News @ M-Media

Author: Ko Lay

  • ရခိုင်ကိစ္စဖြေရှင်းရေး အစိုးရက အားထုတ်မှုမရှိဘဲ၊ ခရီးစဉ်အတွက် စိတ်ပျက်ရသည်ဟု ယန်းဟီးလီပြော

    ရခိုင်ကိစ္စဖြေရှင်းရေး အစိုးရက အားထုတ်မှုမရှိဘဲ၊ ခရီးစဉ်အတွက် စိတ်ပျက်ရသည်ဟု ယန်းဟီးလီပြော

    ဇူလိုင် ၂၁၊ ၂၀၁၇
    M-Media

    – မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ယန်းဟီလီက သူအနေနဲ့ အခုတစ်ကြိမ်ရောက်ရှိတဲ့ ၁၂ ရက်တာခရီးစဉ်မှာ သူ့ရဲ့ စုံစမ်းမှုတွေကို အစိုးရက အနှောက်အယှက်ဖြစ်အောင် လုပ်ဆောင်တဲ့အတွက် စိတ်ပျက်ရတယ်လို့ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

    မြန်မာနိုင်ငံကို ၅ ကြိမ်မြောက်လာရောက်တဲ့ ယန်ဟီးလီက ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာမွတ်စလင်တွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး မဆိုစလောက် တိုးတက်မှုကိုသာ တွေ့ရကြောင်း၊ အဲဒီဒေသက ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေကြားထဲမှာ အကြမ်းဖက်မှုတွေ ဖြစ်စေတဲ့ ပြဿနာတွေကို ဖြေရှင်းရေး အစိုးရက အားထုတ်မှုမရှိကြောင်း ဝေဖန်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက နယ်ခြားစောင့်စခန်းတွေ အကြမ်းဖက်တိုက်ခိုက်ခံရမှုနောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အစိုးရကပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာတွေဟာ အဓမ္မပြုကျင့်ခံရမှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု၊ နှိပ်စက်ခံရမှုတွေ ရှိတယ်လို့ စွပ်စွဲမှုတွေရှိနေပြီး မြန်မာအစိုးရနဲ့ စစ်တပ်တို့က ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

    ဒီကိစ္စအတွက် ကုလက အချက်အလက်ရှာဖွေရေးအဖွဲ့တစ်ခုကို စေလွှတ်ဖို့ စီစဉ်ခဲ့ပေမယ့် မြန်မာနိုင်ငံက လက်မခံပါဘူး။

    ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ယန်းဟီးလီက မြန်မာအစိုးရအနေနဲ့ ဒီအဖွဲ့ကို ပြည်ဝင်ခွင့်မပေးတာနဲ့ပတ်သက်လို့ ထည့်သွင်းပြောကြားခဲ့ပြီး ရခိုင်ပြည်နယ်က နေရာဒေသတော်တော်များများကိုလည်း အစိုးရက သွားခွင့်မပေးခဲ့ဘူးလို့ ဆိုပါတယ်။

    NLD အစိုးရလက်ထက်အတွင်း ၃ ကြိမ်မြောက်ဖြစ်တဲ့ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ယန်းဟီးလီဟာ လာမယ့်အောက်တိုဘာ ကုလအထွေထွေညီလာခံမှာ အစီရင်ခံစာ တင်သွင်းဖို့ ရှိနေပါတယ်။

    Ref : AP

  • အလ်-အက်ဆာဗလီပြန်ရရေး ယနေ့ဆန္ဒပြမှုအတွင်း အနည်းဆုံး ပါလက်စတိုင်း ၂ ဦး အသတ်ခံရ

    အလ်-အက်ဆာဗလီပြန်ရရေး ယနေ့ဆန္ဒပြမှုအတွင်း အနည်းဆုံး ပါလက်စတိုင်း ၂ ဦး အသတ်ခံရ

    ဇူလိုင် ၂၁၊ ၂၀၁၇
    M-Media

    – အလ်-အက်ဆာဗလီအား အစ္စရေးက အပိုင်စီးလိုသည့် လုပ်ရပ်များကို ဆန့်ကျင်သည့် အနေဖြင့် ယနေ့ပြုလုပ်သည့် ပါလက်စတိုင်းများ၏ ဆန္ဒပြမှုအတွင်း အနည်းဆုံး ၂ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    အစ္စရေးက သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်ရှိ ရက်စ် အလ်-အေမွဒ်ရပ်ကွက်တွင် အသက် ၁၈ နှစ်အရွယ် ပါလက်စတိုင်းတစ်ဦးကို အစ္စရေးအခြေချသူတစ်ဦးက သတ်ဖြတ်ခဲ့ပြီး အစ္စရေး လုံခြုံရေးတပ်ဖွဲ့နှင့် လခြမ်းနီအဖွဲ့တို့ကလည်း ထိုအဖြစ်အပျက်ကို အတည်ပြုခဲ့သည်။

    အခြားတစ်ဦးမှာ သောကြာနေ့ဝတ်ပြုမှုအပြီးနောက် ပြုလုပ်သည့် ဆန္ဒပြမှုအတွင်း အစ္စရေးလုံခြုံရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

    ပြီးခဲ့သည့်တစ်ပတ် သောကြာနေ့က အလ်-အက်ဆာဗလီအပြင်ဘက်ရှိ အစ္စရေးစစ်ဆေးရေးဂိတ်ကို ပါလက်စတိုင်း သေနတ်သမား ၃ ဦးက တိုက်ခိုက်မှုအတွင်း အစ္စရေးရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ပြီး၊ အပြန်အလှန်ပစ်ခတ်မှုကြောင့် သေနတ်သမား ၃ ဦးလည်း သေဆုံးခဲ့သည်။

    ထိုနောက်ပိုင်းတွင် အစ္စရေးက သောကြာနေ့ဝတ်ပြုမှုကို ပိတ်ပင်ကာ၊ အလ်-အက်ဆာဗလီကိုလည်း ပိတ်ပစ်ခဲ့သည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့မှစ၍ ဗလီကို ပြန်လည်ဖွင့်ပေးခဲ့သော်လည်း သတ္တုရှာဖွေရေးစက်များ၊ ကင်မရာများကဲ့သို့ လုံခြုံရေးဆောင်ရွက်မှုများ တင်းကြပ်စွာပြုလုပ်ခဲ့ပြီး ပါလက်စတိုင်းများကမူ အလ်-အက်ဆာဗလီဝတ်ကျောင်းတော်၏ မူလအခြေအနေကို ပြောင်းလဲကာ အပိုင်စီးသည့်လုပ်ရပ်ဟု ယူဆခဲ့သည်။

