News @ M-Media
Author: Ko Lay
  • ချန်ပီယံလိဂ်ဗိုလ်လုပွဲကြည့်စဉ် လူအုပ်တိုးမှုကြောင့် အီတလီတွင် လူ ၁၀၀၀ ခန့် ဒဏ်ရာရ
    ချန်ပီယံလိဂ်ဗိုလ်လုပွဲကြည့်စဉ် လူအုပ်တိုးမှုကြောင့် အီတလီတွင် လူ ၁၀၀၀ ခန့် ဒဏ်ရာရ
    ဇွန် ၄၊ ၂၀၁၇
    M-Media
    – ဂျူဗင်တပ်စ်အသင်း အခြေစိုက်ရာ တူရင်မြို့တွင် ဘောလုံးပွဲကြည့်သည့် လူအုပ်ကြီး ကြောက်လန့်တကြား တိုးဝှေ့မှုကြာင့် လူ ၁၀၀၀ ခန့် ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
    ယနေ့မနက် ရီးယဲလ်မက်ဒရစ်နှင့် ဂျူဗင်တပ်စ်အသင်းတို့၏ ချန်ပီယံလိဂ်ပွဲစဉ်ကို ဂျူဗင်တပ်စ် ပရိတ်သတ်များက Piazza San Carlo ရင်ပြင်တွင် စုပေါင်းကြည့်ရှုနေစဉ် ဒုတိယပိုင်း ပြီးကာနီး ၁၀ မိနစ်အလို၌ မီးရှူးမီးပန်း ဖောက်သည်ကို ဗုံးကွဲသည်ဆိုသည့် ကောလဟာလသတင်းကြောင့် လူများ အော်ဟစ်ကာ တိုးဝှေ့ထွက်ရာမှ ထိုကဲ့သို့ ထိခိုက်နာကျင်ခဲ့ခြင်းဖြစ်သည်။
    တိုးဝှေ့ထွက်စဉ် ရင်ပြင်ကို ကာထားသည့် အဆီးအတားများတွင် ညပ်မိခြင်း၊ လူအုပ်ကြားထဲတွင် ညပ်မိခြင်းကြောင့် လူ ၁၀၀၀ ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအ၀င် ၂ ဦးမှာ ဒဏ်ရာအခြေအနေ စိုးရိမ်ရသည်။
    ထိုအဖြစ်အပျက် ဖြစ်ပွားပြီးနောက်ပိုင်း ရင်ပြင်တွင် ဖိနပ်များ၊ အိတ်များ ပုံနေသည်ကို တွေ့ရသည်။
    ဂျူဗင်တပ်စ်အသင်းသမိုင်းတွင် ၁၉၈၅ ခုနှစ်က ဟေဆယ်ကွင်း၌ ဥရောပဖလား ဗိုလ်လုပွဲအဖြစ် လီဗာပူးလ်အသင်းနှင့် မကစားမီ နံရံပြိုကျမှုကြောင့် အီတလီပရိတ်သတ် အများစုအပါအ၀င် လူပေါင်း ၃၉ ဦး သေဆုံးခဲ့သည့် ဖြစ်ရပ်ဆိုးတစ်ခု ရှိနေသည်။
    Ref: BBC
  • အရှေ့တောင်အာရှက IS ရဲ့ သားကောင်အသစ် (သို့မဟုတ်) ဖိလစ်ပိုင်မွတ်စလင်များ
    အရှေ့တောင်အာရှက IS ရဲ့ သားကောင်အသစ် (သို့မဟုတ်) ဖိလစ်ပိုင်မွတ်စလင်များ
    ဇွန် ၄၊ ၂၀၁၇
    M-Media
    IS ရန်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသည့် ဖိလစ်ပိုင် မွတ်စလင်များ
    – ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း မြို့တစ်မြို့မှာ ပြင်းထန်တဲ့ တိုက်ပွဲတွေကြား ပိတ်မိနေခဲ့တဲ့ ဒါဇင်နဲ့ချီတဲ့ အရပ်သားတွေဟာ စနေနေ့က အစိုးရစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ တိုက်ခိုက်ရေးသမားတွေရဲ့ရန်ကနေ လွတ်အောင်ရှောင်ပြီး ဘေးကင်းရာနေရာကို ရောက်သွားခဲ့ပါတယ်။ ဒါပေမယ့် လူ ၂၀၀၀ လော
