News @ M-Media

Author: Ko Lay

  • ဗုံးဖြင့် မှားယွင်းခြိမ်းခြောက်သူကို စင်ကာပူ ဖမ်းဆီး

    ဗုံးဖြင့် မှားယွင်းခြိမ်းခြောက်သူကို စင်ကာပူ ဖမ်းဆီး

    သြဂုတ် ၂၇၊ ၂၀၁၇
    M-Media

    – မိမိတွင် ဗုံးရှိသည်ဟု မှားယွင်းခြိမ်းခြောက်မိခဲ့သူ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးကို စင်ကာပူရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်သည်ဟု သိရသည်။

    ယမန်နေ့ညနေပိုင်းက စင်ကာပူ မိုးလုံလေလုံ အားကစားကွင်းတွင် ပြိုင်ပွဲကျင်းပပြုလုပ်နေစဉ် အဆိုပါအမျိုးသားက ထိုကဲ့သို့ ခြိမ်းခြောက်ခဲ့ခြင်းဖြစ်ပြီး ကွင်းလုံခြုံရေးများက ရဲတပ်ဖွဲ့သို့ ဖုန်းဆက်အကြောင်းကြားခဲ့သည်။

    နောက်ပိုင်းတွင် ရဲတပ်ဖွဲ့က အဆိုပါ အမျိုးသားအား ဖမ်းဆီးခဲ့သည်။

    “ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ သံသယရှိသူဟာ ဒီလို ခြိမ်းခြောက်မှု ပြုလုပ်ဖို့ ရည်ရွယ်ချက်မရှိတာကို တွေ့ရပါတယ်။ ရဲတပ်ဖွဲ့က လုံခြုံရေး ခြိမ်းခြောက်မှုတွအားလုံးကို အရေးတယူ တုန့်ပြန်ပြီး ပြည်သူတွေကို အထိတ်တလန့်ဖြစ်စေတဲ့ ဘယ်သူ့ကိုမဆို အရေးယူဖို့ နောက်တွန့်နေမှာ မဟုတ်ပါဘူး” ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    အဆိုပါ အမျိုးသားကို ကုလ၏ အကြမ်းဖက်တိုက်ဖျက်ရေးဆောင်ရွက်မှု ဥပဒေအရ ဖမ်းဆီးထားပြီး ပြစ်မှုထင်ရှားပါက စင်ကာပူဒေါ်လာ ၁ သိန်းထက်မပိုသော ငွေဒဏ် သို့မဟုတ် ၅ နှစ်ထက်မပိုသောထောင်ဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်စလုံး ကျခံရနိုင်သည်။

    Ref: CNA

  • အသက် ၈ နှစ်အရွယ် ပါလက်စတိုင်းသမီးငယ်တစ်ဦးကို အစ္စရေးတစ်ဦးက ကားဖြင့်တိုက်သတ်

    အသက် ၈ နှစ်အရွယ် ပါလက်စတိုင်းသမီးငယ်တစ်ဦးကို အစ္စရေးတစ်ဦးက ကားဖြင့်တိုက်သတ်

    သြဂုတ် ၂၇၊ ၂၀၁၇
    M-Media

    ပါလက်စတိုင်းပိုင်နက်ရှိ အစ္စရေး၏ ကျူးကျော်အိမ်ယာများ

    – ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ တရားမ၀င်အိမ်ယာများတွင် နေထိုသည့် ဂျူးတစ်ဦးမှာ အသက် ၈ နှစ်အရွယ် ပါလက်စတိုင်း သမီးငယ်တစ်ဦးကို ကားဖြင့် တိုက်သတ်ခဲ့သည်ဟု သိရသည်။

    စနေနေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အက်ဆီလ် အဘူ အွန် ဆိုသူ သမီးငယ်မှာ သူမနေထိုင်ရာ နဘ်လုစ်ခရိုင် ဖိုရုရှ် ဘီအစ် ဒါဂျန်ရွာရှိ စူပါမားကတ်မှ သူငယ်ချင်းတစ်ဦးနှင့် ထွက်လာစဉ် ကားဖြင့် တိုက်သတ်ခံခဲ့ရခြင်းဖြစ်သည်။

    အစ္စရေးနေ့စဉ်သတင်းစာ Haaretz က ကားမောင်းသူကို စစ်ဆေးမေးမြန်းရန် ထိန်းသိမ်းခဲ့ကြောင်း၊ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားမှုကို ကိုးကား၍ ဖော်ပြခဲ့သည်။

