင်ငံသို့ မြန်မာနိုင်ငံမှ (ဟာဂ်ျ)ဘုရားဖူးသွားရောက်သူ မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင် ငါးထောင်ကျော်ရှိကြောင်း သတင်းရရှိပါသည်။ သို့သော် ဆော်ဒီအာရေးဗီးယားနိုင်ငံမက္ကာမြို့သို့ မြန်မာနိုင်ငံမှ နှစ်စဉ် (ဟာဂ်ျ)ဘုရားဖူးသွားရောက်လိုသူ အစ္စလာမ်ဘာသာဝင် အများအပြား ရှိနေသော်လည်း ဗီဇာအခက်အခဲ၊ နိုင်ငံသားစီစစ်ရေးကဒ်ပြား အခက်အခဲများအပြင် လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ပိုင်ခွင့်နှင့် ပတ်သက်ပြိး ကန့်သက်မှုအချို့ရှိနေခြင်းများက ဘုရားဖူးသွားရောက်လိုသူ နိုင်ငံသား အစ္စလာမ်ဘာသာဝင် အများအပြားအား အဟန့်အတား ဖြစ်စေကြောင်း သတင်းရရှိပါသည်။
နုစ်စဉ်(ဟာဂ်ျ)ဘုရားဖူးရာသီတွင် ဘုရားဖူးသွားရောက်လိုသူများနှင့် အကျိုးဆောင်ကုမ္ပဏီများ၊ အစိုးရဌာနများ အကြားတွင် ပဋိပက္ခများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး (ဟာဂ်ျ )ဘုရားဖူးသွားလိုသူများဘက်ကသာ အမြဲနစ်နာ ခဲ့ရကြောင်းလည်း သိရပါသည်။
ယခုနုစ် (ဟာဂ်ျ )ဘုရားဖူးသွားရောက်သူ ရန်ကုန်မြို့နေ ဟာဂျီတစ်ဦးမှ M-Media သို့ပြောကြားရာတွင် “ကျွန်တော် မက္ကာမြို့ကို ဘုရာဖူးသွားဖို့ အတွက် ရည်စူးချက် ထားခဲ့တာကြာပါပြီ။ မနှစ်ကလည်း လေဆိပ်ရောက်ပြီးမှ ပြန်လာခဲ့ရတယ်လေ။ ကျွန်တော့်မိတ်ဆွေ တချို့ဆို မနှစ်ကလေယာဉ်ပေါ် တက်ပြီးမှ ပြန်ဆင်းခဲ့ ရတယ်ဗျာ။ တော်တော် နစ်နာခဲ့ကြရတယ်လေ။ ကျွန်တော်ပြောချင်တာက ဒီခေတ် ဒီအခြေနေမျိုးမှာ အခုလိုပုံစံမျိုးတွေ ဖြစ်စရာ မလိုတော့ဘူး လို့ထင်တယ်လေ။ လွတ်လပ်စွာ ကိုးကွယ် ခွင့်ပေးထားတယ်ဆိုရင် ဒါမျိုးတွေ မဖြစ်အောင် ဘုရားဖူး ခရီးသွားတွေ နှစ်စဉ်သွားလိုတဲ့ အရေအတွက် အတိုင်းသွားနိုင်အောင် နိုင်ငံတော် အစိုးရက လုပ်ပေးနိုင်စွမ်း သူ့မှာရှိတာပဲဗျ။ ဘာလို့ ခက်ခဲနေရတာလဲ။ ဒီ (Travel & Tours)ကနေ နိုင်ငံတော် အတွက်လည်း ၀င်ငွေတွေ ရနေတာပဲဗျာ။ ဘာကြောင့်ဒီလို ခက်ခဲနေရလဲဆိုတာ စဉ်းစားကြည့်ကြပါတော့ဗျာ” ဟု ရန်ကုန်လေဆိပ်တွင် ၎င်း၏အတွေအကြုံအား ပြောပြခဲ့ပါသည်။
ယမန်နှစ် ၂၀၁၁ ခုနှစ်တွင် ဟာ့ဂ်ျခရီးစဉ် သွားရောက်မည့် မြန်မာမွတ်စလင်မ် ဟဂ်ျခရီးသည် ၁၂၀၀ခန့်သည် တာဝန်မဲ့ ဟဂ်ျလုပ်ငန်း အေးဂျင့်များကြောင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သောင်တင်ခဲ့ကြပြီး ခရီးစဉ်ပျက်ပြယ်ကာ ငွေကြေး မြောက်မြားစွာ ဆုံးရှုံး နစ်နာခဲ့ရသည်။
Leave a Reply
You must be logged in to post a comment.