News @ M-Media
Author: Ko Lay
  • ကမ္ဘာမှာ အများပြည်သူ ရုံးပိတ်ရက်အများဆုံးက ဘယ်နိုင်ငံတွေလဲ
    ကမ္ဘာမှာ အများပြည်သူ ရုံးပိတ်ရက်အများဆုံးက ဘယ်နိုင်ငံတွေလဲ
    ဇူလိုင် ၁၉၊ ၂၀၁၇
    M-Media
    – ခရီးသွားလုပ်ငန်း ၀ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Wego က ကမ္ဘာပေါ်မှာ အများပြည်သူ ရုံးပိတ်ရက်အများဆုံးနိုင်ငံတွေကို စာရင်းကောက်ရာမှာ အိန္ဒိယနိုင်ငံက တစ်နှစ်ကို ပိတ်ရက် ၂၁ ရက်နဲ့ ထိပ်ဆုံးမှာ ရှိနေပါတယ်။
    ဒုတိယနေရာမှာ ကိုလံဘီယာနဲ့ ဖိလစ်ပိုင်တို့က ၁၈ ရက်စီနဲ့ ရှိနေပြီး၊ တရုတ်နဲ့ ဟောင်ကောင်တို့က ၁၇ ရက်နဲ့ တတိယနေရာမှာ ရှိနေပါတယ်။
    Wego မားကတ်တင်းအကြီးအကဲ ဂျိုအာချင်း ဟိုလ်တီက တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ခရီးသွားလာမှုနယ်ပယ်မှာ အမြန်ဆုံးတိုးတက်လာတဲ့ နိုင်ငံဖြစ်ရုံသာမက အလုပ်သမားတွေအတွက် ပိတ်ရက်ရှည်ရှည်ပေးပြီး ပိတ်ရက်တွေဟာ စနေ၊ တနင်္ဂနွေနေ့နဲ့ တိုက်မယ်ဆိုရင်တော့ အစိုးရက ကြားရက်တွေမှာ အစားထိုး ပိတ်ပေး
    တယ်လို့ ဆိုပါတယ်။
    “ဒီနှစ်မှာ တရုတ်ရဲ့ ရုံးပိတ်မယ့်ရက် ၁၇ ခုအတွက် ၂၈ ရက် ပိတ်မှာဖြစ်ပြီး ထိုမ်ဝမ်က ပိတ်ရက် ၁၃ ခုအတွက် ၂၉ ရက် ပိတ်မှာဖြစ်ပါတယ်”
    ကမ္ဘာပေါ်က အများပြည်သူရုံးပိတ်ရက် အနည်းဆုံးနိုင်ငံက တောင်အမေရိကတိုက်က မက္ကဆီကိုနိုင်ငံဖြစ်ပြီး ၇ ရက်သာ ရှိပါတယ်။ ဒါပေမယ့် အစိုးရအနေနဲ့ အလုပ်သမားတွေရဲ့ တစ်ဦးချင်း လိုအပ်ချက်အရ ခြွင်းချက်အနေနဲ့ အားလပ်ရက် ပေးထားပါတယ်။
    အာရှမှာ ယူအေအီးက အများပြည်သူရုံးပိတ်ရက် ၁၁ ရက်ရှိပြီး အခြား အာရှနိုင်ငံတွေထက်စာရင် နည်းနေပါတယ်။
    “ဖိလစ်ပိုင်ရဲ့ အများပြည်သူရုံးပိတ်ရက်ဟာ ၁၈ ရက်ဖြစ်ပြီး မယူမနေရ အားလပ်ရက် ၅ ရက် ထည့်ပေါင်းမယ်ဆိုရင် များသွားမှာပါ။ သြစတေးလျအလုပ်သမားတွေကတော့ နေတဲ့ပြည်နယ်အလိုက် ၁၀ ရက်ဝန်းကျင်လောက် ရုံးပိတ်ရက်ရပြီး တစ်နှစ်လုံးအတွက်တွက်မယ်ဆိုရင်တော့ ရက် ၂၀ လောက် ရှိမှာဖြစ်ပါတယ်” လို့ Wego က ပြောကြားခဲ့ပါတယ်။
    Wego ရဲ့ ဒီစာရင်းမှာ မြန်မာနိုင်ငံမပါဝင်ပေမယ့် မြန်မာနိုင်ငံရဲ့ တရားဝင် ရုံးပိတ်ရက်ဟာ တနှစ်ကို ၂၆ ရက်ရှိနေပြီး ကမ္ဘာ့နိုင်ငံတွေနဲ့တွက်ရင် အများဆုံးလို့ ပြောလို့ရပါတယ်။ NLD အစိုးရဟာ ယခင် သင်္ကြန်ပိတ်ရက် ၁၀ ရက်ကို အခုနှစ်ကစလို့ ၅ ရက်သာ သတ်မှတ်ခဲ့ပြီး ဒီ ၅ ရက်အစားကို သီတင်းကျွတ်၊ တန်ဆောင်တိုင်၊ နိုင်ငံတကာ နှစ်သစ်ကိုးရုံးပိတ်ရက်တွေမှာ တိုးမြှင့်သတ်မှတ်ခဲ့ပါတယ်။