    ထို့ကြောင့် နေ့စဉ် ဆန္ဒပြခဲ့ကြပြီး ယနေ့ သောကြာဝတ်ပြုမှုအပြီးအတွင် လူထောင်သောင်းချီပါဝင်သည့် ကြီးမားသည့် ဆန္ဒပြမှုကြီးကို ပြုလုပ်ခဲ့ကာ အစ္စရေးတပ်ဖွဲ့များက ကျည်အစစ်များ၊ မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်ဆံများဖြင့် ပစ်ခတ်နှိပ်နှင်းခဲ့သည်။

    ပါလက်စတိုင်း လခြမ်းနီအဖွဲ့က ထိုနှိမ်နင်းမှုအတွင်း အနည်းဆုံး ပါလက်စတိုင်းပြည်သူ ၁၄၀ ဒဏ်ရာရရှိခဲ့သည်ဟု အတည်ပြုခဲ့သည်။

    ယခုနောက်ဆုံးရရှိသည့် သတင်းများအရ သေဆုံးသူအရေအတွက်မှာ ၃ ဦးအထိ ရှိလာပြီဟု ပါလက်စတိုင်းအာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။

    Ref: Aljazeera

  • မြောက်ကိုရီးယားစစ်တပ်နဲ့ တိတ်တိတ်ပုန်းဆက်ဆံရေးကြောင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ ထပ်ဖြစ်လာနိုင်လား

    မြောက်ကိုရီးယားစစ်တပ်နဲ့ တိတ်တိတ်ပုန်းဆက်ဆံရေးကြောင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ ထပ်ဖြစ်လာနိုင်လား

    ဇူလိုင် ၂၁၊ ၂၀၁၇
    M-Media

    တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

    – စစ်အာဏာရှင်လက်အောက် နှစ်ပေါင်းများစွာ ပူးပေါင်းဆောင်ရွက်မှုတွေ အရှိန်အဟုန်နဲ့ ပြုလုပ်ပြီးတဲ့နောက်ပိုင်း သူ့နိုင်ငံနဲ့ မြောက်ကိုရီးယားတို့ရဲ့ မဟာဗျူဟာ ဆက်ဆံရေးဟာ လုံးဝရပ်တန့်သွားပြီလို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝင် ဦးကျော်ဇေယျတစ်ယောက် အယုံသွင်းခံထားရပုံပါပဲ။

    အမေရိကန်အစိုးရရဲ့ မြောက်ကိုရီးယားဆိုင်ရာ အထူးကိုယ်စားလှယ် ဂျိုးဆက်ပ်ယန် ဒီတစ်ပတ်အတွင်း လာရောက်စဉ်မှာ ဦးကျော်ဇေယျက မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားနဲ့ သာမန်ဆက်ဆံရေးသာ ရှိပြီး စစ်တပ်ခြင်းဆက်ဆံရေး လုံးဝ မရှိတော့ဘူးလို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။

    မြန်မာနဲ့ မြောက်ကိုရီးယားတို့ရဲ့ အရင်က နီးကပ်တဲ့ဆက်ဆံရေးမှာ လက်နက်ရောင်းအ၀ယ်၊ ဒုံးကျည်ထုတ်လုပ်ရေးနဲ့ မြန်မာနိုင်ငံမှာ မြေအောက် လျှို့ဝှက်ကွယ်ရေးအဆောက်အဦး ဆောက်လုပ်မှုတွေ ပါဝင်ပါတယ်။ အာရှပေါ်လစီမှာ ဆုံချက်အဖြစ်ထားရှိမယ့် အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာနိုင်ငံကို ကျဉ်မထားဘဲ ထိတွေ့ဆက်ဆံရေး အမေရိကန်သမ္မတဟောင်း အိုဘားမားရဲ့ ဆုံးဖြတ်ချက်မှာ စစ်တပ်ကျောထောက်နောက်ခံပြု မြန်မာအစိုးရက မြောက်ကိုရီးယားနဲ့ စစ်ဖက်ဆက်ဆံရေးအားလုံးကို ဖြတ်တောက်ရေးအတွက်လည်း ရည်မှန်းခဲ့ပါတယ်။

    ကုလက ပိတ်ဆို့မှုတွေပြုလုပ်ထားတဲ့ မြောက်ကိုရီးယားအစိုးရနဲ့ ကုန်သွယ်နေတဲ့နိုင်ငံတွေကို ဖိအားပေးရေးကနေတစ်ဆင့် မြောက်ကိုရီးယားကို ထိပ်တိုက်ရင်ဆိုင်ရေးနဲ့ ၀ိုင်းပယ်ရေး သမ္မတထရမ့်က အဓိကဦးစားပေးဆောင်ရွက်လာတဲ့ အခုအချိန်မှာ မြန်မာနိုင်ငံအနေနဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးဖြတ်တောက်မှုကတိကို ထိန်းသိမ်းထားဖို့ဟာ ၀ါရှင်တန်အတွက် ပိုပြီး အရေးကြီးလာပါတယ်။

    ဒါပေမယ့် ယန်ရဲ့ နေပြည်တော်ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရပ်သားအစိုးရအနေနဲ့ ကိုယ့်မင်းကိုယ့်ချင်းစစ်တပ်ရဲ့ လျှို့ဝှက်လှုပ်ရှားမှုတွေအပေါ်မှာ တကယ်တမ်း ဘယ်လောက်အထိ သိသလဲ၊ မကြာသေးခင်ကမှ ဖယ်ရှားပေးခဲ့တဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေကို မြောက်ကိုရီးယားနဲ့ အဆက်အသွယ်မဖြတ်တဲ့အတွက် ပြန်လည် ပြုလုပ်ဖို့ အမေရိကန်က စဉ်းစားလာမလားဆိုတဲ့ မေးခွန်းတွေ ပေါ်ထွက်စေပါတယ်။

