မက္ကာမြိုတော်သို့ သွားရောက် ဟဂ်ျပြုလုပ်ခြင်းသည် တစ်ကိုယ်တည်းအထီးကျန်နေထိုင်ခြင်း ထက် ငြိမ်းအေးချမ်းမြေ့မှု နှင့် သည်းခံသဘောထားကြီးမှု ကို ပိုမိုထွန်းကားစေကြောင်း ဟားဗတ် ကင်နဒီ (HKS ) ၏ ပညာရှင်များသုတေသနပြုတွေရှိချက်အရ သိရသည်။ ၂၀၀၆ခုနှစ်တွင် ပါကစ္စတန် မှ စွန်နီမွတ်စလင် ဟဂ်ျခရီးသည် ၂၆၀၀ဦး၏အချက်အလက်များကို လေ့လာသုံး သပ်ခဲ့ရာမှ ဟဂ်ျတာဝန် ထမ်းဆောင်ခြင်းဖြင့် မွတ်စလင်တို့၏ ကျင့်စဉ်ဆောက်တည်မှု များဖြစ်သော နေ့စဉ် ဆွလာသ်ငါးကြိမ်ဝတ်ပြုမှု၊ ဆွယာမ်ဥပုပ်ဆောင်ထိန်းမှု ၊များကို တိုးတက်စေခဲ့ သကဲ့သို့ ဒေါင်ရီ ( သတို့သမီးဘက်ကပေးဆောင်ရသော ခန်းဝင်ကြေး )စသော ရိုးရာအစဉ်အလာများကျင့်သုံးမှု လျော့ကျခဲ့ ကြောင်း တွေ့ရှိခဲ့သည်။ ယင်း လေ့လာတွေရှိမှုတွင် ဟဂ်ျ တာဝန်ထမ်း ဆောင်မှုကြောင့် အမျိုးမျိုးသော လူမျိုးစု၊ ဂိုဏ်ဂနများအကြား သဟဇာတဖြစ်မှု ကို မြင့်တင့်ပေးသည့်နည်းတူ အမျိုးသမီးများ၏ ပညာရေး၊ အလုပ် ကိုင် အခွင့်အရေးတို့ကို ပိုမိုလက်ခံလာ သည်ဟု ဆိုသည်။ ဟဂ်ျ ခရီးစဉ်နှစ်ကြိမ်ပြုလုပ်ထားသူ Na’eel A. Cajee ကအဆိုပါတွေ့ရှိချက်ကိုထောက်ခံလိုက်ပြီး`ဒီခရီးစဉ်က ကိုယ်နဲ့ ကွဲပြားမှုတွေ ရှိနေ တဲ့ အနီးဆုံးကသူနဲ့ တောင် ပေါင်းစည်းသွားစေပါတယ်´ ဟုဆိုပါသည်။ ကမ္ဘာတစ်ဝှမ်းက ဟာဂျီ အသီးသီး၏ ကွဲပြားသော နောက်ခံအခြေနေများက `စည်းလုံးညီညွတ်ရေး၊ သဟဇာတ ဖြစ်ရေး အတွက် အဟန့်အတားတစ်ခု မဟုတ် ပါ ကြောင်း သူက ဆိုပါသည်။…`ကျွန်တော်ကတော့ အမေရိကန်မွတ်စလင် ၊အင်ဒိုနီးရှား မွတ်စလင် ၊ တောင်အာဖရိက မွတ်စလင် သူတို့ တွေရဲ့ ရွက်ဖျင်တဲ တွေဆီသွားခဲ့ပါတယ် သူတို့တွေက ကျွန်တော်နဲ့ မသိကျွမ်းပေမဲ့ ဖိတ်ခေါ်ကျွေးမွေးကြပါတယ် ´ဟု သူအတွေ့ အကြုံ ကို ပြောပြပါသည်။ ` ဟဂ်ျကာလမှာ လူမှု အတားအဆီးက အများ ထင်သလောက် မရှိပါဘူး ဘာကြောင့်လဲဆို့တော့ လူတွေရဲ့လေ့လာစူးစမ်းမှုကနေ ထင်ဟပ်လာလို့ပါ ´ …ဟု မွတ်စလင် များအပေါ် ဟဂ်ျ၏ အကျိုးသက်ရောက်မှုကို လေ့လာခဲ့သော အဖွဲ့ခေါင်းဆောင် ကပြောပါသည်။ onislam
Leave a Reply
You must be logged in to post a comment.