    ကမ္ဘာ့ရုံးပိတ်ရက်အများဆုံး ၁၀ နိုင်ငံစာရင်းက အောက်ပါအတိုင်းဖြစ်ပါတယ်။
    1. India1. IndiaNumber of holidays: 21
    2. Colombia, PhilippinesNumber of holidays: 18
    3. China, Hong KongNumber of holidays: 21
    4. Thailand, Turkey, PakistanNumber of holidays: 16
    5. Japan, Malaysia, Argentina, Lithuania, Vietnam, SwedenNumber of holidays: 15
    6. Indonesia, Chile, SlovakiaNumber of holidays: 14
    7. South Korea, Austria, Belgium, Norway, TaiwanNumber of holidays: 13
    8. Finland, RussiaNumber of holidays: 12
    9. Singapore, China, Canada, Italy, Denmark, France, UAE, Morocco, Czech Republic,
    LuxembourgNumber of holidays: 11
    10. US, Portugal, Ukraine, Australia, New Zealand, Netherlands, Croatia, RomaniaNumber of holidays: 10
    Ref: gulfbusiness
  • ရိုဟင်ဂျာများကို လူကုန်ကူးမှုအတွက် ထိုင်းစစ်ဗိုလ်ချုပ်ကြီးတစ်ဦး အပြစ်ရှိကြောင်း တွေ့ရှိ
    ရိုဟင်ဂျာများကို လူကုန်ကူးမှုအတွက် ထိုင်းစစ်ဗိုလ်ချုပ်ကြီးတစ်ဦး အပြစ်ရှိကြောင်း တွေ့ရှိ
    ဇူလိုင် ၁၉၊ ၂၀၁၇
    M-Media
    သံသယရှိသူပေါင်း ၁၀၀ ကျော်ပါဝင်သည့် စစ်ဆေးမှုအတွင်း ထိုင်းစစ်တပ်မှ ဒုတိယဗိုလ်ချုပ်ကြီး Manas Kongpaen မှာ လူကုန်ကူးမှု၊ လာဘ်စားမှုနှင့်ပတ်သက်၍ စွဲချက်မြောက်များစွာအတွက် ယနေ့တွင် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရ၍ တရားသူကြီးများက ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 
    – ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများကို လူကုန်ကူးမှုတွင် ပါဝင်မှုနှင့်ပတ်သက်၍ ထိုင်းနိုင်ငံက စစ်ဆေးမှုအတွင်း ဗိုလ်ချုပ်ကြီးတစ်ဦးမှာ အပြစ်ရှိသည်ဟု တရားသူကြီးများက ယနေ့တွင် ဆုံးဖြတ်လိုက်သည်။
    သံသယရှိသူပေါင်း ၁၀၀ ကျော်ပါဝင်သည့် စစ်ဆေးမှုအတွင်း ထိုင်းစစ်တပ်မှ ဒုတိယဗိုလ်ချုပ်ကြီး Manas Kongpaen မှာ လူကုန်ကူးမှု၊ လာဘ်စားမှုနှင့်ပတ်သက်၍ စွဲချက်မြောက်များစွာအတွက် ယနေ့တွင် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရ၍ တရားသူကြီးများက ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
