မတ် ၂၄၊ ၂၀၁၈
M-Media
– အစ္စလာမ်သာသနာဟာ ယုတ္တိတန်ပြီး အလယ်အလတ်ကျတဲ့ သာသနာအဖြစ် မိမိအနေနဲ့ယုံကြည်ပြီး လူတွေက ဒီသာသနာကို အပိုင်စီးထားကြတာဖြစ်တယ်လို့ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ပြောကြားလိုက်ပါတယ်။
အမေရိကန်ကို အလတ်အပတ်ရောက်ရှိနေတဲ့ ဘင် ဆလ်မန်ဟာ ၀ါရှန်တန်ပို့စ်သတင်းစာနဲ့ အင်တာဗျူးမှာ ဒီလိုပြောကြားလိုက်တာဖြစ်ပြီး နိုင်ငံအတွင်းမှာ ပြုပြင်ပြောင်းလဲရေးတွေ ပိုမိုဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
“အစ္စလာမ်ဟာ ယုတ္တိယုတ္တာရှိတယ်၊ ရိုးရှင်းပါတယ်။ လူတွေက ဒီသာသနာကို အပိုင်စီးဖို့ ကြိုးစားနေကြတာပါ” လို့ ပညာရှင်တွေနဲ့ ဆွေးနွေးစဉ်မှာ မင်းသားက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဘာသာရေးဆိုင်ရာကိစ္စတွေမှာ မဟာမိတ်တွေ ပိုရှိလာတာကြောင့် ဒီကိစ္စကို ဖြေရှင်းရေးမှာ ဘင် ဆလ်မန်က အကောင်းမြင်နေပါတယ်။
ကားမောင်းခွင့်ပေးတာအပါအ၀င် ဆော်ဒီအမျိုးသမီးတွေနဲ့ပတ်သက်တဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေ အကြောင်းကိုလည်း မင်းသားက ထည့်သွင်းပြောဆိုခဲ့ပြီး ဒီလို ကန့်သတ်မှုတွေဟာ အစ္စလာမ်သာသာနာနဲ့ ဘာမှ မသက်ဆိုင်ဘူးဆိုတာ ရှေးရိုးစွဲတွေ လက်ခံလာအောင် အားထုတ်ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။
အစွန်းရောက်ဝါဒကို တိုက်ဖျက်ဖို့အတွက် ဆော်ဒီက လုပ်ဆောင်နေတာတွေကို ကမ္ဘာကြီးသိအောင် ကြေငြာသွားမယ်လို့လည်း မင်းသားက ပြောပါတယ်။
အင်တာဗျူးမှာ အရှေ့အလယ်ပိုင်း စီးပွားရေးတိုးတက်မှု မျှော်လင့်ချက်တွေနဲ့ပတ်သက်လို့လည်း မင်းသားက ထည့်သွင်းပြောဆိုခဲ့ပြီး ပြဿနာတွေသာ ဖြေရှင်းပြီးသွားရင် အရှေ့အလယ်ပိုင်းဟာ နောက်ထပ် ဥရောပတစ်ခု ဖြစ်လာမယ်လို့ ဆိုပါတယ်။
Ref: Alarabiya