News @ M-Media

အိန္ဒိယတွင် မိုးကြိုးနှင့် လေပြင်းကြောင့် လူ ၅၀ သေဆုံး

မေ ၃၀၊ ၂၀၁၈
M-Media

– အိန္ဒိယနိုင်ငံတစ်ဝှမ်း မိုးကြိုးပစ်တာနဲ့ လေပြင်းတိုက်ခတ်မှုတွေကြောင့် အနည်းဆုံး လူ ၅၀ လောက် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက မနေ့မှာ ပြောကြားခဲ့ပါတယ်။

ဘီဟာရ်ပြည်နယ်က ဒီဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရပြီး မိုးကြိုးပစ်မှုကြောင့် သေဆုံးသူဟာ ၂၀ လောက် ရှိခဲ့ပါတယ်။ အူတာပရာဒက်ရှ်ပြည်နယ်မှာ သေဆုံးသူ ၁၅ ဦး၊ ဂျာ့ခ်ဟန်းပြည်နယ်မှာ သေဆုံးသူ အနည်းဆုံး ၁၂ ဦး ရှိခဲ့ပါတယ်။ သေဆုံးသူအများစုဟာ အိပ်ပျော်နေတဲ့အချိန်မှာ ဒီလိုခြေအနေမျိုးကို ကြုံတွေ့ခဲ့ရတာပါ။

လေပြင်းတိုက်ခတ်မှုတွေကြောင့် အိုးအိမ်တွေပျက်ဆီးတာ၊ အဆောက်အဦးပြိုကျတာတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

မိုးရာသီ မိုးကြိုးပစ်မှုဟာ အိန္ဒိယမှာ ပုံမှန်လိုလို ဖြစ်ပွားလေ့ရှိပြီး မိုးကြိုးပစ်ခံမှုကြောင့် သေဆုံးသူဟာ ၂၀၀၅ ခုနှစ်ကစလို့ တစ်နှစ်ကို အနည်းဆုံး ၂၀၀၀ လောက် ရှိနေပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အနည်းငယ်ကလည်း နိုင်ငံမြောက်ပိုင်းမှာ သဲမုန်တိုင်းတိုက်ခတ်မှုကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။

Ref: BBC