    က်တော့ ဆိုးရွားတဲ့ အခြေအနေမျိုးမှာ ဆက်လက် ပိတ်မိနေဆဲပါ။
    IS အကြမ်းဖက်အဖွဲ့နဲ့ အဆက်အသွယ်ရှိတဲ့ တိုက်ခိုက်ရေးသမားတွေ ထိန်းချုပ်ထားတဲ့ မာရာဝီမြို့ရဲ့ တစ်နေရာမှာ ပုန်းအောင်ပြီး ထွက်ပြေးလာရတဲ့ လူ ၃၈ ယောက်က အရပ်သားတွေ အန္တရာယ်ကင်းစွာ ဖြတ်သန်းဖို့အတွက် စစ်တပ်ဟာ အဓိက တံတားတစ်ခုကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
    မင်ဒါနာအိုကျွန်းက မာရာဝီမြိုမှာဖြစ်ပွားနေတဲ့ တိုက်ပွဲဟာ လွန်ခဲ့တဲ့ ၂ ပတ်နီးပါးလောက် စတင်ခဲ့တာဖြစ်ပြီး၊ သမ္မတ ဒူတာတေးက နိုင်ငံတောင်ပိုင်းတစ်ခုလုံးကို စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခဲ့ပါတယ်။
    “သေနတ်သံတွေ၊ ပေါက်ကွဲသံတွေ ကြားရင် ညတိုင်း မှောင်မှောင်မဲမဲထဲ ကြမ်းပြင်မှာ ၀ပ်နေရပါတယ်။ တံခါးတွေကို ပရိဘောဂတွေ၊ ရေခဲသေတ္တာတွေနဲ့ ပိတ်ထားရတယ်” လို့ အသက် ၂၇ နှစ်အရွယ် အထက်တန်းပြဆရာမ ဂျီရိုနာ ဆီဒရုမ်းက ပြောကြားခဲ့ပါတယ်။
    “IS တွေက အိမ်ထဲကနေ အတင်းဖြတ်ဖို့လုပ်တယ်။ ဒုတိယအကြိမ်မှာတော့ ကျွန်မတို့ဟာ အိမ်အောက်က လှိုဏ်ခေါင်းထဲမှာ ပုန်းနေရပါတယ်”
    တိုက်ပွဲကြောင့် သေဆုံးသူအရေအတွက်ဟာ အနည်းဆုံး ၁၇၅ ဦး ရှိလာခဲ့ပြီး အများစုက တိုက်ခိုက်ရေးသမားတွေဖြစ်ကာ၊ စစ်သားနည်းနည်း၊ ဒါဇင်နဲ့ချီတဲ့ အရပ်သားတွေ ပါဝင်ပါတယ်။
    လူပေါင်း ၂ သိန်းလောက်နေထိုင်ပြီး မွတ်စလင်အများစုရှိရာ ဒီ မာရာဝီမြို့ကို သေနတ်သမားတွေက မေလ ၂၃ ရက်နေ့မှာ ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး၊ အစိုးရတပ်ဖွဲ့က သူတို့ရဲ့ခေါင်းဆောင် အစ္စနီလွန် ဟာပီလွန်ကို ဖမ်းဆီးဖို့ ကြိုးစားခဲ့ပြီးတဲ့နောက်ပိုင်း ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
    မာရာဝီမြို့လယ်ကောင်ကို သေနတ်သမား ၅၀ က ၂ ပတ်နီးပါးလောက် သိမ်းထားခဲ့ပြီး ခရစ်ယာန်ကသလစ်ဘုန်းတော်ကြီး တစ်ဦးအပါအ၀င် ဓားစားခံ အနည်းဆုံး ၁၅ ယောက်လောက်ကို နောက်ပိုင်းမှာ ဖမ်းဆီးခဲ့ပါတယ်။ အဲဒီထဲက တစ်ချို့ကို လူသားတံတိုင်းအဖြစ် အသုံးပြုတယ်လို့ ဖိလစ်ပိုင်စစ်တပ်က
    ပြောကြားခဲ့ပါတယ်။
    လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိုးရိမ်မှုများ