    သို့သော်လည်း အက်ဆီလ်၏မိသားစုက ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုဆိုသည်မှာ အစ္စရေးအစိုးရက ဟန်ပြလုပ်ခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “အစ္စရေးရဲတပ်ဖွဲ့အကြောင်း၊ ပါလက်စတိုင်းမြေကို ကျူးကျော်မှု၊ ပါလက်စတိုင်းတွေကို တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေအကြောင်း ကျွန်တော်တို့ နောကြေနေပါပြီ။ လွတ်လပ်ပြီး၊ ဘက်လိုက်မှုမရှိတဲ့သူက စုံစမ်းစစ်ဆေးမှုကို ကြီးကြပ်စေချင်ပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်လာမယ်လို့ ကျွန်တော်တို့ မထင်ပါဘူး” ဟု အက်ဆီလ်၏ ဆွေမျိုးတစ်ဦးဖြစ်သူ ဂျော်ဒတ် အဘူအွန်က ပြောကြားခဲ့သည်။

    အက်ဆီလ်၏ ဖခင်ဖြစ်သူ တာရက် အဘူ အွန်မှာ သမီးငယ် ကားဖြင့်တိုက်ခံရမှုကို မျက်မြင်ကြုံတွေ့ခဲ့ရပြီး ကားသမားက မောင်းပြေးမှုကို အခြားသူများ၏ အကူအညီဖြင့် ဖမ်းဆီးနိုင်ခဲ့သည်။

    “အဲဒီလူက လက်နက်ပါတယ်။ အစ္စရေးရဲတပ်ဖွဲ့ ရောက်လာတဲ့အချိန်အထိ ကူညီသူတွေက သေနတ်ကို ယူထားခဲ့တယ်” ဟု အဘူအွန်က ပြောကြားခဲ့သည်။

    ပါလက်စတိုင်းပိုင်နက်များတွင် နေထိုင်သည့် အစ္စရေးနိုင်ငံသားများကို အစ္စရေးအစိုးရက လက်နက်ကိုင်ဆောင်ခွင့်ပြုထားပြီး ပါလက်စတိုင်းများကိုမူ ခွင့်မပြုထားချေ။

    Ref: Aljazeera

     

  • ရခိုင်ပြည်နယ်ရှိ အကြမ်းဖက်မှုများကို မြန်မာမွတ်စလင် အရပ်ဖက်အဖွဲ့အစည်းများ ရှုတ်ချ

    ရခိုင်ပြည်နယ်ရှိ အကြမ်းဖက်မှုများကို မြန်မာမွတ်စလင် အရပ်ဖက်အဖွဲ့အစည်းများ ရှုတ်ချ

    သြဂုတ် ၂၇၊ ၂၀၁၇
    M-Media

    – ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ Arakan Rohingya Salvation Army (ARSA) လို့ခေါ်တဲ့အဖွဲ့က အစိုးရ လုံခြုံရေးတပ်စခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး၊ အကြမ်းဖက်မှုတွေ ဆက်လက်လုပ်ဆောင်နေတဲ့အပေါ် မြန်မာမွတ်စလင် အရပ်ဖက်အဖွဲ့အစည်း ၂ ခုက ရှုတ်ချလိုက်ပါတယ်။

    တွဲလက်မြန်မာနဲ့ ရွေးလက်ယာအဖွဲ့တို့က ကြေငြာချက် ထုတ်ပြန်ခဲ့တာဖြစ်ပြီး အကြမ်းဖက်မှုကို မည်သည့်အကြောင်းပြချက်နဲ့မှ လက်မခံနိုင်ကြောင်း၊ အကြမ်းဖက်သမားများမှာ အစ္စလာမ်သာသနာကို အသုံးချနေခြင်းဖြစ်ပြီး နိုင်ငံအတွင်းက အစ္စလာမ်ဘာသာဝင်တွေနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း၊ ရခိုပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ကိစ္စတွေဟာ လူမျိုးရေးကိစ္စသာဖြစ်ပြီး ဘာသာရေးနဲ့ ဆက်နွယ်ပတ်သက်မှုမရှိဟု အခိုင်အမာယုံကြည်ကြောင်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    နိုင်ငံ၏အချုပ်အခြာကို ထိခိုက်စေတဲ့ အကြမ်းဖက်မှုတွေကို ပြည်းတွင်းက အစ္စလာမ်ဘာသာဝင်များက ပြင်းပြင်းထန်ထန်ရှုတ်ချပြီး နိုင်ငံတော်အတွက် တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ကူညီရန် အသင့်ရှိကြောင်းလည်း ဒီအရပ်ဖွဲ့အစည်းစည်းတွေက ထည့်သွင်းပြောကြားခဲ့ပြီး တရားသောစစ်ဆင်နွဲနေတဲ့ အစိုးရအနေနဲ့ အပြစ်မဲ့ပြည်သူတွေ ဘေးကင်းလုံခြုံရေးကို ဦးပေးအချက်တစ်ခုအနေနဲ့ ထည့်သွင်းစဉ်းစားဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    ကြေငြာချက်အပြည့်အစုံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • ဘယ်စုံကိုယ်ခံပညာသမားကို အလဲထိုးပြီး လက်ဝှေ့ဘုရင်အဖြစ် မေ၀ယ်သာ ဆက်လက်ရပ်တည်