    ကိုရီးယားကျွန်းဆွယ်က တင်းမာမှုတွေ၊ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေကို အလေးထားဆွေးနွေးခဲ့ကြတဲ့ စင်ကာပူက အစည်းအဝေးတစ်ခုကို တက်ရောက်ခဲ့ပြီးတဲ့နောက် ယန်ဟာ မြန်မာနိုင်ငံကို ရောက်လာပြီး ဆွေနွေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီးယားဆိုင်ရာ အမေရိကန်ရဲ့ ထိပ်တန်းကိုယ်စားလှယ် ယန်ဟာ ဒီ့အပြင် ဘယ်နိုင်ငံမှ မသွားပါဘူး။

    အမေရိကန်ကိုရောက်နိုင်တဲ့ ဒုံးကျည်စမ်းသပ်မှုတစ်ခုကို ဇူလိုင်လ ၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မြောက်ကိုရီးယားကို ပိုပြီးဝိုင်းပယ်နိုင်ရေး အထောက်ကူဖြစ်စေဖို့ သူလိုလားတဲ့ အာမခံချက်မျိုး ယန်တစ်ယောက် ရခဲ့လားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ မြန်မာ့တပ်မတော်အကြီးအကဲ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံမှာ မိတ်ဆွေနိုင်ငံတွေသာရှိပြီး ရန်သူမရှိကြောင်း၊ ကမ္ဘာတစ်ဝှမ်းက စစ်တပ်တွေနဲ့ ထိတွေ့ဆက်ဆံလိုကြောင်း ယန်နဲ့တွေ့ဆုံအပြီးမှာ ပြောကြားခဲ့ပါတယ်။

    ပါကစ္စတန်၊ လစ်ဗျားနဲ့ ဆီးရီးယားတို့လို စစ်လက်နက်ပစ္စည်းဝယ်ယူတဲ့ အဓိကဖောက်သည်တွေ ဆုံးရှုံးသွားတဲ့အချိန် မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးဟာ မြောက်ကိုရီးယားအတွက် တော်တော်လေး အရေးကြီးလာပါတယ်။ ၁၉၉၀ ပြည့်နှစ်လောက်ကတည်းက တိတ်တိတ်ပုန်း စတင်ခဲ့တဲ့ မြောက်ကိုရီးယားနဲ့ မြန်မာနိုင်ငံတို့ရဲ့ ဆက်ဆံရေးဟာ ၂၀၀၈ ခုနှစ် နိုဝင်ဘာမှာ ဗိုလ်ချုပ်ကြီးရွှေမန်း ပြုံးယမ်ကို တရားဝင် သွားရောက်ခဲ့တဲ့အချိန်မှာ ပိုပြီး ခိုင်မာလာခဲ့ပါတယ်။

    အဲဒီခရီးစဉ်မှာ ဦးရွှေမန်းနဲ့ သူ့ရဲ့ တပ်မတော်ကိုယ်စားလှယ်အဖွဲ့ဟာ မြောက်ကိုရီးယားနဲ့ ကာကွယ်ရေး သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ပြီး ဒုံးကျည်စခန်းတွေကို သွားရောက်လည်ပတ်တာ၊ လေကြောင်းကာကွယ်ရေး ရေဒါတွေကို ကြည့်ရှုလေ့လာတာတွေ လုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတစ်ဝက် လျှော့ချပြီး ဆက်ဆံရေးပြန်တည်ဆောက်ဖို့ အိုအားမားရဲ့ဆုံးဖြတ်မှု ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို မြှင့်တင်ပေးဖို့ကို အာရုံစိုက်တယ်ဆိုပေမယ့် အဓိကကတော့ ဒီသဘောတူချက်ကြောင့်ဖြစ်တယ်လို့ ဒေသတွင်း လုံခြုံရေး လေ့လာစောင့်ကြည်သူတွေက ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခဲ့ကြပါတယ်။

    အရှေ့တောင်အာရှနဲ့ တောင်အာရှမှာ မြန်မာနိုင်ငံဟာာ မြောက်ကိုရီးယားရဲ့ မဟာဗျူဟာကျတဲ့ မဟာမိတ်အဖြစ် ပေါ်ထွက်လာမှုက အမေရိကန်ရဲ့ မဟာဗျူဟာအတွက် အိပ်မက်ဆိုးဖြစ်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ သမ္မတဖြစ်ခဲ့တဲ့ ဦးသိန်းစိန် နောက်တစ်နှစ် စင်ကာပူကိုသွားတဲ့အချိန် မြောက်ကိုရီးယားနဲ့ နျူကလီးယားဆက်ဆံရေးရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ ‘အခြေအမြစ်မရှိဘူး’ လို့ ပြောကြားခဲ့တဲ့စကားအတွက် ပြန်ပေးတဲ့အနေနဲ့ အမေရိကန်က ဒီလို ပေါ်လစီအပြောင်းအလဲ လုပ်ပေးလိုက်ပုံရပါတယ်။

    2008 ခုနှစ် သူရဦးရွှေမန်း မြောက်ကိုရီးယားသို့ သွားရောက်စဉ်က

    ဒါပေမယ့် အရင် စစ်ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်ဟာ ဒီကိစ္စကို လှည့်ဖျားလိုက်တာသာဖြစ်ပါတယ်။ နှစ်နိုင်ငံ နျူဆက်ဆံရေးဟာ မြန်မာနိုင်ငံက နျူကလီးယားဓာတ်ပေါင်းဖို ဆောက်ချင်တဲ့ ရည်ရွယ်ချက်အတွက် ဖြစ်တယ်လို့ သံသယတွေရှိနေပေမယ့် မြန်မာနဲ့ မြောက်ကိုရီးယားတို့ နျူကီလီးယားဆက်ဆံရေး ထူထောင်ထားကြောင်း တိကျခိုင်လုံတဲ့ သတင်းရင်းမြစ်တော့ မရှိပါဘူး။ ၂၀၀၀ ပြည့်နှစ်တွေက မြန်မာနိုင်ငံမှာ နျူဓာတ်ပေါင်းဖိုတစ်ခု ဆောက်လုပ်ရေး ကူညီဖို့ ရုရှားရဲ့အစီအစဉ်ဟာလည်း ငွေကြေးပြဿနာကြောင့် ပျက်သွားပါတယ်။