    ထိုကဲ့သို့ တရားမ၀င်လူကုန်ကူးမှု၏ ဂိုဏ်းချုပ်ဖြစ်သည်ဟု ယူဆရသော Pajjuban Aungkachotephan မှာလည်း အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရသည်။ Pajjuban Aungkachotephan မှာ ထိုင်းနိုင်ငံတောင်ပိုင်း ဆာတွန်ပြည်နယ်မှ ထင်ရှားသည့် စီးပွားရေးသမားနှင့် နိုင်ငံရေးသမားဟောင်းလည်း ဖြစ်သည်။
    ၂၀၁၅ ခုနှစ်က ထိုင်းနိုင်ငံတောင်ပိုင်းတွင် ရိုဟင်ဂျာအလောင်း ၃၆ ခု မြှုပ်နှံထားသည့်နေရာများကို တွေ့ရှိခဲ့ပြီးနောက် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီး သံသယရှိသူ ၁၀၀ ကျော်တွင် မြန်မာနိုင်ငံသားများ၊ ထိုင်းရဲတပ်ဖွဲ့ဝင်များ၊ ဒေသတွင်းနိုင်ငံရေးသမားများ ပါဝင်သည်။
    ထိုကဲ့သို အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် နေရာများကို တွေ့ရှိမှုမှာ မြန်မာနိုင်ငံတွင် ဖိနှိပ်မှုများကြောင့် ထွက်ပြေးလာရသည့် ရိုဟင်ဂျာများအား လူကုန်ကူးကာ မလေးရှားသို့ ပို့ပေးရာ၌ ပြန်ပေးငွေရရန် တောထဲတွင် ဖမ်းဆီးထိန်းသိမ်းထားသည့် ကွန်ယက်များကို ပေါ်ထွက်လာစေခဲ့သည်။
    ထိုင်းအစိုးရမှာ ယခုနှစ်အစမှစ၍ ထိုကိစ္စအတွက် တရားစွဲဆို စစ်ဆေးမှုများပြုလုပ်ခဲ့သည်။ ထိုအမှုအား ဦးဆောင်ကိုင်တွယ်နေသည့် ထိုင်းရဲတပ်ဖွဲ့မှ ဗိုလ်ချုပ် Paween Pongsirin က ထိုင်းနိုင်ငံမှ ထင်ရှားသည့်ပုဂ္ဂိုလ်များမှာ ထိုပြဿနာနှင့် ဆက်စပ်နေသည်ကို တွေ့ရှိရပြီးနောက် ၎င်းတို့က မိမိအား သတ်ပစ်ချင်နေသည့်အတွက် ကြောက်ရွံ့နေသည်ဟု ပြောဆိုကာ သြစတေးလျသို့ ထွက်ပြေးလာပြီးနောက် ထိုအမှုမှာ နိုင်ငံတကာ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။
    ထိုင်းအာဏာသိမ်းအစိုးရကမူ မိမိတို့အဖြင့် နိုင်ငံ၏ အဓိကလုပ်ငန်းအဖြစ် ဦးစားပေးကာ လူကုန်ကူးမှုကို တိုက်ဖျက်သွားမည်ဟု ပြောကြားထားသည်။
    Ref: Aljazeera
  • အစ္စလာမ်နဲ့ပတ်သက်၍ အထင်မှားမှု များနေသည်ဟု သြဇီအလှဘုရင်မ ပြော
    အစ္စလာမ်နဲ့ပတ်သက်၍ အထင်မှားမှု များနေသည်ဟု သြဇီအလှဘုရင်မ ပြော
    ဇူလိုင် ၁၉၊ ၂၀၁၇
    M-Media
    – သူနားလည်ထားတဲ့ အစ္စလာမ်သာသနာဟာ ငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေးဖြစ်ပြီး ကမ္ဘာမှာ သာသနာနဲ့ပတ်သက်တဲ့ အထင်အမြင်မှားမှုတွေ တော်တော်များများရှိနေတယ်လို့ ၂၀၁၇ ခုနှစ် သြစလေးလျအလှမယ် သရဖူကို ပူပူနွေးနွေးရရှိထားသူ အလှမယ် အက်စ်မာ ဗိုလိုဒါက ပြောကြားလိုက်ပါတယ်။