    မွတ်စလင်အများစုရှိရာ မာရာဝီမြို့က ထောင်နဲ့ချီတဲ့လူတွေဟာ ထွက်ပြေးခဲ့ရပြီး အာဏာပိုင်တွေကတော့ မြို့ထဲမှာ လူ ၂၀၀၀ လောက် ပိတ်မိနေတယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။ အများစုကတော့ သေနတ်သမားတွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ဖြစ်ပါတယ်။ အဲဒီ ပိတ်မိသူတွေဟာ အစားအသော
    က်၊ ရေတွေ ရရှိပုံမပေါ်ဘဲ၊ အချို့တွေက ဒဏ်ရာရတာတွေ၊ နေမကောင်းဖြစ်နေတာတွေ ရှိနေပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေကတော့ သူတို့ရဲ့ စစ်ဆင်ရေးကို တိုးမြှင့်ပြုလုပ်နေပါတယ်။
    “အာဏာပိုင်တွေက လွတ်မြောက်လာသူ ရုတ်တရက်မြင့်တက်လာမှုကို အလျင်မီအောင်လုပ်နေရချိန် အစားအစာ၊ သန့်ရှင်းတဲ့ရေ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ တစ်ကိုယ်ရေသန့်ရှင်းရေးလိုအပ်ချက်တွေဟာ မြင့်တက်လာနေပါတယ်” လို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
    “မာရာဝီ တိုက်ပွဲတွေကနေ လွတ်မြောက်အောင် ကြိုးစားကြတဲ့သူတွေမှာ သွားဖို့လာဖို့ စီးစရာ မရှိပါဘူး။ လုံခြုံရေးမြှင့်ထားတာကြောင့် အများပြည်သူသုံး ယာဉ်တွေ မြို့ထဲသွားတာကို ပိတ်ထားပါတယ်” လို့ ကြက်ခြေနီအဖွဲ့က ထည့်သွင်းပြောဆိုခဲ့ပြီး NGO တွေကို မှီခိုနေရသူတွေကတော့ မြို့ကနေ ထွက်သွားနိုင်မယ်လို့ ဆု
ိပါတယ်။
    ဖိလစ်ပိုင်စစ်တပ်က လေကြောင်းကနေ လက်နက်ကြီးတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်တာ၊ ဗုံးချတာတွေ လုပ်နေတယ်လို့ ဆိုပြီး၊ မြေပြင်တပ်ဖွဲ့တွေကလည်း စနိုက်ပါတွေ၊ လက်လုပ်ဗုံးတွေ၊ တင့်ဖျက်ဒုံးကျည်တွေကို ရှောင်ရှားကာ ရှင်းလင်းရေးတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။
    တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့အချိန် စနေနေ့က အနည်းဆုံး လူ ၇၀ လောက်ကို ကယ်ထုတ်နိုင်ခဲ့ပြီး အဲဒီအထဲမှာ Dansalan ကောလိပ်က ဆရာ၊ ဆရာမှ ၂၃ ယောက်၊ အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ယောက်၊ အခြား ကလေးငယ် ၇ ယောက်နဲ့ အရွယ်ရောက်ပြီးသူ ၇ ယောက်တို့ ပါဝင်ပါတယ်။
    တိုက်ပွဲပထမနေ့မှာပဲ သေနတ်သမားတွေဟာ ကောလိပ်ကို မီးရှို့ခဲ့ပြီး၊ သူတို့ပုန်းနေတဲ့ အိမ်တစ်ဝိုက်က အိမ်တော်တော်များများကို ဗုံးတွေ၊ သေနတ်တွေနဲ့ ပစ်ခတ်ဖျက်ဆီးခဲ့တယ်လို့ ဆရာတွေက ပြောကြားခဲ့ပါတယ်။
