နိုဝင်ဘာ၊ ၁၈ ၊ ၂၀၁၂
M-Media
သတင်း/ဓါတ်ပုံ – အမ်တူးအေ
ဟိန္ဒူဘာသာဝင်များ၏ ဒေပါဝါလီနေ့ အထိမ်းအမှတ်အဖြစ် ဘာသာမခြားငြိမ်းချမ်းရေးတရားနှင့် မေတ္တာဝေမျှပွဲအခမ်းအနားကို Metta Campaign နှင့် ဟိန္ဒူဘာသာဝင်ညီအစ်ကို မောင်နှမများမှ ဦးဆောင်၍ မနေ့က မနက် ၉-နာရီမှ ၁၂-နာရီအထိ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အနော်ရထာလမ်းနဲ့ လမ်း၅၀ထိပ်မှာရှိတဲ့ ဟိန္ဒူဘုရားရှိခိုးကျောင်းမှာ ပြုလုပ်တဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးနဲ့ မေတ္တာမျှဝေပွဲကို ဘာသာကြီး ၄ခုက ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာတို့မှ ဘာသာရေးခေါင်းဆောင်များနှင့် ဘာသာပေါင်းစုံမှ ငြိမ်းချမ်းရေးကို မြတ်နိုးသူ လူ ၂၀၀ ကျော် တက်ရောက်ခဲ့ကြောင်းသိရပါသည်။
အခမ်းအနားတွင် ဟိန္ဒူဘုန်းတော်ကြီးဗဟိုအဖွဲ့ချုပ်ဥက္ကဌ၊ မေတ္တာကန်ပိန်း ပဓာန နာယကဆရာတော် မြ၀တီမင်းကြီးကျောင်းတိုက်ဆရာတော်၊ မေတ္တာကန်ပိန်း ရန်ကုန်တိုင်း နာယကဆရာတော် ဦးဣဿရိယ ခရစ်ယာန်ဘာသာဆရာတော်၊ အစ္စလာမ်ဘာသာ ခေါင်းဆောင်များ နှင့် စာရေးဆရာကြီးသိပ္ပံမှူးတင်တို့မှ ငြိမ်းချမ်းရေးနှင့်မေတ္တာစကားများကို ချီးမြှင့်ပေးခဲ့ကြပါသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကိုမင်းသွေးသစ်နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်အမှုဆောင် ကိုနန္ဒာစစ်အောင်တို့မှလည်း ငြိမ်းချမ်းရေးစကားပြောခဲ့ကြပြီး မေတ္တာကန်ပိန်းတာဝန်ခံ ၈၈-ကျောင်းသားခေါင်းဆောင်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနားကို ရပ်နားခဲ့ပါတယ်။
ဘာသာကြီး(၄) ခုမှ ခေါင်းဆောင်များ၏ ငြိမ်းချမ်းရေးနှင့် မေတ္တာစကား အနှစ်ချုပ်များကို ဖော်ပြပေးသွားပါမည်။
Leave a Reply
You must be logged in to post a comment.