    အသက် ၂၅ နှစ်အရွယ် ရှိပြီဖြစ်တဲ့ အက်စ်မာရဲ့ မိသားစုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော် ဘောစနီးယားမှာ စစ်ပွဲအကြီးအကျယ်ဖြစ်နေချိန်က ထွက်ပြေးကာ ဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့ရပြီးတဲ့နောက် သြစတေးလျကို ရောက်ရှိလာတာ ဖြစ်ပါတယ်။
    “ကုရ်အာန်ကနေတစ်ဆင့် ကျွန်မသိတဲ့ အစ္စလာမ်သာသနာဟာ လက်ရှိ ကမ္ဘာတစ်ဝှမ်း ဖြစ်ပွားနေတဲ့ ဘယ်လိုလုပ်ရပ်မျိုးနဲ့မှ မသက်ဆိုင်ပါဘူး။ လက်ရှိဖြစ်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် လူတွေက ဘာသာတရားကို လက်ညှိုးထိုးချင်တယ်။ ဒါပေမယ့် အဲဒီလိုလုပ်မယ်ဆိုရင် လုပ်တဲ့သူတွေကို တာဝန်မယူခိုင်းတာမျိုး ဖြစ်နေပါတယ်။ ပြီးတော့ သူတို့ကိုကြည့်ပြီး ဘာသာတရားကို သုံးသပ်လို့မရသလို၊ သူတို့ကိုပဲ ထိထိရောက်ရောက် ရင်ဆိုင်သွားရမှာပါ။ ဘာ့ကြောင်လည်းဆိုတော့ ကျွန်မတို့ဟာ မဆိုင်တာတွေကို အပြစ်တင်နေတာကြောင့် ဖြစ်ပါတယ်” လို့ အက်စ်မာက ပြောပါတယ်။
    ၂၀၁၇ ခုနှစ် သြဇီအလှမယ်ဘွဲ့ ဆွတ်ခူးစဉ်
    အစ္စလာမ်သာသာနာကို ခြိမ်းခြောက်နေတဲ့ ဒီလို အထင်မှား၊ အမြင်မှား ဖြစ်နေမှုကို သူ့ရဲ့ ကျော်ကြားမှုကိုသုံးပြီး ပယ်ဖျက်နိုင်ဖို့ မျှော်လင့်တယ်လို့လည်း အလှဘုရင်မက ဆိုပါတယ်။
    “အစ္စလာမ်နဲ့ပတ်သက်ပြီး အထင်အမြင် လွဲမှားမှုတွေက တအားများတယ်။ ကုရ်အာန်က သွန်သင်ထားမှုမရှိတဲ့ ပုံစံတွေကို ဖန်တီးထားကြတယ်လို့ ကျွန်မ ခံစားရပါတယ်။ အစ္စလာမ်သာသနာဟာ ငြိမ်းချမ်းရေး၊ စည်းလုံးမှု၊ သာယာဝပြောမှု၊ ပူးပေါင်းပါဝင်မှုလို့ ကျွန်မ ယုံကြည်ပါတယ်”
    သြစတေးလျကို ရောက်ရှိချိန်မှာ အသက် ၅ လသာရှိသေးတဲ့ အက်စ်မာဟာ ၂၀၀၈ ခုနှစ်မှာ Miss Teen Australia သရဖူကို ရရှိခဲ့ပြီး၊ ပြီးခဲ့တဲ့ သောကြာနေ့မှာတော့ Miss World Australia 2017 ပြိုင်ပွဲမှာ အနိုင်ရကာ သြဇီအလှဘုရင်မဘွဲ့ကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။
    Ref : Daily Mail
  • အမေရိကန်က ကမ္ဘာ့ပထမဆုံး လေဆာလက်နက်ကို တပ်ဆင်အသုံးပြု
    အမေရိကန်က ကမ္ဘာ့ပထမဆုံး လေဆာလက်နက်ကို တပ်ဆင်အသုံးပြု
    ဇူလိုင် ၁၉၊ ၂၀၁၇
    M-Media
