News @ M-Media

အစွန်းရောက်များကို ဝေဖန်သည့် အိန္ဒိယဂျာနစ်လစ်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

စက်တင်ဘာ ၆၊ ၂၀၁၇
M-Media

အသတ်ခံရသည့် ဂျာနယ်လစ် ဂါင်ရီ လန်ကက်ရှ်

– ဟိန္ဒိုအမျိုးသားရေးဝါဒီများကို လူသိရှင်ကြားဝေဖန်သည့် ထင်ရှားသော ဂျာနယ်လစ်အမျိုးသမီးမှာ သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်ဟု အိန္ဒိယရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

အသက် ၅၅ နှစ်အရွယ်ရှိ ဂေါင်ရီ လန်ကက်ရှ်ဆိုသူဖြစ်ပြီး နိုင်ငံတောင်ပိုင်း ကာရ်နာတာကာပြည်နယ် ဘန်ဂလောရ်မြို့ရှိ သူမ၏နေအိမ် အ၀င်အ၀ တံခါးပေါက်နားတွင် သွေးအိုင်ထဲ၌ လဲကျနေမှုကို တွေ့ရှိခဲ့ရသည်။

မော်တော်ဆိုင်ကယ်ဖြင့် လာရောက်ခဲ့သည့် သေနတ်သမားများက သူ၏ ဦးခေါင်းနှင့် ရင်ဘတ်တို့ကို ပစ်သွားခဲ့ခြင်းဖြစ်ပြီး သတ်ဖြတ်ရသည့် နောက်ကွယ်မှ အကြောင်းအရင်းကို သိရှိရခြင်း မရှိသေးပေ။

ယခုနှစ်ပိုင်းများအတွင်း အသတ်ခံရသည့် ဂျာနယ်လစ်များတွင် သူမမှာ အထင်ရှားဆုံး ဂျာနယ်လစ်တစ်ဦးဖြစ်ပြီး နိုင်ငံတော် ဈာပနအခမ်းအနားဖြင့် သူမအား သဂြိုဟ်ခဲ့သည်။ ဈာပနသို့ ပြည်နယ်ဝန်ကြီးချုပ် အပါအ၀င် ဂုဏ်သရေရှိ လူကြီးများ တက်ရောက်ခဲ့ကြသည်။

သူမအသတ်ခံရမှုအတွက် မြို့တော်ဒေလီအပါအ၀င် အိန္ဒိယရှိ မြို့အများအပြားတွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

တက်ကြွလှုပ်ရှားသူများကမူ အိန္ဒိယရှိ ဂျာနယ်လစ်များမှာ ဟိန္ဒူအစွန်းရောက်များ၏ ပစ်မှတ်ထားခြင်းကို တိုးမြှင့်ခံစားလာရသည်ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်အနည်ငယ်အတွင်း ဟိန္ဒူအမျိုးသားရေးသမားများကို ဝေဖန်သည့် ဂျာနယ်လစ်များမှာ ဆိုရှယ်မီဒီယာတွင် ခြိမ်းခြောက်ပြောဆိုခံရမှုများ ရှိနေပြီး၊ အမျိုးသမီး သတင်းထောက်များမှာ အဓမ္မပြုကျင့်မှု၊ ထိုးကြိတ်မှု ပြုလုပ်မည်ဆိုသည့် ခြိမ်းခြောက်မှုများပင် ခံခဲ့ရသည်။

အိန္ဒိယ အာဏာရပါတီ BJP မှ ၀န်ကြီးများကလည်း ဂျာနယ်လစ်များကို လူသိရှင်ကြား စော်ကားပြောဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

Ref : BBC