    အဲဒီကောလိပ်ဟာ ခရစ်ယာန် ကက်သလစ်အသင်းတော်ရဲ့ ကြီးကြပ်မှုနဲ့ ကက်သလစ်ဘုန်းကြီးတစ်ပါးက အုပ်ချုပ်နေတာဖြစ်ပြီး ဆရာ၊ ဆရာမတွေအားလုံးက ခရစ်ယာန်တွေဖြစ်ပါတယ်။
    အဲဒီ ဆရာ၊ ဆရာမတွေဟာ အစိုးရ ကယ်ဆယ်ရေးသမားတွေနဲ့ ဖုန်းမက်ဆေ့ခ်ျ လျှို့ဝှက်ဆက်သွယ်မှုကနေ လွတ်မြောက်လာတာဖြစ်ပါတယ်။
    ရေခဲမုန့်စက်ရုံ အလုပ်သမား အသက် ၂၈ နှစ်အရွယ် အာနိုး ဘာလိုက သူ့အနေနဲ့ တစ်ဖက်မှာ ကလေးငယ်ကိုချီပြီး တစ်ဖက်မှာ မီတာဝက်လောက်ရှည်တဲ့ ဓားတစ်ချောင်းကို ကိုင်ကာ ပြေးလာခဲ့ရတယ်လို့ဆိုပါတယ်။
    အဲဒီအချိန်မှာ အဆောက်အဦးတစ်ခုပေါ်က သေနတ်သမားတစ်ယောက်ဟာ သူ့ထံကို စနိုက်ပါချိန်ပြီး ဓားချဖို့ အမိန့်ပေးခဲ့ပါတယ်။
    “ခင်ဗျားခိုင်းတဲ့အတိုင်း လုပ်ပါ့မယ်ဗျာ။ ကျွန်တော်တို့ကို မသတ်ပါနဲ့” လို့ ဘာလိုက သေနတ်သမားကို ပြောကြားခဲ့ပါတယ်။ အဲဒီနောက် သူဟာ ဓားရှည်ကို အောက်ချလိုက်ပြီး သေနတ်သမားကလည်း သူတို့အုပ်စုကို သွားခွင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။
    IS ရန်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသည့် ဖိလစ်ပိုင် မွတ်စလင်များ
    IS ရန်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသည့် ဖိလစ်ပိုင် မွတ်စလင်များ
    Ref : Aljazeera
  • စင်ကာပူကုမ္ပဏီတစ်ခုက မွတ်စလင်လုပ်သား ၆၀၀ အတွက် အစ်ဖ်သာရ်ဝါဖြေပွဲ ပြုလုပ်ပေး
    စင်ကာပူကုမ္ပဏီတစ်ခုက မွတ်စလင်လုပ်သား ၆၀၀ အတွက် အစ်ဖ်သာရ်ဝါဖြေပွဲ ပြုလုပ်ပေး
    ဇွန် ၄၊ ၂၀၁၇
    M-Media
    – စင်ကာပူနိုင်ငံက နိုင်ငံတာ ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုဖြစ်တဲ့ Lendlease ဟာ ဇွန်လ ၁ ရက်နေ့မှာ သူတို့ဆီက မွတ်စလင်ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အစ်ဖ်သာရ်ဝါဖြေပွဲ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
    Lendlease ရဲ့ လုပ်သားအင်အား ၁၂၀၀ မှာ ၅၀ ရာခိုင်နှုန်း နီးပါးလောက်က မွတ်စလင်လုပ်သားတွေဖြစ်ကြပြီး ပြီးခဲ့တဲ့နှစ် ရမ်ဇာန်ဥပုသ်လကလည်း ဒီလို အစ်ဖ်သာရ်ဝါဖြေပွဲ ပြုလုပ်ပေးခဲ့ပါတယ်။
    ကြာသာပတေးနေ့က ပြုလုပ်ခဲ့တဲ့ ဒီဝါဖြေပွဲမှာ လူပေါင်း ၂၀၀ ကျော်လောက်ပါဝင်ခဲ့ပြီး၊ အလုပ်ချိန်နဲ့ တိုက်နေတဲ့ ဒါမှမဟုတ် နေရာမလောက်လို့ မပါဝင်နိုင်တဲ့ နောက်ထပ်လုပ်သား ၄၀၀ လောက်ကိုလည်း ကုမ္ပဏီက ၀ါဖြေပွဲ အစားအသောက်တွေ ပို့ပေးခဲ့ပါတယ်။
