စက်တင်ဘာ ၇၊ ၂၀၁၇
M-Media

– အသစ်တည်နေသည့် မြို့နှင့် ဆက်သွယ်မည့် ကန်ဒေါ်လာ ၇၃၉ သန်းတန် ရထားလမ်းအတွက် ငွေကြေး ထောက်ပံ့ရေး နားလည်မှုစာချွန်လွှာတစ်ခုကို အီဂျစ်က တရုတ်နှင့် လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။
အီဂျစ်မှာ မြို့တော်ကိုင်ရို၏ မြောက်ဖက်တွင် စက်မှုဇုန်ပါဝင်မည့် မြို့အသစ်တစ်ခု တည်ဆောက်နေပြီး ကန်ဒေါ်လာ ဘီလီယံ ၃၀၀ ကုန်ကျမည့် အဆိုပါမြို့ ဆောက်လုပ်ရေး အစီအစဉ်ကို အီဂျစ်သမ္မတ အဘ်ဒဲလ် ဖာတာ အလ်-စီစီက ၂၀၁၅ ခုနှစ်တွင် ကြေငြာခဲ့သည်။
တရုတ်က ငွေကြေးထောက်ပံ့ပေးမည့် ရထားလမ်းမှာ အဆိုပါမြို့နှင့် ဆက်သွယ်မည့် ရထားလမ်းဖြစ်သည်။
ထို့ပြင် ဂြိုဟ်တုစီမံကိန်းအတွက် ပြန်ဆပ်ရန် မလိုသည့် ကန်ဒေါ်လာ ၄၅ သန်း ရရှိရန်လည်း တရုတ်နှင့် သဘောတူညီမှု ရရှိခဲ့သည်ဟု ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဆာဟာရ် နဆာရ်က ပြောကြားခဲ့သည်။
အီဂျစ်သမ္မတ အလ်-စီစီမှာ ပြီးခဲ့သည့်တစ်ပတ်က တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းတွင် ကျင်းပခဲ့သော BRISC အစည်းအဝေးကို တက်ရောက်ခဲ့သည်။
တရုတ်နိုင်ငံမှာ BRISC အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယနှင့် တောင်အာဖရိကနိုင်ငံများနှင့် တွေ့ဆုံပြီး အဖွဲ့အတွင်း လွတ်လပ်စွာ ကုန်စည်ကူးသန်းရေးနှင့် ကမ္ဘာကြီးတွင် ပွင့်လင်းသည့် စီးပွားရေးကို ဖော်ဆောင်ရေး ဆွေးနွေးလေ့ရှိသည်။
Ref: Alarabiya