မေ ၁၃၊ ၂၀၂၄
M-Media
ဂါဇာကမ်းမြှောင်မြောက်ပိုင်း ခန်ယူနစ်မြို့မှ ဖျက်ဆီးခံလိုက်ရပြီဖြစ်သည့် Al-Aqsa တက္ကသိုလ် ဂါဇာစီးတီးမြို့မှ ဂါဇာအစ္စလာမ့်မစ်တက္ကသိုလ် (IUG) IUG မှ ဖျက်ဆီးခံထားရသည့် ခန်းမဆောင်တစ်ခု ယာယီကျောင်းတွင် စာသင်နေရသည့် ပါလက်စတိုင်း ကလေးငယ်များ
-ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်တဲ့ ဂါဇာက တစ်ကျော့ပြန် လူသတ်ပွဲမှာ အစ္စရေးဟာ ကမ်းမြှောင်တစ်ခုလုံးက အခြေခံအဆောက်အဦး ၈၅ ရာခိုင်နှုန်းကျော်ကို တိုက်ခိုက်ဖျက်ဆီးထားပါတယ်။
ဖျက်ဆီးခံရတဲ့ အထဲမှာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းတွေ၊ တက္ကသိုလ်တွေ၊ ကုလနဲ့ အကူအညီပေးရေးအဖွဲ့တွေရဲ့ ပရဟိတကျောင်းတွေလို့ ပညာရေးအဆောက်အဦးတွေ ပါ၀င်ပါတယ်။
ပညာရေးအဆောက်အဦးတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးမှုဟာ နိုင်ငံတကာ ဥပဒေအရ စစ်ရာဇ၀တ်မှုမြောက်ပါတယ်။ အစ္စရေးကတော့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ ကျောထောက်နောက်ခံနဲ့အတူ ၁၉၄၀ ပြည့်နှစ်တွေ ကတည်းက ပါလက်စတိုင်းဒေသမှာ စစ်ရာဇ၀တ်မှုပေါင်းများစွာကို ကျူးလွန်လာခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံတွေကတော့ အစ္စရေးက ဖျက်ဆီးထားတဲ့ ဂါဇာက နာမည်ကျော် တက္ကသိုလ်တွေ ဖြစ်ပါတယ်။
Ref: Aljazeera