    အသက် ၅၂ နှစ်အရွယ် မန်းနေးဂျင်းဒါရိုက်တာ ရစ်ချက်ပိုင်းက ကုမ္ပဏီအနေနဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို အသိအမှတ်ပြုတာ၊ သူတို့နဲ့အတူ ဆင်နွှဲတာမျိုး လိုချင်တယ်လို့ ပြာကြားခဲ့ပါတယ်။
    “သူတို့ တော်တော်များများဟာ ဒီအချိန်မှာ မိသားစုတွေ၊ ချစ်ရသူတွေရဲ့ အဝေးမှာ ရှိနေကြပါတယ်။ ကျွန်တော်တို့ဆီက ရွှေ့ပြောင်းလုပ်သားအဖွဲ့အစည်းရဲ့ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့အတွက် စိတ်ပျော်ရွှင်စရာ ဒီလို အခမ်းအနားလေးတွေမှာ တတ်နိုင်တဲ့ဖက်က ပါဝင်ရတာကလည်း ကျွန်တော်တို့အတွက် အခွင့်အလမ်း တစ်ခုပါပဲ”
    ဒီအစ်ဖ်သာရ်ဝါဖြေပွဲမှာ ပါဝင်ခဲ့တဲ့ လွှတ်တော်အမတ် ပရော်ဖက်ဆာ ဖာတီမာ လာတစ်ဖ်က ရွှေ့ပြောင်းလုပ်သားတွေကို ကျေးဇူးတင်ခဲ့ပြီး ‘လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်း’ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    “လူတွေကို နှစ်သက်တယ် အထူးသဖြင့် အလုပ်ကြမ်းတွေ တော်တော်များများ လုပ်ရတဲ့ နိုင်ငံခြားအလုပ်သမားတွေကို နှစ်မြို့တယ်လို့ ကျွန်မတို့ဖော်ပြတာဟာ ကောင်းမွန်တယ်လို့ ကျွန်မ အမြဲတမ်း မှတ်ယူထားပါတယ်”
    ရွှေ့ပြောင်းလုပ်သားတွေကတော့ ဒီအခမ်းအနားဟာ ‘နှစ်လိုဖွယ်’ တွေ့အကြုံဖြစ်တယ်လို့ ဆိုပါတယ်။
    “မိသားစုနဲ့ ဝေးနေတာကြောင့် (ရမ်ဇာန်ဥပုသ်လကို) ဒီမှာကြုံတွေ့ရတာ နာကျင်တယ်လို့ တစ်ခါတစ်လေ ခံစားမိပါတယ်” လို့ ကုမ္ပဏီရဲ့ သဘာဝပတ်ဝန်းကျင်၊ ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အသက် ၃၁ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား မစ္စတာ ဖာဟဒ် မိုဟာမက် အက်စ်ကန်ဒါ အလီက ပြောကြားခဲ့ပါတယ်။
    မစ္စတာဖာဟဒ်လို ရာထူးရထားပြီး ဇနီးဖြစ်သူနဲ့အတူ စင်ကာပူမှာ နေထိုင်နေတဲ့ မစ္စတာ နဂ်ျမုလ် အာရ်ဖင်ကတော့ “လုပ်သားအားလုံး စိတ်ဝင်စားကြပြီး တော်တော်လေး ပျော်ရွှင်ကြတယ်ဆိုတာ ကျွန်တော်တွေ့ရပါတယ်” လို့ ဆိုပါတယ်။
    Lendlease ဆောက်လုပ်ရေးကုမ္ပဏီဟာ ရမ်ဇာန်ဥပုသ်လအတွင်း သူတို့ဆီက မွတ်စလင်လုပ်သားတွေ လုံလောက်တဲ့နားချိန်၊ အစားသောက် ရရှိဖို့ သီးသန့် စီစဉ်ဆောင်ရွက်ပေးတာမျိုးတွေရှိပြီး ဥပမာအားဖြင့် နေ့ပိုင်းမှာ အလုပ်မလုပ်စေဘဲ ညပိုင်းမှာ အလုပ်လုပ်စေတာမျိုးပါ။