    မြောက်ကိုရီးယားဟာ မြန်မာနိုင်ငံကို ၁၃၀ မမ M-46 အမြောက်တွေ၊ ထရပ်ကားမှာ တပ်လို့ရတဲ့ ၂၄၀ မမ ဒုံးကျည်လောင်ချာအမျိုးမျိုး ရောင်းချခဲ့တယ်လို့ သိရပါတယ်။ အုပ်ချုပ်ရေးမြို့တော်ဖြစ်တဲ့ နေပြည်တော်တစ်ဝိုက် အပါအ၀င် နိုင်ငံတစ်ဝှမ်း နေရာတော်တော်များများမှာ မြေအောက်ဘန်ကာတွေ၊ လှိုဏ်ခေါင်းတွေ၊ လျှို့ဝှ
    က်အဆောက်အဦးတွေ အများအပြားဆောက်လုပ်ရာမှာ မြောက်ကိုရီးယားက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

    မြန်မာစစ်တပ်ရဲ့ တော်တော်လေးကို လျှို့ဝှက်တဲ့ ရင်းမြစ်တစ်ခုက မန္တလေးအရှေ့မြောက်ပိုင်း ပြင်ဦးလွင်မြို့က စစ်တက္ကသိုလ်မှာ အခြေစိုက်တဲ့ မြောက်ကိုရီးယားဆရာတွေဟာ မကြာသေးခင်ကပဲ ရေတပ်က တိုက်ပွဲဝင်သင်္ဘောတွေမှာ ကွန်ပျူတာကနေထိန်းချုပ်တဲ့ ပစ်ခတ်မှုစနစ်ကို သင်ကြားပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    ပိုပြီး စိုးရိမ်စရာကောင်းတာက နိုင်ငံအလယ်ပိုင်း မင်းလှမြို့အနီးက လျှို့ဝှက် ကာကွယ်ရေးလက်နက်စက်ရုံတစ်ခုနဲ့ အခြားသော လျှို့ဝှက်နေရာတွေမှာ ဒုံးကျည်ထုတ်လုပ်မှုကို မြောက်ကိုရီးယားက ကူညီခဲ့တယ်၊ လက်ရှိမှာလည်း ကူညီနေတဲ့ အလားအလာတွေ ရှိနေတယ်လို့ အာရှနဲ့ အနောက်တိုင်းက လုံခြုံရေးရင်းမြစ်တွေရဲ့ ပြောကြားမှုပါပဲ။

    တော်တော်တိတိကျကျလိုက်ထားတဲ့ အာရှနဲ့ အနောက်နိုင်ငံက အမည်မဖော်လိုတဲ့ လုံခြုံရေးရင်းမြစ်တွေက ဗိုလ်ချုပ်သိန်းဌေးဦးဆောင်တဲ့ မြန်မာကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုရုံး (DDI) ဟာ ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ပြီး မြောက်ကိုရီးယားနဲ့ စစ်ဖက်ဆက်ဆံရေးကို ဆက်လက် ဆောင်ရွက်နေတုန်းပဲလို့ Asia Times ကို ပြောကြားခဲ့ပါတယ်။

    အမေရိကန်ရဲ့ မြောက်ကိုရီးယားဆိုင်ရာ အထူးကိုစားလှယ် ယန် မြန်မာနိုင်ငံကို မလာမီမှာ ဦးကျော်ဇေယျက မြန်မာနိုင်ငံဟာ မြောက်ရီးယားနဲ့ပတ်သက်ပြီး ကုလရဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “စစ်လက်နက်ပစ္စည်း ပူးပေါင်းဆောင်ရွက်မှုအတွက် မြန်မာက မြောက်ကိုရီးယားကို ဒေါ်လာသန်းချီ ပေးနေရပါတယ်” လို့ ရင်းမြစ်တစ်ခုက ဆိုပါတယ်။ ၂၀၁၆ ခုနှစ်နှောင်းပိုင်းမှာ မြောက်ကိုရီးယားတာဝန်ရှိသူ ကင် ချိုလ်နမ်ဟာ ကိုရီးယားသတ္တုတွင်းဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Komid) အတွက် မြန်မာနိုင်ငံဆိုင်ရာ
    ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံခဲ့ရပြီး ဒီအဖွဲ့ဟာ မြောက်ကိုရီးယားရဲ့ လက်နက်နဲ့ ဒုံးကျည်နည်းပညာတွေ တင်ပို့ရောင်းချမှုလုပ်တဲ့ အမည်ခံအဖွဲ့ဖြစ်တယ်လို့ အဲဒီရင်းမြစ်ကပဲ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ၂၀၀၉ ခုနှစ်မှာ ကုလက Komid အဖွဲ့ကို ပိတ်ဆို့မှုတွေလုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ်မှာပါ ထပ်မံပိတ်ဆို့ခဲ့ပါတယ်။ အခုနှစ်မတ်လမှာ အမေရိကန်ဘဏ္ဍာရေးဌာနက ‘အီရန်၊ မြောက်ကိုရီးယားနဲ့ ဆီးရီးယား လက်နက်မပြန်ပွားရေး အက်ဥပေဒအရ ပိတ်ဆို့မှု’ ခေါင်းစဉ်အောက်မှာ မြန်မာကာကွယ်
    ရေးပစ္စည်း ထုတ်လုပ်မှုရုံး (DDI) ကို ပိတ်ဆို့မှုအသစ်တွေ ပြုလုပ်ခဲ့ပါတယ်။

    DDI ဟာ အရင်တုန်းကလည်း မြောက်ကိုရီးယားကို ကုန်ကြမ်းပစ္စည်း ထောက်ပံ့မှုနဲ့ ပိတ်ဆို့ခံခဲ့ရပေမယ့် ဒီမိုကရေစီတိုးတက်မှုတွေအတွက် ဆုချတဲ့အနေနဲ့ အိုဘားမားရဲ့ ထိတွေ့ဆက်ဆံရေး အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် ၂၀၁၂ ခုနှစ်မှာ အဲဒီပိတ်ဆို့မှုတွေကို ပယ်ဖျက်ခဲ့ပါတယ်။

