News @ M-Media

ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (အောက်တိုဘာ ၁၁)

M-Media

(ဓာတ်ပုံ – အောက်တိုဘာ ၁၀ ရက်နေ့ ဂျာဘာလီယာ ဒုက္ခသည်စခန်း မြင်ကွင်း)

ကုလတပ်ဖွဲ့ ထပ်မံတိုက်ခိုက်ခံရ
———-
လက်ဘနွန်မှာရှိတဲ့ ကုလငြိမ်းချမ်ရေးတပ်ဖွဲ့ကို အစ္စရေးက တင့်ကားတွေနဲ့ ထပ်မံတိုက်ခိုက်ခဲ့ပြီး သီရိလင်္ကာ တပ်ဖွဲ့၀င် ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ ၂ ရက်အတွင်း ၂ ကြိမ်မြောက် တိုက်ခိုက်တာဖြစ်ပြီး ထိခိုက်သူ ၄ ဦး ရှိလာတာပါ။ ကုလ အတွင်းရေးမှုး အန်တိုနီယို ဂူတာရက်စ်က တိုက်ခိုက်မှုကို ထပ်မံရှုတ်ချခဲ့ပါတယ်။

ဂါဇာတွင် အကြမ်းဖက်မှုများ ဆက်လုပ်နေ
————-
အစ္စရေးဟာ ဂါဇာက စစ်ရှောင်စခန်း အနည်းဆုံး ၄ ခုမှာ တိုက်ခိုက်သတ်ဖြတ်မှုတွေ လုပ်ဆောင်နေပြီး ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ပါလက်စတိုင်းပြည်သူ ၆၁ ဦး သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲအတွင်း သေဆုံးသူအရေအတွက်ဟာ ၄၂၁၂၆ ဦး ရှိလာပြီ ဖြစ်ပါတယ်။

အကူအညီပိတ်ပင်ထားမှုကို အမေရိကန် သတိပေး
————
ဂါဇာကမ်းမြှောင်ကို ၀င်ရောက်မယ့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို အစ္စရေးက ကန့်သတ် ပိတ်ပင်ထားတဲ့အတွက် အလွန်စိုးရိမ်မိတယ်လို့ အမေရိကန်က ထုတ်ပြန်ပါတယ်။ အစ္စရေးဟာ တိုက်ခိုက်သတ်ဖြတ်မှုတွေ လုပ်နေသလို တစ်ဖက်မှာလည်း နိုင်ငံတကာက ပေးအပ်တဲ့ အကူအညီတွေ ပါလက်စတိုင်းပြည်သူတွေ မရအောင် နည်းမျိုးစုံနဲ့ ဆောင်ရွက်နေပါတယ်။