    နောက်ပြီး ဥပုသ်စောင့်ထားတဲ့ မွတ်စလင်လုပ်သားတွေရဲ့ ဘေးအန္တရာယ်ကင်းရှင်းမှုကို စောင့်ကြည့် ဂရုစိုက်နိုင်ဖို့အတွက် ဦးထုပ်မှာ အမှတ်အသားပြုလုပ်ပေးထားတာမျိုးလည်း ပါဝင်ပါတယ်။
    Ref: Today Online
  • ကာတာအစိုးရ သတင်းဌာန ဆိုက်ဘာတိုက်ခိုက်ခံရမှု ဖော်ထုတ်ရေး ကန်ကူညီနေ
    ကာတာအစိုးရ သတင်းဌာန ဆိုက်ဘာတိုက်ခိုက်ခံရမှု ဖော်ထုတ်ရေး ကန်ကူညီနေ
    ဇွန် ၄၊ ၂၀၁၇
    M-Media
    QNA သတင်းဝဘ်တိုက်တွင် လုပ်ကြံသတင်းများ ဖော်ပြမှုကို တွေ့ရစဉ်
    – အာရပ်ပင်လယ်ကွေ့ နိုင်ငံတွေအကြား သံတမန်ရေးရာ တင်းမာမှုကို ဦးတည်စေခဲ့တဲ့ ဆိုက်ဘာတိုက်ခိုက်မူတစ်ခုရဲ့ ရင်းမြစ်ကို ကာတာက စုံစမ်းစစ်ဆေးမှုမှာ အမေရိကန် FBI အဖွဲ့က ကူညီပေးနေတယ်လို့ ယုံကြည်ရပါတယ်။
    ပြီးခဲ့တဲ့လက Qatar အစိုးရ သတင်းဌာနတစ်ခုဖြစ်တဲ့ (QNA) ရဲ့ ၀ဘ်ဆိုက်မှာ လုပ်ကြံသတင်းမှတ်ချက်တွေ တင်ခဲ့တဲ့ ဟက်ကာတွရဲ့ လုံခြုံရေး ဖောက်ဖျက်မှု ပြီးတဲ့နောက်ပိုင်း ကာတာအစိုးရက အမေရိကန်အစိုး ရကို အကူအညီတောင်းမှုကြောင့် FBI အဖွဲ့ဟာ ဒိုဟာကို ပြီးခဲ့တဲ့တစ်မှာ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
    “အမေရိကန်ရဲ့အကူညီကို တောင်းခံခဲ့ပြီး၊ အဖွဲ့တစ်ဖွဲ့ စေလွတ်ခဲ့ပါတယ်။ အဲဒီအဖွဲ့ဟာ ပြီးခဲ့တဲ့ သောကြာနေ့ကတည်းက ဒိုဟာမြို့ကို ရောက်ရှိနေပြီ ကာတာပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်” လို့ AFP သတင်းဌာနကို သတင်းရင်းမြစ်တစ်ခုက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
    ဒီကိစ္စ စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီး အခြား အမည်မဖော်ပြတဲ့ နိုင်ငံနှစ်ခုကလည်း ကူညီနေပါတယ်။ ရလဒ်ကိုတော့ လာမယ့်သီတင်းပတ် အစောပိုင်းမှာ ထုတ်ပြန်နိုင်မှာပါ။
    ကာတာနိုင်ငံခေါင်းဆောင် ရှီခ် တာမင် ဘင် ဟာမဒ် အလ်သာနီနဲ့ပတ်သက်တဲ့ မှားယွင်းတဲ့မှတ်ချက်တွေ QNA ၀ဘ်ဆိုက်မှာ ပေါ်ထွက်လာမှုဟာ ဟက်ကာတွေက လုပ်တာလို့ စွပ်စွဲခဲ့ပြီးတဲ့နောက် ကာတာနိုင်ငံက စုံစမ်းစစ်ဆေးမှုကို စတင် ပြုလုပ်ခဲ့ပါတယ်။
    ကာတာနိုင်ငံက ဒါဟာ ရှက်စရာကောင်းလှတဲ့ ဆိုက်ဘာရာဇ၀တ်မှု ဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် ငြင်းဆိုထားပေမယ့်၊ ဆော်ဒီနဲ့ ယူအေအီးတို့ကတော့ ဒီသတင်းတွေကို ပြန်လည်ဖော်ပြခဲ့ကြပါတယ်။
