News @ M-Media

မိမိကိုယ် သတ်သေမှု စံချိန်တင်မြင့်တက်လာမှုကို တိုက်ဖျက်တော့မယ့် ထိုင်း

ဖေဖော်၀ါရီ ၂၄၊ ၂၀၂၄

M-Media 


-ပြီးခဲ့တဲ့နှစ်အတွင်း ထိုင်းနိုင်ငံတစ်၀ှမ်း ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားမှု အရေအတွက်ဟာ စံချိန်တင်ပမာဏ ရှိခဲ့ပြီး အစိုးရက ဒီအခြေအနေကို တိုက်ဖျက်ဖို့ ဖိဖိစီးစီး လုပ်ဆောင်လာပါတယ်။ 

ထိုင်းအစိုးရ ကျန်းမာရေး၀န်ကြီးဌာန လက်အောက်မှာ ရှိတဲ့ စိတ်ကျန်းမာရေးဦးစီးဌာနဟာ မိမိကိုယ်ကိုသတ်သေမှု တားဆီးဖို့အတွက် ၂၀၂၀ လောက်ကတည်းက ဖွဲ့စည်းထားတဲ့ Hope Task Force အဖွဲ့ကို မြို့ကြီးတွေက ပြည်နယ်တွေအထိ နိုင်ငံတစ်၀ှမ်း ဖြန့်ကျက် ဆောင်ရွက်နိုင်ဖို့ စီစဥ်နေပါတယ်။ 

ဒီအဖွဲ့ဟာ မိမိကိုယ် သတ်သေနိုင်တဲ့ အခြေအနေ ရှိတဲ့သူတွေကို ရှာဖွေဖော်ထုတ်ပြီး အကူအညီပေးတာ၊ ကုသပေးတာ၊ သက်ဆိုင််တဲ့ အသင်းအဖွဲ့တွေဆီလွှဲပြောင်းပေးတာ စတာတွေကို လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ 

Hope Task Force အဖွဲ့ကို စိတ်ကျန်းမာရေးဦးစီးဌာန၊ ထိုင်းရဲတပ်ဖွဲ့၊ ရာဇ၀တ်မှု နှိမ်နှင်းရေးအဖွဲ့နဲ့ ဆိုရှယ်မီဒီယာ နာမည်ကျော်တွေ ပူးပေါင်းဖွဲ့အစည်းထားတာ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်အတွင်း ထိုင်းနိုင်ငံမှာ မိမိကိုယ်ကို သတ်သေဖို့ ကြိုးစားခဲ့သူ ၃၁၄၀၂ ဦးရှိခဲ့ပြီး ပျမ်းမျှ လူတစ်သိန်းမှာ ၄၈ လောက်က သတ်သေဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ 

၂၀၂၀ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့က ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ Hope Task Force ဟာ လူပေါင်း ၅၉၉ ဦးကို မိမိကိုယ်ကို သတ်သေမှု အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ခဲ့ပါတယ်။ 

Ref: Bangkok Post