News @ M-Media

နောက်ထပ် ၃ နှစ်အတွင်း ပြောင်းရွှေ့အချေချသူ ၁ သန်းကျော်ကို ကနေဒါ လက်ခံမည်

ဇန်န၀ါရီ ၁၂၊ ၂၀၁၉
M-Media

– ၂၀၁၉ ခုနှစ်မှာ ကမ္ဘာတစ်ဝှမ်းက ပြောင်းရွှေ့အခြေချသူ ၃ သိန်းခွဲလောက်ကို လက်ခံမှာဖြစ်တယ်လို့ ကနေဒါနိုင်ငံက ကြေငြာလိုက်ပြီး ၃ နှစ်အတွင်း ၁ သန်းကျော် လက်ခံဖို့လည်း စီစဉ်နေပါတယ်။

အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေက ပြောင်းရွှေ့အခြေချသူတွေ လက်ခံရေးနဲ့ပတ်သက်လို့ သဘောထားတင်းမာနေတဲ့အချိန်မှာ ကနေဒါက ဒီလိုထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ကနေဒါ လူဝင်မှုကြီးကြပ်ရေး၊ ဒုက္ခသည်နှင့် နိုင်ငံသားရေးရာဝန်ကြီးဌာန ၀န်ကြီး အဟ်မဒ် ဟူဆန်က ပြောင်းရွှေ့အခြေချသူတွေကို ဒီလိုလက်ခံမှုဟာ နိုင်ငံရဲ့ သက်ကြီးလူဦးရေးများပြားမှု၊ မွေးဖွားနှုန်းကျဆင်းမှုတွေကို ကျော်လွှားနိုင်မှာဖြစ်သလို လုပ်သားအင်အားကိုလည်း မြင့်တက်လာစေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

“ဒီကနေ့ ကျွန်တော်တို့ ရရှိခံစားနေတဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခု ဖြစ်လာတာမှာ သမိုင်းတစ်လျှောက် ကျွန်တော်တို့ လက်ခံခဲ့တဲ့ သွေးသစ်တွေရဲ့ ကျေးဇူးတွေလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပါတယ်”

ဝန်ကြီး ဟူဆန်ကိုယ်တိုင်းကလည်း ကနေဒါမှာ ပြောင်းရွှေ့အခြေချခဲ့တဲ့ ဆိုမာလီနွယ်ဖွား ဖြစ်ပါတယ်။

ကနေဒါဟာ အခုနှစ်မှာ ပြောင်းအရွှေ့အခြေချသူ ၃ သိန်းခွဲ၊ ၂၀၂၀ ခုနှစ်မှာ ၃ သိန်း ၆ သောင်း၊ ၂၀၂၁ ခုနှစ်မှာ ၃ သိန်း ၇ သောင်း လက်ခံဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်း ဒုက္ခသည်အရေအတွက်ဟာ စံချိန်တင် မြင့်တက်လာခဲ့ပြီး ၆၈.၅ သန်းအထိ ရှိလာတယ်လို့ UNHCR က ထုတ်ပြန်ထားပါတယ်။

Ref: CNN