သြဂုတ် ၁၆၊ ၂၀၁၇
M-Media

– မူးယစ်နှိမ်နှင်းရေးအဖြစ် ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ယမန်နေ့တွင် မြို့တော်မနီလာအနီး ပြုလုပ်ခဲ့သော စစ်ဆင်ရေးများအတွင်း အနည်းဆုံး လူ ၃၂ ဦး သေဆုံးခဲ့ပြီး ဒူတာတေး၏ မူးယစ်တိုက်ဖျက်ရေးစီမံချက်တွင် သွေးထွက်သံယိုမှုအများဆုံး ညလည်းဖြစ်သည်။
ရဲတပ်ဖွဲ့တာဝန်ရှိသူ ရိုမီယို အမ် ကာရာမတ်က ဘူလာချန်ပြည်နယ်၌ ယမန်နေ့တွင် စစ်ဆင်ရေး ၆၇ ခု ပြုလုပ်ခဲ့ပြီး ဒါဇင်နဲ့ချီ သေဆုံးခဲ့ကာ ၁၀၉ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။ ရဲတပ်ဖွဲ့မှာ စိတ်ကြွဆေး ၂၀၀ ဂရမ်ကျော်၊ ဆေးခြောက် ၇၈၆ ဂရမ်၊ လက်နက်မျိုးစုံ၊ လက်ပစ်ဗုံးများ၊ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့သည်။
ပြည်သူ ၃.၂၉ သန်း နေထိုင်နေသည့် ဘူလာချန်ပြည်နယ်တွင် ပြီးခဲ့သည့်လများအတွင်း မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ဖမ်းဆီးခံရသူ၊ ရဲတပ်ဖွဲ့၏ သတ်ဖြတ်ခြင်းခံရသူ အရေအတွက်မှာ အလွန်များများနေသည်ဟု ရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရသည်။
ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၂၆ ရက်နေ့ ဒူတာတေး အာဏာရပြီးနောက်ပိုင်း ဖိလစ်ပိုင်အစိုးရ၏ မူးယစ်နှိမ်နှင်းမှု စီမံချက်အတွင်း လူပေါင်း ၃၀၀၀ ကျော် သေဆုံးခဲ့ပြီး၊ မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည့် ရာဇ၀တ်မှုများကြောင့် လူပေါင်း ၂၀၀၀ ကျော် သေဆုံးခဲ့သည်။ လူ့အခွင့်အရေးအဖွဲ့များကမူ သေဆုံးမှု အရေအတွက်မှာ ထိုထက်ပို၍ များပြားမည်ဟု ဆိုသည်။
Ref: Aljazeera