News @ M-Media

၃ လအတွင်း တရားမ၀င်မြန်မာနိုင်ငံသား ၆ ထောင်နီးပါးဖမ်းမိဟု ထိုင်း ထုတ်ပြန်

မတ် ၇၊ ၂၀၂၂

M-Media 

– အခုနှစ် ၃ လအတွင်း ထိုင်းနိုင်ငံကို တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၆၀၀၀ လောက်ကို ဖမ်းဆီးရမိတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။ 

ဒါဟာ ဇန်န၀ါရီလကနေ မတ်လ ပထမအပတ်အတွင်း  ကန်ချာနာဘူရီနဲ့ ပရာချွတ် ကီရီကန်ခရိုင်တွေမှာ ဖမ်းဆီးရမိတဲ့ အရေအတွက် ဖြစ်ပါတယ်။ 

ပွဲစားတွေဟာ တနင်္သာရီတိုင်းဒေသကြီး ထား၀ယ်၊ မြိတ်ဖက်က ရွာတွေကနေတစ်ဆင့် တောလမ်းကနေ ခေါ်လာကြတာလို့ ထိုင်းဒေသခံတစ်ဦးက ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်၀ါရီလ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံထဲ အလုပ်ရရှိနိုင်ရေး တရားမ၀င်၀င်ရောက်တဲ့ မြန်မာနိုင်ငံသားအရေအတွက် သိိိသိသာသာ မြင့်တက်လာတာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဇန်န၀ါရီလမှာ ၀င်ရောက်လာတဲ့ ပမာဏဟာ တစ်လအတွင်း အမြင့်ဆုံးဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ 

ထိုင်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦးက ထိုင်းလုပ်ငန်းရှင်တွေဟာ တရားမ၀င်လာဖို့ အရင်ခေါ်ပြီး ရောက်လာမှ ပါမစ်လုပ်ပေးကြတယ်လို့ ပြောကြားခဲ့ပါတယ်။ 

Ref : The Star