အာဖဂန်နစ္စတန်နိုင်ငံ ကူနာပြည်နယ်သို့ရောက်ရှိခဲ့သော သတင်းထောက်အဲလက်စ်ကရော့ဖို့စ်က အာဖဂန်ရှိကလေးများသည် တာလီဘန်တို့အတွက် သူလျှို အဖြစ်ပြုလုပ်ပေးနေကြောင်း ရေးသားဖော်ပြခဲ့သည်။ ထို့ပြင်ကလေးများသည် နေတိုးတပ်ဖွဲ့များကို တိုက်ခိုက်ရန် တာလီဘန် တို့ထံ သင်တန်းတက် လျှက်ရှိကြသည်။ ကလေး များ က စစ်မြေပြင်တွင် တာလီဘန်တို့အတွက် ကျည်ဆံများသယ်ပိုးပေးသည်။ တာလီဘန်တို့သည် ကလေးများကိုမိုင်းဗုံးထောင်နည်း များလည်း သင်တန်း ပေး ခဲ့သည်။ ကလေးများသည် သူတို့ဧ။်နားနှင့်မျက်စိများဖြစ်ကြသည်။ တိုက်ခိုက်ရေးတပ်ဖွဲ့များထံသို့ သတင်းပေးခြင်းနှင့် ရန်သူ့တပ်များလှုပ်ရှားမှုကို ကလေးများ က ထောက်လှမ်းပေးခဲ့သည်။ ကလေးများသည်ကင်းလှည့်သည့်တာဝန်လည်းလုပ်သည်။ ကလေးများဧ။်ထောက်လှမ်းမှုကြောင့် တာလီဘန်တို့သည် အမေရိကန်နှင့်မဟာမိတ်တပ်များအား အထိနာ အောင်တိုက်ခိုက်နိုင်ခဲ့သည်။ သတင်းထောက်က သူတို့သည် အာဖဂန်-ပါကစ္စတန်နယ်စပ်မှ ရွာကလေးတစ်ရွာသို့သွားရောက်ခဲ့သည်။ ထိုရွာကလေးသည် တာလီဘန် တို့ဧ။် အမာခံရွာကလေး တစ်ရွာဖြစ်သည်။ ရွာရှိကလေးအားလုံးသည် တာလီဘန်တို့တာဝန်ပေးထားသော လုပ်ငန်းများကိုလုပ်ကိုင်နေကြကြောင်း တွေ့ရသည်။ တာလီဘန် တို့သည် ကလေးများဧ။်သူရဲကောင်းများဖြစ်ကြသည်။ နေတိုးတပ်ဖွဲ့များသည် သူတို့ရွာအားဗုံးကြဲသူများဖြစ်၍ သူတို့အားထိခိုက်စေသောသူများဖြစ်သည်၊ တာလီဘန်တို့သာလျှင် အာဖဂန်မွတ်စလင်များအတွက် တိုက်ခိုက်နေသူများဖြစ်သည်ဟု ၁၅နှစ်အရွယ်အာဖဂန်လူငယ်လေးက ပြောကြားခဲ့သည်။ကျေးရွာရှိ လူ့အဖွဲ့အစည်း တစ်ရပ်လုံးသည် တာလီဘန်တို့အားထောက်ခံကြသည်။ ဘာသာရေးခေါင်းဆောင်မှအစ လယ်သမားအဆုံးတာလီဘန်တို့အား ထောက်ခံကြ သည်။ ၁၀နှစ် သား အရွယ် ရှိ ကလေး များက သူတို့သည်တာလီဘန်တို့အား နှစ်သက်ကြောင်း ပြောပြခဲ့သည်။ ကျည်ဆံများကို တာလီဘန်တို့ထံသယ်ပို့ပေးမည်၊ တာလီဘန်တို့ဧ။် သေနတ်များပစ်ခတ်နိုင်အောင် ကူညီမည်၊ တာလီဘန်တို့သည် သူတို့အတွက်တိုက်ခိုက်ပေးနေသူများဖြစ်သည် ဟုပြောကြားခဲ့သည်။ သတင်း ထောက် သည် ကူနာပြည်နယ်အတွင်းရှိ အာဖဂန်-ပါကစ္စတန်နယ်စပ်အနီးတစ်ဝိုက် ကျေးရွာများသို့ လှည့်လည်ခဲ့ရာတွင် အာဖဂန်ကျေးရွာများမှပြည်သူများက အမေရိကန် နှင့်နေတိုးတပ်ဖွဲ့ဝင်များသည် သူတို့ကိုဗုံးကြဲတိုက်ခိုက်နေသူများ၊ အာဖဂန်ပြည်သူများဒုက္ခရောက်အောင်လုပ်နေသူများအဖြစ် သဘောထားကြသည်။ ထိုကျေးရွာများ မှပြည်သူများက တာလီဘန်တို့သာလျှင် သူတို့အတွက်ကယ်တင်ရှင်၊ သူတို့အကျိုးအတွက်ဆောင်ရွက်နေသူများ အဖြစ်သဘောထားကြသည်။
Al Jazeerah
Leave a Reply
You must be logged in to post a comment.