    မြောက်ကိုရီးယားနဲ့ အရေးပါတဲ့ လက်နက်ကိစ္စမှာ ပါဝင်ပတ်သက်မှုအတွက် ဗိုလ်ချုပ်သိန်းဌေးဟာ ၂၀၁၃ ခုနှစ် ဇူလိုင်လမှာ အမေရိကန်ဘဏ္ဍာရေးဌာနက ချမှတ်တဲ့ ပိတ်ဆို့မှုကို ခံခဲ့ရပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာလ အမေရိကန်သမ္မတ ဘာရက်အိုဘားမားရဲ့ ပိတ်ဆို့မှုဖယ်ရှားရေး အစီအစဉ်မှာ စာရင်းကနေ ပယ်ဖျက်ခံခဲ့ရပါတယ်။

    မြောက်ကိုရီးယားနဲ့ လက်ရှိဆက်ဆံရေးကို ကျန်ကမ္ဘာကြီးနဲ့ ရွေးကောက်တင်မြှောက်ခံ အရပ်သားအစိုးရတို့ မသိရှိစေဖို့အတွက် မြန်မာစစ်တပ်က ထိပ်တန်းခေါင်းဆောင်တွေကသာ Komid ကိုယ်စားလှယ်တွေနဲ့ လျှို့ဝှက်တွေ့ဆုံမှုတွေ လုပ်ခဲ့ကြပါတယ်။

    မြန်မာနဲ့ မြောက်ကိုရီးယားအကြား ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက် လုပ်ဆောင်နေမှုကို စစ်တပ် အကြီးတန်းတာဝန်ရှိသူတွေက အတည်ပြုထားပေမယ့်၊ လက်ရှိ ဆက်ဆံမှုအနေအထား အတိအကျကိုတော့ အယုံကြည်ရဆုံး အတွင်းစည်းက ခေါင်းဆောင်တွေပဲ သိကြတယ်လို့ ရင်းမြစ်တွေက ပြောကြားခဲ့ပါတယ်။

    မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို ရပ်တန့်မယ်ဆိုတဲ့ ဦးသိန်းစိန်ရဲ့ ကတိဟာ အစကတည်းက မရိုးမသား ထိန်ချန်ပြောကြားမှုသာ ဖြစ်တယ်ဆိုတာကို အမေရိကန် ကာကွယ်ရေးတာဝန်ရှိတွေက တိတိကျကျ သိထားကြပါတယ်။

    ဦးသိန်းစိန် သမ္မတရာထူးယူပြီး လအနည်းငယ်အကြာ ၂၀၁၁ ခုနှစ် နှစ်လယ်ပိုင်း- မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို ပထမဆုံး ငြင်းဆိုတဲ့ အချိန်လောက်မှာ အမေရိကန်စစ်သင်္ဘော USS Campbell ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်နေတဲ့ မြောက်ကိုရီးယား ကုန်တင်သင်္ဘော M/V Light ကို ဒုံးကျည်အစိတ်အပိုင်းတွေနဲ့ အခြား စစ်လက်နက်ပစ္စည်းတွေ သယ်ဆောင်မှုသံသယနဲ့ ဖမ်းဆီးခဲ့ပြီး ဒီလူသတ်လက်နက်တွေကို မြောက်ကိုရီးယားပြန်ပြီး ချထားဖို့ အမေရိကန်စစ်သင်္ဘောက ဖိအားပေးခဲ့ပါတယ်။

    အဲဒီအချိန်ပိုင်းလောက်မှာပဲ မလေးရှားအခြေစိုက် မြောက်ကိုရီးယား ကုမ္ပဏီ Glocom က မြန်မာနိုင်ငံကို တိုက်ပွဲဝင် ရေဒီယိုပစ္စည်းတွေ ရောင်းချခဲ့ပါတယ်။ Glocom ကို နိုင်ငံရပ်ခြား စစ်ဆင်ရေးတွေ၊ လက်နက်ရောင်းဝယ်မှုတွေ လုပ်နေတဲ့ မြောက်ကိုရီးယား ထောက်လှမ်းရေအဖွဲ့ Reconnaissance General Bureau က ချုပ်ကိုင်ထားတာဖြစ်တယ်လို့ မြောက်ကိုရီးယားရဲ့ လက်နက်စီမံကိန်းတွေနဲ့ပတ်သက်ပြီး ကုလက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတစ်စောင်မှာ ဖော်ပြထားပါတယ်။

    မြန်မာနိုင်ငံရဲ့ သမိုင်းဝင်ရွေးကောက်ပွဲဖြစ်တဲ့ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့အပြီး ရက်အနည်းငယ်အကြာမှာပဲ မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံအမတ် ကင်ဆွတ်ချိုကို Komid ရဲ့ လက်နက်ရောင်းဝယ်ရေးကိစ္စ စီစဉ်ပေးမှုနဲ့ အမေရိကန်က ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။

    ကင်ဆွတ်ချို့ရဲ့ လက်နက်ရောင်းချရေးအစီအစဉ်မှာ မြန်မာနိုင်ငံကို ပစ်မှတ်ထားတယ်၊ ဒါမှမဟုတ် မြန်မာနိုင်ငံဟာ Komid ရဲ့ ၀ယ်လက်ဖြစ်တယ်လို့ အမေရိကန်ရဲ့ ကြေငြာချက်မှာ ထည့်သွင်းဖော်ပြထားခြင်း မရှိပေမယ့် ဒီကိစ္စတွေကို ခြေရာခံလိုက်နေတဲ့ မဟာဗျူဟာဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ Komid နဲ့ မြန်မာတို့ရဲ့ဆက်စပ်မှုကို ထင်ထင်ရှားရှား သိရှိနေပါတယ်။

    မြန်မာနိုင်ငံရဲ့ အရပ်သားအစိုးရအသစ်ဟာ မြောက်ကိုရီးယားရဲ့ လက်နက်ပြန့်ပွားရေး အမေရိကန်ရဲ့ စိုးရိမ်မှုအပေါ် ပိုမိုအလေးထားမယ်လို့ ၀ါရှင်တန်က မျှော်လင့်ကောင်း မျှော်လင့်နိုင်ပါတယ်။

    အမေရိကန်ရဲ့ မြောက်ကိုရီးယားဆိုင်ရာ အထူးကိုယ်စားလှယ် ယန်ဟာ မြန်မာအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးမှာ အာဏာစင်ပြိုင်ရှိနေမှုကို အသိအမှတ်ပြုသွားပါတယ်။