    – အမေရိကန်နိုင်ငံက ကမ္ဘာ့ပထမဆုံး လေဆာလက်နက်ကို ရေတပ်က ပို့ဆောင်ရေး စစ်သင်္ဘော USS Ponce မှာ တပ်ဆင်လိုက်ပါတယ်။
    ‘လေဆာလက်နက်စနစ်’ (LaWS) လို့ အမည်ပေးထားတဲ့ အဲဒီလက်နက်ဟာ တိုက်ချင်းပစ်ဒုံးကျည်ဖြစ်တဲ့ ICBM ရဲ့ အမြန်နှုန်းထက် အဆပေါင်း ၅ သောင်းလောက်ပိုမြန်တာကြောင့် ကမ္ဘာ့ ဘယ်လက်နက်ထက်မဆို သာလွန်ပါတယ်။
    “ကျည်ဆံထက်ကို ပိုတိကျတယ်ဗျ။ စစ်တပ်မှာ သုံးနေတဲ့ လေပေါ်ပစ်မှတ်အတွက် ကောင်းတဲ့လက်နက်၊ ရေပေါ်ပစ်မှတ်အတွက် ကောင်းတဲ့လက်နက်၊ မြေပြင်ပစ်မှတ်အတွက် ကောင်းတဲ့လက်နက်တွေလိုမျိုး တစ်ခုကောင်းမဟုတ်ဘူးဗျ။ ဒီလေဆာက ဘယ်မှာမဆို အဆင်ပြေပြီး ပစ်မှတ်အားလုံးအတွက် သုံးလို့ရပါတယ်” လို့ USS Ponce ရဲ့ ကပ္ပတိန် ခရစ္စတိုဖာ ၀ဲလ်က ပြောကြားခဲ့ပါတယ်။
    ဖိုတွန်အမှုန်တွေပစ်လွှတ်မှုကို အခြေခံပြီး ပစ်မှတ်ကို အပူနဲ့ဖျက်ဆီးတဲ့ ဒီလက်နက်ဟာ လေတိုက်နှုန်းအပါအ၀င် အခြား ဘယ်လိုအရာမျိုးရဲ့ဒဏ်ကိုမှ မှုစရာမလိုဘဲ အရာဝတ္တုတွေကို အလင်းရဲ့အမြန်နှုန်းနဲ့ ပစ်နိုင်မှာဖြစ်ပါတယ်။ ပွဲဦးထွက်အဖြစ် အီရန်၊ မြောက်ကိုရီးယား၊ တရုတ်၊ ရုရှားနဲ့ အခြားသော ပြိုင်ဘက်နိုင်ငံတွေက တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ ဒရုန်းလေယာဉ်တစ်စင်းကို ပစ်ချပြခဲ့ပါတယ်။
    အမေရိကန်ရေတပ်က အခုလေဆာလက်နက်ဟာ အံ့သြဖွယ်တိကျတာကြောင့် စစ်ပွဲတွေမှာ အပျက်အစီးကို လျှော့ချနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။
    အဲဒီလေဆာလက်နက်စနစ်တစ်ခုကို ကန်ဒေါ်လာ သန်း ၄၀ တန်ဖိုးရှိပြီး လျှပ်စစ်စွမ်းအင်နဲ့အသုံးပြုရမှာဖြစ်ကာ ဂျင်နရေတာလည်း တွဲရက်ပါဝင်မှာဖြစ်ပါတယ်။ စက်ကိုကိုင်တွယ်ဖို့တော့ လူ ၃ ဦးသာလိုမှာဖြစ်ပြီး ဒေါ်လာသန်းချီတန်တဲ့ ဒုံးကျည်တွေ၊ အခြားသော ဘယ်လိုလက်နက်ခဲယမ်းမှ ထက်လိုမှာ မဟုတ်ပါဘူး။
    အမေရိကန် ရေတပ်ဟာ အခုလေဆာလက်နက်ထက် ပိုပြီး အားကောင်းတဲ့ ဒုတိယမျိုးဆက် လေဆာလက်နက်တွေကို ထုတ်လုပ်နေပါတယ်။
    Ref: CNN
  • နာမည်ကြီး ၀ရမ်းပြေးဘုန်းကြီးကို ထိုင်းက အမေရိကန်အထိ သွားရောက်ဖမ်းဆီး
    နာမည်ကြီး ၀ရမ်းပြေးဘုန်းကြီးကို ထိုင်းက အမေရိကန်အထိ သွားရောက်ဖမ်းဆီး
    ဇူလိုင် ၁၉၊ ၂၀၁၇
    M-Media
    – ကလေးငယ်များအား လိင်ပိုင်းဆိုင်ရာစော်ကားမှု အပါအ၀င် အမှုများစွာဖြင့် တရားစွဲဆိုခံထားရပြီး အမေရိကန်သို့ ထွက်ပြေးတိမ်းရှောင်နေသည့် ဘုန်းကြီး နန်ခမ်းကို ထိုင်းနိုင်ငံ သွားရောက်ဖမ်းဆီးနေပြီး မလိုလားအပ်သော ပြဿနာများ မဖြစ်စေရန် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်နေသည်ဟု ထိုင်းတာဝန်ရှိသူများက ပြောကြားလိုက်သည်။
