စက်တင်ဘာ ၈၊ ၂၀၁၇
M-Media
– မြန်မာနိုင်ငံရှိ ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှု မြင့်တက်လာသည့်အတွက် အလွန်အမင်း စိုးရိမ်မိသည်ဟု စင်ကာပူဗုဒ္ဓဘာသာအသင်းက ပြောကြားလိုက်သည်။
“ဘယ်လိုခေါင်းစဉ်မျိုးနဲ့ဖြစ်ဖြစ် အကြမ်းဖက်လုပ်ရပ်အားလုံးကို ရပ်တန့်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ ပါဝင်ပတ်သက်သူအားလုံးကို တိုက်တွန်းချင်ပါတယ်” ဟု အဖွဲ့ဥက္ကဌ ဆရာတော် Seck Kwang Phing က ယနေ့တွင် ထုတ်ပြန်သော ကြေငြာချက်၌ ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း ထိခိုက်ခံစားရသူ အားလုံးအတွက် အလိုအပ်ဆုံး ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် စင်ကာပူ အစ္စလာမ်သာသနာရေးကောင်စီ MUIS က အလှူငွေ ကောက်ခံနေမှုကို မိမိတို့ အသင်းနှင့် အခြားသော ဗုဒ္ဓဘာသာအသင်းအားလုံးက အပြည့်အ၀ ထောက်ခံသည်ဟု ဆိုသည်။
“ဘယ်လူမျိုး၊ ဘယ်ဘာသာဖြစ်ဖြစ် လူသားချင်း စာနာထောက်ထားမှုအကူအညီပေးအပ်ရမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ဘုန်းတော်ကြီးက ထည့်သွင်း ပြောဆိုခဲ့သည်။
သြဂုတ်လနှောင်ပိုင်းတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရဲကင်း ၃၀ ခန့်ကို ရိုဟင်ဂျာလက်နက်ကိုင် ARSA အဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း တစ်ကျော့ပြန်ဖြစ်ပွားလာသည့် မတည်ငြိမ်မှုများကြောင့် ပြည်သူများမှာ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ရခိုင်တိုင်းရင်းသားများကို အစိုးရက ကယ်ဆယ် စောင့်ရှောက်ထားသည်။
ရိုဟင်ဂျာများမှာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပြီး ပြီးခဲ့သည့် ၂ ပတ်အတွင်း လူပေါင်း ၁၆၀၀၀၀ ကျော် ရှိနေသည်ဟု ကုလက ဆိုသည်။
Ref: CNA