    ဘယ်စုံကိုယ်ခံပညာသမားကို အလဲထိုးပြီး လက်ဝှေ့ဘုရင်အဖြစ် မေ၀ယ်သာ ဆက်လက်ရပ်တည်

    သြဂုတ် ၂၇၊ ၂၀၁၇
    M-Media

    – ရှုံးပွဲမရှိ အမေရိကန်လက်ဝှေ့သမား မေ၀ယ်သာဟာ ဒီနေ့မနက်မှာ အိုင်ယာလန်က ဘက်စုံကိုယ်ခံပညာသမား ကိုနာ မက်ဂရီဂေါရ်ကို အနိုင်ယူနိုင်ခဲ့ပါတယ်။

    ဖိလစ်ပိုင် လက်ဝှေ့ကျော် ပက်ကွီအိုကို အမှတ်နဲ့အနိုင်ယူပြီး လက်ဝှေ့သမားဘ၀ကနေ အနားယူပြီလို့ ကြေငြာခဲ့တဲ့ မေ၀ယ်သာဟာ လက်ဝှေ့ကြိုးဝိုင်းထဲ ပြန်ဝင်လာခဲ့တာပါ။

    မနေ့ကကစားခဲ့တဲ့ပွဲဟာ မျှော်မှန်းထားတာထက် ပိုမို ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီး ငယ်ရွက်တဲ့ မက်ဂရီဂေါရ် အနိုင်ရမယ်လို့ ခန့်မှန်းထားကြပေမယ့် ၁၀ ချီမြောက်မှာ မေ၀ယ်သာက အလဲထိုး အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

    ဒီပွဲဟာ လက်ဝှေ့သမိုင်းတစ်လျှောက် ကြေးအကြီးဆုံးပွဲဖြစ်မယ်လို့ မျှော်မှန်းထားကြပါတယ်။ မေ၀ယ်သာကတော့ လက်ဝှေ့လောကမှာ ဘုရင်တစ်ဆူဖြစ်တယ်ဆိုတဲ့ သူ့ရဲ့ နေရာကို ဆက်လက် ဆုပ်ကိုင်ထားနိုင်ခဲ့ပါတယ်။

    ဒီပြိုင်ပွဲပြီးတဲ့နောက် ၄၉ ပွဲနိုင် ရှုံးပွဲမရှိထားတဲ့ မေ၀ယ်သာဟာ လက်ဝှေ့လောကကနေ ထပ်ပြီး အနားယူမလားဆိုတာဟာ ၅၀-၅၀ ဖြစ်နေပါတယ်။

    “ပရိတ်သတ်တွေ လိုချင်တဲ့ပွဲမျိုး ကျွန်တော်တို့ ပေးနိုင်တယ်လို့ ထင်ပါတယ်” လို့ မဝေယ်သာက ပြောပါတယ်။

    မက်ဂရီဂေါရ်က သူ့အနေနဲ့ မေ၀ယ်သာကို ၂ ချီအတွင်း အလဲထိုးမယ်လို့ ပြာကြားခဲ့ပြီး တကယ်ထိုးတဲ့အခါမှာလည်း အစောပိုင်းအချီတွေမှာ သူဟာ အသာရခဲ့ပါတယ်။ ဒါပေမယ့် သဘာရှိတဲ့ မေ၀ယ်သာက ခေါ်ထိုးသွားခဲ့ပြီး ၁၀ ချီမြောက်မှာ ပွဲကို အဆုံးသတ်လိုက်နိုင်ပါတယ်။

    “ဒီပွဲဟာ ကျွန်တော့်ရဲ့ နောက်ဆုံးပွဲဆိုတာ သိပ်သေချာပါတယ်။ ပွဲ ၅၀ ရှုံးပွဲမရှိဆိုတာက ကြားလို့ကောင်းတဲ့ စကားပါ။ Hall of Fame ထဲဝင်ဖို့အတွက် ကျွန်တော် မျှော်လင့်ပါတယ်။ ဒီလိုလုပ်ဖို့အတွက်လည်း ဖျော်ဖြေမှုအပေးနိုင်ဆုံး ကစားသမားကို ကျွန်တော် ရွေးချယ်ခဲ့တာပေါ့” လို့ မေ၀ယ်သာက ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • အာရပ်ကမ္ဘာတွင် အကြမ်းဖက်မှုလုပ်ဆောင်သူများကို ကအ်ဘာကျောင်းတော်မှ အီမာမ်ကြီး ရှုတ်ချ

