ဧပြီ ၅၊ ၂၀၁၇
M-Media
– ဥရောပမှ ခွဲထွက်ပြီးနောက်ပိုင်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ခိုင်မာစေရေးအတွက် ဆွေးနွေးရန် ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေမှာ ဆော်ဒီအာရေဗျနိုင်ငံသို့ ရောက်နေသည်ဟု သိရသည်။
ယမန်နေ့က မြို့တော်ရီယာ့ဒ်သို့ ရောက်ရှိလာခြင်းဖြစ်ပြီး စီးပွားရေးဆိုင်ရာ ကိစ္စမှာ ၎င်း၏ အဓိက ကိစ္စဖြစ်သည်။ ဆော်ဒီမှာ အာရပ်ကမ္ဘာတွင် ဗြိတိန်၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံတစ်ခု ဖြစ်သည်။
ထရီဇာမေမှာ ဆော်ဒီစတော့အိတ်ချိန်းအကြီးအကဲ ဆာရာ အလ်-ဆူလိုင်မာနီ၊ ပြည်ထဲရေးဝန်ကြီ အိမ်ရှေ့ မင်းသား မိုဟာမက် ဘင် နာယက်ဖ်တို့နှင့် တွေ့ဆုံခဲ့ပြီး ယနေ့တွင် ဘုရင်ဆလ်မန်နှင့်တွေ့ဆုံရန် စီစဉ်ထားသည်။
ဗြိတိန်စီးပွားရေးကို အားကောင်းစေရန်အတွက် ဆော်ဒီ၏ အလားအလာရှိသည့် ရင်းနှီးမြှုပ်နှံများကို မျှော်လင့်ထားသည်ဟု မေက ပြောကြားခဲ့ပြီး စွမ်းအင်ရင်းမြစ်ကြွယ်ဝသည့် ပင်လယ်ကွေ့နိုင်ငံများနှင့် ရေရှည်မိတ်ဖက်အဖြစ် လက်တွဲရန်လည်း သူမက ဆန္ဒရှိနေသည်။
၂၀၁၅ ခုနှစ်တွင် ဗြိတိန်မှာ ဆော်ဒီသို့ တင်ပို့သည့် ကုန်ပစ္စည်းများနှင့် ၀န်ဆောင်မှု တန်ဖိုးမှာ ကန်ဒေါ်လာ ၈ ဘီလီယံ ရှိခဲ့သည်။
ဆော်ဒီကလည်း စီးပွားရေးတွင် ရေနံအပေါ် အလွန်အမင်း မှီခိုနေရမှုကို လျှော့ချရန်အတွက် Vison 2030 စီမံကိန်းကို ရေးဆွဲထားပြီး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှုံများကို တိုးမြှင့်လုပ်ဆောင်ရန် ဆောင်ရွက်နေသည်။
Ref: Aljazeera