News @ M-Media

ဒုက္ခသည်ကလေးများအတွက် ပညာရေးရန်ပုံငွေတစ်ခု ယူအေအီးသူဌေး ထူထောင်

ဇွန် ၂၂၊ ၂၀၁၈
M-Media

– အရှေ့အလယ်ပိုင်းက ဒုက္ခသည်ကလေးငယ်တွေရဲ့ ပညာရေးကို ကူညီပံ့ပိုးပေးနိုင်ဖို့အတွက် ယူအေအီးအခြေစိုက် စီးပွားရေးလုပ်ငန်းရှင်နဲ့ ပရဟိတသမား အဘ်ဒူလ် အဇစ် အလ် ဂူရာအီရ်ဟာ ကန်ဒေါ်လာ ၂၇ သန်းနဲ့ ရန်ပုံငွေတစ်ခု ထူထောင်လိုက်ပါတယ်။

ရန်ပုံငွေထူထောင်ကြောင်းကို ဇွန်လ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ကြေငြာခဲ့တာဖြစ်ပြီး ၃ နှစ်အတွင်း ယူအေအီးမှာရှိနေတဲ့ ဒုက္ခသည်ကလေးငယ်ပေါင်း အနည်းဆုံး ၅၀၀၀ လောက် အကျိုးခံစားရမှာ ဖြစ်ပါတယ်။ အခြားအာရပ်နိုင်ငံတွေက ဒုက္ခသည်တွေကို နေထိုင်ခွင့်ဗီဇာ တစ်နှစ် ပေးသွားမယ်လို့ ယူအေအီးအစိုးရက ကြေငြာပြီးနောက်ပိုင်း အလ် ဂူရာအီရ်ရဲ့ ဒီအစီအစဉ် ပေါ်ထွက်လာတာလည်း ဖြစ်ပါတယ်။

အလ် ဂူရာအီရ်ရဲ့ ကူညီမှုကို ဂျော်ဒန်နဲ့ လက်ဘနွန်တို့က ဒုက္ခသည်ကလေးငယ်တွေလည်း ရရှိခံစားရမှာ ဖြစ်ပါတယ်။ ဒုက္ခသည်တွေကို ကူညီတဲ့အဖွဲ့တွေက ဒီထောက်ပံ့ကြေး ရရှိဖို့အတွက် အဆိုပြုလွှာ တင်သွင်းရမှာဖြစ်ပြီး အဲဒီအထဲကမှ ရွေးချယ်ချီးမြှင့်မှာ ဖြစ်ပါတယ်။ ပထမအသုတ် ကူညီထောက်ပံ့မှုကို ဂျော်ဒန်၊ လက်ဘနွန်နဲ့ ယူအေအီးတို့က ကျောင်းဖွင့်ရာသီမတိုင်မီ ပြုလုပ်သွားမှာပါ။

၇ နှစ်တာ ကြာမြင့်နေပြီဖြစ်တဲ့ ဆီးရီးယားနိုင်ငံက စစ်ပွဲကြောင့် လူပေါင်း ၅.၆ သန်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး၊ ကျောင်းမနေရတဲ့ ကလေးငယ်တွေက ၂ သန်းလောက်ရှိတယ်လို့ ယူနီဆက်ဖ်က ပြောကြားထားပါတယ်။

Ref: Forbes