    အမေရိကန်အတွက်ပြဿနာက မြန်မာ အရပ်သားအစိုးရဟာ ကာကွယ်ရေးကိစ္စတွေမှာ ၀င်စွက်လို့မရတာ၊ စစ်တပ်ရဲ့ မြောက်ကိုရီးယားနဲ့ပတ်သက်တဲ့ လျှို့ဝှက်ဆက်ဆံရေးတွေကို သိရှိတဲ့အနေအထား မရှိတာတွေ ဖြစ်ပါတယ်။

    မိတ်ဆွေပဲရှိတယ်၊ ရန်သူမရှိဘူးလို့ ယန်လာရောက်ပြီးနောက်ပိုင်း ကာကွယ်ရေးဦးစီးချုပ်ရဲ့ ကတိက၀တ်မပါတဲ့ ပြောကြားမှုကိုကြည့်ရင် ဗိုလ်ချုပ်မှူးကြီးဟာ မြောက်ကိုရီးယားနဲ့ လျှို့ဝှက်ဆက်ဆံရေးကို သိရှိနေပြီး ဒါကို ကိုင်တွယ် ထိန်းကျောင်းနေတယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။

    အိုဘားမားအစိုးရက ပယ်ဖျက်လိုက်တဲ့ စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေကို ပြန်လည်ချမှတ်ရေး ဖြစ်နိုင်ချေအပါအ၀င် ဒီကိစ္စကို ဘယ်လိုတုန့်ပြန်ရမလဲဆိုတာကတော့ အခုအချိန်မှာ အမေရိကန်ရဲ့အလုပ် ဖြစ်လို့နေပါပြီ။

    Ref: Asia Times

    (Asia Times တွင် ဘာတေးလ် လင့်တနာရေးသားသည့် Could US reset sanctions on Myanmar over North Korea? ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

     

  • အလ်-အက်ဆာဗလီကို အစ္စရေးက အပိုင်စီးထားမှုကြောင့် ဂျေရုစလင်တွင် တင်းမာမှုများ မြင့်တက်

    အလ်-အက်ဆာဗလီကို အစ္စရေးက အပိုင်စီးထားမှုကြောင့် ဂျေရုစလင်တွင် တင်းမာမှုများ မြင့်တက်

    ဇူလိုင် ၂၁၊ ၂၀၁၇
    M-Media

    အလ်-အက်ဆာဗလီအား အစ္စရေးက အပိုင်စီးထားမှုကြောင့် ဗလီအပြင်ဘက်တွင် ပါလက်စတိုင်းပြည်သူများ ၀တ်ပြုနေစဉ်

    – အစ္စရေးက သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် ဂျေရုစလင်မြို့ဟောင်းက အလ်-အက်ဆာ ဗလီဝတ်ကျောင်းတော်ကို အစ္စရေးက တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားမှုအတွက် တင်းမာမှုတွေ မြင့်တက်နေတဲ့အချိန် ဒီနေ့ သောကြာဝတ်ပြုမှုမှာ ကန့်သတ်ချက်တစ်ခု ထပ်ထုတ်လိုက်တဲ့အတွက် အခြေအနေက ပိုပြီးဆိုးမယ့် အနေအထားတွေ ရှိနေပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ် သောကြာနေ့က အလ်-အက်ဆာ ဗလီအပြင်ဘက် အစ္စရေးစစ်ဆေးရေးဂိတ်မှာ ပါလက်စတိုင်း ၃ ဦးက ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တာကြောင့် အစ္စရေးရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ပြီး၊ ပါလက်စတိုင်း သေနတ်သမားတွေလည်း အပြန်အလှန်ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ပါတယ်။

    အဲဒီနောက်ပိုင်းမှာ အစ္စရေးက သောကြာနေ့ဝတ်ပြုမှုကို ပိတ်ပင်ကာ ဗလီဝတ်ကျောင်းတော်ကို ပိတ်ပစ်ခဲ့ပါတယ်။ ဒီလုပ်ရပ်ကြောင့် အာရပ်နိုင်ငံတွေနဲ့ ကမ္ဘာတစ်ဝှမ်းက ရှုတ်ချမှုတွေ ရှိလာပြီး တနင်္ဂနွေနေ့မှာ ဗလီကို ပြန်ဖွင့်ပေးခဲ့ပေမယ့် သတ္တုရှာဖွေရေးစက်တွေ၊ လုံခြုံရေးကင်မရာတွေ မြောက်များစွာ တပ်ဆင်ခဲ့ပြီး ပါလက်စတိုင်းတွေကတော့ ဒါကို လက်မခံတဲ့အတွက် ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကာ အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေကလည်း ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့ပါတယ်။

    ဒီနေ့ သောကြာဝတ်ပြုမှုအတွက် အသက် ၅၀ အောက် ပါလက်စတိုင်းအမျိုးသားတွေ ဗလီထဲ ၀င်ရောက်ခွင့်မပြုဘူးလို့ အစ္စရေးက အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

    “အသက် ၅၀နဲ့အထက် အမျိုးသားတွေကိုသာ မြို့ဟောင်းနဲ့ Tempole Mount အတွင်း ၀င်ရောက်ခွင့်ပြုပါတယ်။ အမျိုးသမီးတွေကိုတော့ အသက်ကန့်သတ်ထားခြင်း မရှိပါဘူး” လို့ အစ္စရေးရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    သောကြာနေ့မနက်ပိုင်း ပါလက်စတိုင်းရပ်ကွက်တွေမှာ အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဟ အင်အားတော်တော်များများနဲ့ ၀န်းရံထားပြီး ထူးသဖြင့် ဗလီဝတ်ကျောင်းတော်တစ်ဝိုက်မှာ ဖြစ်ပါတယ်။

    နေ့စဉ် ဆန္ဒပြမှု

    ဆန္ဒပြသူများအား အစ္စရေးရဲတပ်ဖွဲ့ နှိမ်နှင်းမှု

    အစ္စရေးက ဗလီဝတ်ကျောင်းတော်တစ်ဝိုက်မှာ သတ္တုရှာဖွေရေးစက်တွေ၊ တစ်ဦးချင်းသာ ၀င်ရောက်ရမယ့် စက်တွေ၊ လုံခြုံရေးကင်မရာတွေ တပ်ဆင်ခဲ့တာကို ပါလက်စတိုင်းပြည်သူတွေက မကျေနပ်ဘဲ အလ်-အက်ဆာဗလီရဲ့ အမှတ်သညာကို ပြောင်းလဲဖို့ ကြိုးစားတဲ့လုပ်ရပ်လို့ မှတ်ယူခဲ့ကြပါတယ်။

