News @ M-Media

ဆော်ဒီအိမ်ရှေ့မင်းသား၏ ပထမဆုံး နိုင်ငံခြားခရီးစဉ် စတင်

မတ် ၄၊ ၂၀၁၈
M-Media

– နိုင်ငံအတွင်း လူမှုရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဦးဆောင်နေသည့် ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်မှာ ၎င်း၏ ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် ယနေ့တွင် အီဂျစ်နိုင်ငံသို့ ရောက်ရှိလာခဲ့သည်ဟု သိရသည်။

အီဂျစ်မှာ ဆော်ဒီ၏ အဓိကမဟာမိတ်ဖြစ်ပြီး မိုဟာမက် ဘင် ဆလ်မန် လာရောက်ခြင်းမှာ လက်ရှိသမ္မတ စစ်တပ်အကြီးအကဲဟောင်း အလ်စီစီ ရာထူး၌ ဆက်လက်ရှိနေရေးကို ဆော်ဒီက ထောက်ခံမှုတစ်ခုဖြစ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

ယခုလနှောင်းပိုင်းတွင် အီဂျစ်၌ သမ္မတရွေးကောက်ပွဲ ပြုလုပ်ရန် ရှိနေပြီး အာဏာသိမ်း စစ်ခေါင်းဆောင်ဟောင်း အလ်စီစီကပင် အနိုင်ရရှိမည်ဟု မျှော်လင့်ရသည်။

ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်မှာ ဗုဒ္ဓဟူးနေ့တွင် ဗြိတိန်သို့သွားရောက်ကာ ၀န်ကြီးချုပ် ထရီဇာမေနှင့် တွေ့ဆုံမည်ဖြစ်ပြီး မတ်လ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ အမေရိကန်သို့ သွားရောက်ရန် ရှိနေသည်။

မင်းသားမှာ လာမည့်သီတင်းပတ်များအတွင်း ပြင်သစ်သို့ သွားရောက်ရန်လည်း စီစဉ်ထားသည်။

ယခုခရီးစဉ်များတွင် ဆော်ဒီသို့ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာရေး၊ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးမည်ဖြစ်ပြီး၊ ထရမ့်အစိုးရနှင့်မူ နျူပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးရန် ရှိနေသည်။

Ref: Alarabiya