News @ M-Media

လေကြာင်းရန်ကာကွယ်ရေးစနစ် တူရကီသို့ မြန်မြန်ပို့မည်ဟု ရုရှားပြော

ဧပြီ ၄၊ ၂၀၁၈
M-Media

သတင်းစာရှင်းလင်းပွဲတွင်တွေ့ရသည့် သမ္မတနှစ်ဦး

– တူရကီက၀ယ်ယူထားတဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ် S-400 ဒုံးကျည်တွေကို သတ်မှတ်ထားတဲ့အချိန်ထက် ပိုမြန်မြန် ပို့ဆောင်ပေးသွားမယ်လို့ ရုရှားသမ္မတ ဗလာဒီမီရ် ပူတင်က ပြောကြားလိုက်ပါတယ်။

တူရကီမြို့တော် အန်ကာရာမှာ တူရကီသမ္မတ အာဒိုဂန်နဲ့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပူတင်က ဒီလို ပြောလိုက်တာပါ။

“ရုရှားရဲ့ တော်တော်လေး ထိရောက်တဲ့ ဒီစနစ်ကို ပို့ဆာင်မယ့် အချိန်သတ်မှတ်ချက်ကို လျှော့ချဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်”

နောက်ပြီး ဒီ S-400 လေကြောင်းရန် ကာကွယ်ရေးစနစ် တည်ဆောက်မှုကို မိတ်ဆွေဖြစ်တဲ့ တူရကီရဲ့ တောင်းဆိုမှုနဲ့ အရှိန်မြှင့်ပြုလုပ်နေတယ်လို့လည်း ပူတင်က ပြောကြားခဲ့ပါတယ်။ တူရကီက ရုရှားဆီကနေ ဒီစနစ် ၀ယ်ယူမှုဟာ ကန်ဒေါ်လာ ၂ ဘီလီယံဖိုးလောက် ရှိပါတယ်။

နေတိုးအဖွဲ့ဝင်နိုင်ငံတစ်ခုက ရုရှားထံကနေ ဒီလို အဓိကလက်နက်တွေ ၀ယ်ယူမှုဟာ တူရကီရဲ့ မဟာဗျူဟာ သဘောထား၊ နေတိုးအဖွဲ့အတွင်း သတ်မှတ်ထားတဲ့ စနစ်တွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိတွေနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေလည်း ရှိလာပါတယ်။

ဒါပေမယ့် အာဒိုဂန်က ဒီဝယ်ယူမှုအတွက် အနောက်နိုင်ငံတွေရဲ့ ဝေဖန်မှုကို ဂရုစိုက်မှာမဟုတ်ဘူးလို့ တုန့်ပြန်ထားပါတယ်။

Ref : Aljazeera