    ဒါ့ကြောင့် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကစလို့ နေ့တိုင်းလိုလို ဗလီဝတ်ကျောင်းတော်ရှေ့မှာ ဆန္ဒပြခဲ့ကြပြီး အစ္စရေးရဲတပ်ဖွဲ့ကလည်း ရာဘာကျည်ဆံတွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ ပြန်လည်နှိမ်နင်းတာကြောင့် ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။

    အစ္စရေးလုံခြုံရေးကက်ဘိနတ်က ဗလီဝတ်ကျောင်းတော်မှာ ချထားတဲ့ လုံခြုံရေးဆိုင်ရာပစ္စည်းတွေကို ဘယ်အချိန်မှာ ဖယ်ရှားမလဲဆိုတာကိုတော့ ရဲတပ်ဖွဲ့က ဆုံးဖြတ်မယ်လို့ ဆိုပါတယ်။

    အင်္ဂါနေ့က အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေရဲ့ ရာဘာကျည်တွေနဲ့ ပစ်ခတ်မှုအတွင်း ဒဏ်ရာရသူတွေထဲမှာ အလ်-အက်ဆာ ဗလီဝတ်ကျောင်းတော်ရဲ့ ရှေ့ဆောင်အီမာမ်ဖြစ်ပြီး၊ မွတ်စလင်ကောင်စီရဲ့ အကြီးအကဲဖြစ်တဲ့ ရှိခ် အက်ရီမာ ဆဘ်ရီလည်း ပါဝင်ခဲ့ပါတယ်။

    မနေ့က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုဟာ အစ္စရေးလုံခြုံရေးဌာနတွေရဲ့ အကြံပြုချက်တွေကို ရရှိခဲ့ပြီး အချို့ဌာနတွေက ဗလီမှာထားရှိတဲ့ လုံခြုံရေးအဆီးအတားတွေကို ဖယ်ရှားပစ်ဖို့ အကြံပြုခဲ့ပေမယ့် ဂျေရုစလင်ရဲတပ်ဖွဲ့ကတော့ သူတို့ ဆက်ရှိနေမယ်လို့ ဆိုပါတယ်။

    လက်ရှိ ဂျေရုစလင်မှာ ထင်ရှားတဲ့ ပါလက်စတိုင်းတက်ကြွလှုပ်ရှားသူ ၁၀ ဦလောက် အဖမ်းခံထားရပြီး ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်ရဲ့ ဖာတာပါတီက ဂျေရုစလင်အဖွဲ့ခွဲခေါင်းဆောင်လည်း ဖမ်းဆီးခံရမှုမှာ ပါဝင်ပါတယ်။

    ဒေါသများမြင့်တက်

    ဆန္ဒပြသူများအား အစ္စရေးရဲတပ်ဖွဲ့ နှိမ်နှင်းမှု

    အလ်-အက်ဆာဗလီကို အပိုင်စီးတဲ့သဘောမျိုး ဖြစ်နေတဲ့ အစ္စရေးရဲ့လုပ်ရပ်အတွက် ပါလက်စတိုင်းက ဟားမက်စ်အဖွဲ့နဲ့ ကမ္ဘာ့ခေါင်းဆောင်တွေက ဒီနေ့မှာ အကြီးအကျယ် ဆန္ဒပြဖို့ တိုက်တွန်းထားပါတယ်။

    ဗုဒ္ဓဟူးနေ့က ဟားမက်စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယာက အစ္စရေးရဲ့လုပ်ရပ်တွေဟာ ဘောင်ကျော်နေပြီလို့ သတိပေးခဲ့ပါတယ်။

    ဒိုဟာအခြေစိုက် နိုင်ငံတကာ မွတ်စလင်ဓမ္မပညာရှင်များအစည်းအရုံးကလည်း အလ်-အက်ဆာဗလီမှာ ၀တ်ပြုသူတွေနဲ့ တစ်သားတည်းရှိကြောင်း ပြသဖို့ ကမ္ဘာတစ်ဝှမ်းက မွတ်စလင်တွေကို တိုက်တွန်းထားပါတယ်။

    “ဂျေရုစလင်မှာ ဇိုင်ယွန်တွေရဲ့ လုပ်ရပ်ကို ဆန့်ကျင်တဲ့ သဘောထားကို သောကြာနေ့မှာ ပြသဖို့အတွက် မွတ်စလင်အားလုံးနဲ့ အဲဒီမှာ နေထိုင်သူအားလုံးကို ကျွန်တော်တို့ တိုက်တွန်းပါတယ်” လို့ ဒီအဖွဲ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြခဲ့ပါတယ်။

    အခုသီတင်းပတ်အစောပိုင်းကလည်း ဂျေရုစလင်က ထိပ်တန်း မွတ်စလင်ခေါင်းဆောင် မွဖ်သီကြီး မိုဟာမက် ဟူစိန်က ဒီတစ်ပတ်သောကြာနေ့မှာ မြို့တွင်းက ဗလီတွေအားလုံးပိတ်ပြီး အလ်-အက်ဆာဗလီရဲ့ ဂိတ်ပေါက်ဝတွေမှာ သောကြာနေ့ ၀တ်ပြုမှုကို ဆုပေါင်းဝတ်ပြုကြဖို့ တိုက်တွန်းခဲ့ပါတယ်။

    နိုင်ငံတကာက ကြားဝင်ရန်

    အလ်-အက်ဆာဗလီအား အစ္စရေးက အပိုင်စီးထားမှုကြောင့် ဗလီအပြင်ဘက်တွင် ပါလက်စတိုင်းပြည်သူများ ၀တ်ပြုနေစဉ်

