ဇန်န၀ါရီ ၁၂၊ ၂၀၁၈
M-Media
– မနေ့က ဂါဇာကမ်းမြှောင်မှာ ပါလက်စတိုင်းပြည်သူတွေရဲ့ ဆန္ဒပြမှုအတွင်း အစ္စရေးလက်ချက်ကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ ၂၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
သေဆုံးသူဟာ အသက် ၄၃ နှစ်အရွယ် အေမဲလ် အလ်-တာရမ်ဆီဆိုသူဖြစ်ပြီး ဦးခေါင်းကို သေနတ်နဲ့ ပစ်ခံလိုက်ရတာ ဖြစ်တယ်လို့ ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
၁၉၄၈ ခုနှစ် ပါလက်စတိုင်းပိုင်နက်တွေကို အစ္စရေးက ကျူးကျော်သိမ်းပိုက်မှုအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူတွေ နေရပ်ပြန်နိုင်ရေးအတွက် မတ်လကစလို့ ဂါဇာမှာ အပတ်စဉ်သောကြောနေ့တိုင်း ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။
အစ္စရေးကလည်း ဒီဆန္ဒပြမှုကို အင်အားသုံးနှိမ်နှင်းခဲ့ပြီး လက်ရှိအချိန်အထိ အနည်းဆုံး ပါလက်စတိုင်း ၂၄၁ ဦးသေဆုံးခဲ့ပါတယ်။ မနေ့က ဆန္ဒပြမှုအတွင်း မီဒီယာသမား ၂ ဦးနဲ့ ဆေးဘက်ဆိုင်ရာ ၀န်ထမ်းတစ်ဦး အပါအ၀င် အနည်းဆုံး ၂၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဂါဇာက ပါလက်စတိုင်းပြည်သူတွေဟာ ဆယ်စုနှစ်တစ်ခု ရှိလာပြီဖြစ်တဲ့ အီဂျစ်နဲ့ အစ္စရေးတို့ရဲ့ ပိတ်ဆို့မှု ဖယ်ရှားရေးအတွက်လည်း တောင်းဆိုခဲ့ကြပါတယ်။
Ref: Aljazeera