News @ M-Media

ကိုဗစ်ကာကွယ်ဆေးကို ရုရှားက စတင်ထုတ်လုပ်နေပြီး မကြာခင် ဖြန့်ချီမည်

ဩဂုတ် ၁၆၊ ၂၀၂၀
M-Media

-အစိုးရတရားဝင်အသိအမှတ်ပြုထားတဲ့ Covid-19 ကာကွယ်ဆေး ပထမအသုတ်ကို ရုရှားက မနေ့မှာ စတင်ထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘာပထမဆုံး ကိုဗစ်ကာကွယ်ဆေးကို ကျန်းမာရေးဝန်ကြီးဌာနက အသိအမှတ်ပြုပြီး ထုတ်လုပ်ခွင့်ပေးလိုက်တယ်လို့ ရုရှားသမ္မတ ဗလာဒီမီရ် ပူတင်က အင်္ဂါနေ့မှာ ကြေငြာခဲ့ပါတယ်။ စမ်းသပ်ထိုးနှံမှုအတွင်း သမီးဖြစ်သူလည်းပါဝင်ခဲ့ပြီး အန္တရာယ်ကင်းမှုအတွက် အာမခံတယ်လို့လည်း ပူတင်က ဆိုပါတယ်။

မနေ့က ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ကာကွယ်ဆေးပထမအသုတ်ကို စတင်ထုတ်လုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဩဂုတ်လကုန်ပိုင်းမှာ ဒီကာကွယ်ဆေးကို ဖြန့်ချီသွားမှာပါ။

Sputnik V လို့ အမည်​ပေးထားတဲ့ ဒီကာကွယ်ဆေးကို Gamaleya သုတေသနစင်တကာက စတင်ထုတ်လုပ်နေတာပါ။ ဖြန့်ချီတဲ့အခါ အရင်ဆုံး ကျန်းမာရေးဝန်ထမ်းတွေ ရရှိမှာဖြစ်ပြီး နောက်ပိုင်းမှာ အမျ;ားပြုသူထံ ဖြန့်ဖြူးမှာ ဖြစ်ပါတယ်။

Ref: Reuters