အောက်တိုဘာ ၇၊ ၂၀၁၇
M-Media

– ဆော်ဒီဘုရင် ဆလ်မန်၏ မော်စကိုခရီးစဉ်၌ ရုရှားထံမှ S-400 ဒုံးခွင်းစနစ် ၀ယ်ယူရန် ပဏာမသဘောတူညီမှုများ ရရှိခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။
နန်းစံသည့်ကာလအတွင်း ရုရှားနိုင်ငံသို့ ပထမဆုံးလာရောက်သည့် ဆော်ဒီဘုရင် ဆလ်မန်ကို ကရင်မလင်နန်းတော်တွင် သမ္မတပူတင်က ဧည့်ခံစကားပြောခဲ့သည့် ကြာသာပတေးနေ့တွင် ယခုသဘောတူညီချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
S-400 ဒုံးခွင်းစနစ်နှင့်အတူ Kornet တင့်ဖျက် ပဲ့ထိန်းဒုံးကျည်မျာ၊ ဒုံးပစ်လောင်ချာများ ၀ယ်ယူရန်လည်း ဆော်ဒီက သဘောတူညီချက် ရယူခဲ့သည်။
အဆိုပါ သဘောတူညီချက်များက ဆော်ဒီစစ်တပ်၏ တိုးတက်မှုအတွက် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ဖွယ် ရှိနေသည်။
ဘုရင်ဆလ်မန်ဦးဆောင်သည့် ဆော်ဒီကိုယ်စားလှယ်အဖွဲ့မှာ ဒေါ်လာဘီလီယံနှင့်ချီသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်များကိုလည်း ရုရှားနှင့် ချုပ်ဆိုခဲ့သည်။ ဆော်ဒီ၏ အဆိုပါ ရင်းနှီးမြှုပ်နှံမှုများက ရေနံဈေးကျမှု၊ အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများကြောင့် ကျဆင်းနေသည့် ရုရှားစီးပွားရအတွက် အထောက်အကူ ဖြစ်စေမည်ဖြစ်သည်။
Ref : Aljazeera