    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက သူတို့အနေနဲ့ အလ်-အက်ဆာဗလီရဲ့ လက်ရှိအနေအထားကို ပြောင်းလဲလိုတဲ့ဆန္ဒ မရှိဘူးလို့ ပြောထးပေမယ့် ပါလက်စတိုင်းပြည်သူတွေကတော့ သူတို့ပိုင်ဆိုင်တဲ့ အဲဒီနေရာကို အစ္စရေးက သိမ်းယူလိုက်မှာ စိုးရိမ်နေပါတယ်။

    ဂျေရုစလင်မှာ တင်းမာမှုတွေ မြင့်တက်လာတာကြောင့် ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်ဟာ ဗုဒ္ဓဟူးနေ့က တရုတ်နိုင်ငံကိုသွားမယ့်အစီအစဉ် ဖျက်သိမ်းကာ အနောက်ဖက်ကမ်းကို ပြန်ရောက်လာပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းက ကြားဝင်ပေးဖို့ကိုလည်း အဘတ်စ်က တိုက်တွန်းဆော်သြထားပါတယ်။

    ပါလက်စတိုင်းပိုင် ဂျေရုစလင်မြို့ဟောင်းပြ မြေပုံ

    Ref: Aljazeera

  • ရိုဟင်ဂျာများအား လူကုန်ကူးမှုအတွက် အပြစ်ရှိသူများကို ထိုင်းက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်

    ရိုဟင်ဂျာများအား လူကုန်ကူးမှုအတွက် အပြစ်ရှိသူများကို ထိုင်းက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်

    ဇူလိုင် ၂၀၊ ၂၀၁၇
    M-Media

    သံသယရှိသူ ၁၀၀ ကျော်မှာ ထိုင်းစစ်တပ်က ဒုတိယဗိုလ်ချုပ်ကြီး Manas Kongpaen၊ ဒေသတွင်း နိုင်ငံရေးသမားတွေ အပါအ၀င် လူ ၇၀ လောက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရပြီး ဒုတိယဗိုလ်ချုပ်ကြီးကတော့ ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံခဲ့ရပါတယ်။

    – ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို လူကုန်ကူးမှု၊ ဖမ်းဆီးပြန်ပေးဆွဲမှုတွေနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကို ထိုင်းနိုင်ငံက နှစ်ရှည်ထောင်ဒဏ်တွေ ယမန်နေ့မှာ ချမှတ်လိုက်ပါတယ်။

    သံသယရှိသူ ၁၀၀ ကျော်မှာ ထိုင်းစစ်တပ်က ဒုတိယဗိုလ်ချုပ်ကြီး Manas Kongpaen၊ ဒေသတွင်း နိုင်ငံရေးသမားတွေ အပါအ၀င် လူ ၇၀ လောက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရပြီး ဒုတိယဗိုလ်ချုပ်ကြီးကတော့ ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံခဲ့ရပါတယ်။

    ဘန်ကောက် ရာဇ၀တ်မှုဆိုင်ရာ တရားရုံးက Manas Kongpaen ဟာ နိုင်ငံဖြတ်ကျော် ရာဇ၀တ်ဂိုးဏ်ကွန်ယက်မှာ ပါဝင်ပတ်သက်မှု၊ လူကုန်ကူးမှုအတွက် အခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေမှာ အပြစ်ရှိကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ဗိုလ်ချုပ်ကြီးဟာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်က ရွှေ့ပြောင်းလုပ်သားတွေနဲ့
    ပတ်သက်လို့ လူကုန်ကူးမှု၊ လာဘ်ယူမှုတွေအတွက်လည်း တာဝန်ရှိခဲ့သူ ဖြစ်ပါတယ်။

    ဒီလူကုန်ကူးမှုမှာ အခရာကျတယ်လို့ ယူဆထားသူ ထိုင်းတောင်ပိုင်းက နာမည်ကြီး စီးပွားရေးနဲ့ နိုင်ငံရေးသမား Pajjuban Aungkachotephan ဟာ ထောင်ဒဏ် ၇၅ နှစ်ချမှတ်ခံရပြီး၊ မြို့တော်ဝန်ဟောင်း Bannakong Pongphol ကတော့ ထောင်ဒဏ် ၇၈ နှစ် ချမှတ်ခံခဲ့ရပါတယ်။

    မနေ့က ကြားနာမှုအတွင်း အမြင့်ဆုံးပြစ်ဒဏ်ကို ကျခံခဲ့ရသူက အန်ဝါရ်လို့ သိကြတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာအမျိုးသား စိုးနိုင်ဆိုသူဖြစ်ပြီး ထောင်ဒဏ် ၉၄ နှစ် ကျခံရမှာဖြစ်ပါတယ်။ သူဟာ ရိုဟင်ဂျာတွေကို လူကုန်ကူးတဲ့လုပ်ငန်း၊ မလေးရှားကို ပို့ပေးဖို့အတွက် ပြန်ပေးဆွဲထားပြီး ငွေညှစ်တဲ့လုပ်ငန်းမှာ ဦးဆောင်နေသူ ဖြ
    စ်ပါတယ်။

    ၂၀၁၅ ခုနှစ် ထိုင်းတောင်ပိုင်းကတောထဲ လူကုန်ကူးသမားတွေ စခန်းချရာ နေရာလို့ ယူဆတဲ့ နေရာတွေမှာ ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ နေရာတွေကို တွေ့ခဲ့ရပြီးတဲ့နောက် ထိုင်းအစိုးရက ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တာပါ။

    ဖမ်းဆီးထားတဲ့ လူ ၁၀၀ ကျော်မှာ မြန်မာနိုင်ငံသားတွေ၊ ထိုင်း ရဲတပ်ဖွဲ့နဲ့ စစ်တပ်က တာဝန်ရှိသူတွေ၊ ဒေသတွင်း နိုင်ငံရေးသမားတွေ ပါဝင်ပြီး ကြားနာမှုတွေကို အခုနှစ်အစောပိုင်းမှာ စတင်ခဲ့ပါတယ်။

    ကြားနာမှုတွေနဲ့ အမိန့်ချမှုတွေကို ဒီနေ့မှာ ဆက်လက်ပြုလုပ်သွားမှာဖြစ်ပြီး ထိုးအစိုးရရဲ့ ဒီလိုဆောင်ရွက်ချက်တွေကို လူ့အခွင့်အရေးအဖွဲ့တွေက ချီးကျူးခဲ့ပါတယ်။

    Ref: Bangkokpost, Nwe Straits times