    အာရပ်ကမ္ဘာတွင် အကြမ်းဖက်မှုလုပ်ဆောင်သူများကို ကအ်ဘာကျောင်းတော်မှ အီမာမ်ကြီး ရှုတ်ချ

    သြဂုတ် ၂၆၊ ၂၀၁၇
    M-Media

    – မွတ်စလင်နိုင်ငံတွေမှာ စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေ လုပ်ဆောင်နေတဲ့ လူတွေကို ရှုတ်ချတယ်လို့ အစ္စလာမ့်သာသနာရဲ့ အမြင့်မြတ်ဆုံး ဗလီဝတ်ကျောင်းတော်ဖြစ်တဲ့ မက္ကာမြို့က မတ်စ်ဂျစ်ဒ် ဟရမ် ဗလီဝတ်ကျောင်းတော် ရှေ့ဆာင်အီမာမ်ကြီး ရှိခ် ဆာလေဟ် မိုဟာမက် အလ်-တာလစ်ဘ်က ဟဂ်ျကျင့်စဉ်အကြို ဒေသနာတော်မှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။

    “မွတ်စလင်တွေကြားထဲမှာ ပဋိပက္ခတွေ၊ သွေးကွဲမှုတွေ ဖန်တီးသူတိုင်းဟာ ဘုရားသခင်က ချီးမြှင့်ထားတဲ့ သဟဇာတဖြစ်မှုကို လစ်လျူရှုပြီး (အစ္စလာမ်သာသနာ မပေါ်ထွန်းခင်က) အမိုက်ခေတ်မှာ နေထိုင်တဲ့ သူတွေကို လိုက်တုနေတာမျိုး ဖြစ်ပါတယ်” လို့ မနေ့က သောကြာနေ့ ၀တ်ပြုဆုတောင်းမှုအတွင်း ကမ္ဘာတစ်ဝှမ်းက လူသိန်းချီကို မိန့်ကြားတဲ့ ဒေသနာတော်မှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဒီတစ်ပတ်သောကြာဟာ ဟဂ်ျရာသီအကြို နောက်ဆုံးသောကြာနေ့ဖြစ်ပြီး ဟဂ်ျကျင့်စဉ်အတွင်း လိုက်နာရမယ့် ၀ိနည်းတွေ၊ ကျင့်မူဆောက်တည်ရမယ့် တရားတွေကို ဗလီဝတ်ကျောင်းတော်တွေရဲ့ ရှေ့ဆောင်အီမာမ်တွေက အဓိကထား ဟောကြားလေ့ရှိပါတယ်။

    မနေ့က ၀တ်ပြုမှုအတွင်း ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်တွေဟာ မတ်စ်ဂျစ်ဒ် ဟရမ် ဗလီဝတ်ကျောင်းတော် ပရ၀ုဏ်အတွင်းသာမကဘဲ အနီးအနားမှာရှိတဲ့ လမ်းတွေ၊ ဟိုတယ်တွေ၊ ရှေ့ပင်းမောလ်တွေ၊ အဆောက်အဦးတွေမှာ ပြည့်နှက်ခဲ့ပါတယ်။

    အာရပ်ကမ္ဘာမှာ စစ်ရေးနဲ့ နိုင်ငံရေး ပြဿနာတွေကြောင့် လူတွေ သိန်းချီ သေဆုံးနေကြပြီး လူသန်းပေါင်းများစွာကလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

    အနောက်ကမ္ဘာက စစ်အင်အားကြီးနိုင်ငံတွေ၊ ဆော်ဒီနဲ့ အီရန်တို့လို စွန်နီနဲ့ ရှီအာ အင်အားကြီးနိုင်ငံတွေက ဆန့်ကျင်ဖက်အုပ်စုတွေကို ထောက်ပံ့ပေးနေတာကြောင့် ဆီးရီးယား၊ ယီမင်၊ အီရတ်နိုင်ငံတွေမှာ စစ်ပွဲတွေ၊ တိုက်ခိုက်မှုတွေလည်း ဆက်လက် ဖြစ်ပွားနေပါတယ်။

    အီမာမ်ကြီး တာလစ်ဘ်ကတော့ ဘယ်သူတွေကို ရည်ညွှန်းတယ်ဆိုတာ ထည့်သွင်းပြောဆိုခြင်း မရှိပါဘူး။

    Ref: Aljazeera