News @ M-Media

ဆော်ဒီနဲ့ အမေရိကန် မက်ဆီဘယ်ကိုသွားမလဲ

မေ ၄၊ ၂၀၂၃

M-Media 


ဆော်ဒီရောက်မက်ဆီ

-အသက် ၃၅ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ အခုနှစ် ဘောလုံးရာသီအပြီးမှာ ပီအက်စ်ဂျီကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ 

ဘဏ္ဏာရေးညီမျှမှု စည်းမျဥ်းတွေအရ လစာမြင့်ကစားမသားတစ်ချို့ကို ပီအက်စ်ဂျီက လျှော့ချဖို့ ရှိနေချိန် မက်ဆီရဲ့ ပီအက်စ်ဂျီအနာဂတ်ကလည်း မရေမရာ ဖြစ်နေတာပါ။ 

ဆော်ဒီကို ခွင့်ပြုချက်မရဘဲ သွားရောက်ခဲ့တဲ့အတွက် မက်ဆီကို အသင်းက ၂ ပတ်တာ ဘောလုံးကစားခွင့် ပိတ်ပင်ကာ ဒဏ်ငွေရိုက်လိုက်တဲ့ အခုရက်ပိုင်း အဖြစ်အပျက်နောက်ပိုင်း ပီအက်စ်ဂျီကနေ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်း ခိုင်ခိုင်လုံလုံ ထွက်လာတာ ဖြစ်ပါတယ်။ 

လက်ရှိမှာ မက်ဆီကို ဆော်ဒီ၊ အမေရိကန်နဲ့ ပရီးမီးယားလိဂ် ကလပ်အသင်းတစ်ချို့က ခေါ်ယူဖို့ စိတ်၀င်စားနေပါတယ်။ 

ရော်နယ်ဒိုကစားနေတဲ့ အလ် နဆာရ်အသင်းရဲ့ ပြိုင်ဘက် ဆော်ဒီကလပ် အလ် ဟီလာအသင်းဟာ ပေါင် သန်း ၃၂၀ နဲ့ ခေါ်ယူဖို့ ကြိုးစားနေတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။ 

အင်္ဂလန်ဂန္တ၀င်ကစားသမား ဒေးဗစ်ဘက်ခမ်း ပူးတွဲပိုင်ဆိုင်တဲ့ အမေရိကန်ကလပ် အင်တာမိုင်ယာမီကလည်း မက်ဆီကို စိတ်၀င်စားနေပါတယ်။ 

အစောပိုင်းက မက်ဆီကို ပြန်ခေါ်ဖို့ စဥ်းစားနေတယ်ဆိုတဲ့ အသင်းဟောင်း ဘာစီလိုနာက အပြောင်းအရွှေ့ မဖြစ်ဖို့များတယ်လို့ မနေ့က ထုတ်ပြောထားပါတယ်။ 

လစာနည်းပါးနိုင်တဲ့ ပရီးမီးယားလိဂ်ကို မက်ဆီက လာဖို့ ဆန္ဒသိပ်မရှိဘဲ ငွေထုတ်ပိုက်ကာ ကစားသမားဘ၀ကို အဆုံးသတ်နိုင်တဲ့အတွက် ဆော်ဒီနဲ့ အမေရိကန် ဘယ်ကိုသွားမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ 

Ref: Goal