    ယနေ့မနက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ထိုင်း ရှေ့ချုပ်ရုံး၏ နိုင်ငံတကာဌာနမှ ညွှန်ကြားရေးမှူး အမ်နတ် ချော့ချိုင်က နန်ခမ်းကို ကြည်ညိုသူများ ပြဿနာပြုလုပ်နိုင်မည့် အခြအနေကို စိုးရိမ်သည့်အတွက် အမေရိကန်နှင့်ထိုင်း နှစ်နိုင်ငံစလုံးက အသေအချာ ကိုင်တွယ်ဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။
    အဆိုပါ ဘုန်းကြီးမှာ ကလေးငယ်များအား လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ လိမ်လည်မှု၊ ကွန်ပျူတာအက်ဥပဒေ၊ ထိုင်းဘတ် သန်း ၄၀ ငွေကြေးခ၀ါချမှုတွင် ပါဝင်မှု စသည့် စွဲချက်များအတွက် ထိုင်းရဲတပ်ဖွဲ့မှ အလိုရှိနေသူဖြစ်သည်။
    ထိုင်းနိုင်ငံမှ ထွက်မပြေးခင် နန်ခမ်း၏ ဇိမ်ခံလွန်းသည့် လူနေမှုစရိုက်ကြောင့် ကျော်ကြားပြီး ဘုန်းကြီးတစ်ပါးဖြစ်သော်လည်း ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ခရီးထွက်ခြင်း၊ အကောင်းစား တံဆိပ်များကို အသုံးပြုခြင်းတို့ ရှိခဲ့သည်။ ၂၀၁၃ ခုနှစ်က ထွက်ပေါ်လာသည့် ဗီဒီယိုတစ်ခုတွင် Louis Vuitton လက်ကိုင်အိတ်၊ အကောင်းစားတံဆိပ် နေကာမျက်များဖြင့် နန်ခမ်းမှာ ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ခရီးသွားနေမှုကို တွေ့မြင်ခဲ့ရသည်။
    အဆိုပါဘုန်းကြီးဟု ယူဆရသည့် လူတစ်ဦးမှာ အမျိုးသမီးတစ်ဦးနှင့် လိင်ဆက်ဆံနေသည့် ဗီဒီယိုတစ်ခုလည်း အင်တာနက်တွင် ပြန့်နှံ့ခဲ့ပြီး နန်ခမ်းကမူ ဗီဒီယိုတွင်ပါဝင်သူမှာ ၎င်း၏ညီဖြစ်သည်ဟု ပြောကြားခဲ့သည်။
    သို့သော်လည်း ဆီဆာကတ်ဟုခေါ်သည့် အမျိုးသမီးတစ်ဦးက သူမကလေး၏ ဖခင်မှာ နန်ခမ်းဖြစ်သည်ဟု တရားရုံးတွင် တိုင်ကြားခဲ့ပြီး DNA စစ်ရန်လည်း အဆင်သင့်ရှိနေသည်ဟု ပြောကြားခဲ့သည်။
    ထိုင်း အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ DSI က ထိုင်းဘတ် ၂ ဘီလီယံ တန်ဖိုးရှိသည့် နန်ခမ်း၏ ဘဏ်အကောင့်များ၊ မြေများ၊ အိမ်များကို သိမ်းဆည်း ချိတ်ပိတ်ထားသည်။
    အမေရိကန်မှာ ထိုင်းအာဏာပိုင်များ၏ တောင်းဆိုမှုကြောင့် ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့ကတည်းက ဖမ်းဆီးကာ လူဝတ်လဲခဲ့သည်။
    Ref : The Nation