    ရှိခ် တာမင်က စစ်တက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနားမှာ ပြောခဲ့တယ်လို့ ဟက်ကာတွေက QNA ၀ဘ်ဆိုက်မှာ လွှင့်တင်တဲ့ ဒီမှတ်ချက်တွေမှာ အီရန်နဲ့ တင်းမာမှုတွေ ပြန်ဖြစ်လာမှုကို ဝေဖန်တာ၊ ဟစ်ဇ်ဘိုလာနဲ့ ဟားမက်စ်အဖွဲ့တွေကို ခုခံရေးလှုပ်ရှားမှုတွေအဖြစ် ဆောင်ရွက်ပေးဖို့ လိုအပ်ချက်၊ အမေရိကန်သမ္မတ ထရမ့်ဟာ အာဏာမြဲမှာမဟုတ်ဘူးဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။
    ကာတာအစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ရှိခ်တာမင်ဟာ ဒီအခမ်းအနားကို တက်ရောက်ခဲ့ပေမယ့် ‘မိန့်ခွန်းမပြောခဲ့သလို၊ ဘယ်လို မှတ်ချက်မျိုးမှ မပေးခဲ့ဘူး’ လို့ Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
    Ref: Aljazeera
  • ချန်ပီယံလိဂ် ၁၂ ကြိမ်မြောက် ချန်ပီယံ ရီးယဲလ်အသင်းသားများ၏ ပီတိစကားသံများ
    ချန်ပီယံလိဂ် ၁၂ ကြိမ်မြောက် ချန်ပီယံ ရီးယဲလ်အသင်းသားများ၏ ပီတိစကားသံများ
    ဇွန် ၄၊ ၂၀၁၇
    M-Media
    – ဒီနေ့မနက်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရီးယဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ်တို့ရဲ့ပွဲမှာ ရီးယဲလ်က ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ချန်ပီယံဖြစ်ခဲ့ပါတယ်။
    ဒီအနိုင်ကြောင့် ရီးယဲလ်ဟာ ချန်ပီယံလိဂ်အဖြစ် အမည်ပြောင်းပြီးနောက်ပိုင်း ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်တဲ့ ပထမဆုံးအသင်းဖြစ်လာသလို ၁၂ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားနဲ့ ဥရောပရဲ့ အအောင်မြင်ဆုံး ဘောလုံး အသင်းအဖြစ် သမိုင်းရေးထိုးနိုင်ခဲ့ပါတယ်။
    ဒီသမိုင်းဝင်အောင်ပွဲအတွက် ရီးယဲလ်အသင်းသားတွေရဲ့ ပီတိစကားသံတွေကို ဖော်ပြပေးလိုက်ပါတယ်။
    “(ဒီနေ့ဟာ ကြီးကျယ်တဲ့နေ့ ဖြစ်တယ်ဆိုတာ) သံသယရှိစရာ မလိုပါဘူး။ ချန်ပီယံလိဂ်ဖလားကို ဘယ်အသင်းမှ မကာကွယ်နိုင်ခဲ့ဘဲ ကျွန်တော်တို့က လုပ်နိုင်ခဲ့တယ်။ ဒီနေ့ဟာ ကစားသမားတွေ၊ ၀န်ထမ်းတွေနဲ့ ကျွန်တော်တို့ ပရိသတ်တွေလို မက်ဒရစ်မိသားစုဝင်တွေရဲ့ သမိုင်းဝင်နေ့ပါပဲ။ နောက်နှစ်ဆိုရင် ပိုပြီးတော့တောင် ခက်ခဲမှာပါ။ ထပ်ပြီး ဗိုလ်စွဲဖို့အတွက် ကျွန်တော်တို့ တော်တော်လေးကို ကြိုးစားရမှာပါ။ ဒါပေမယ့် ဒီနေ့ ကျွန်တော်တို့ဟာ အရမ်းကောင်းတဲ့ အသင်းတစ်သင်းအဖြစ် ပြသနိုင်ခဲ့တာကြောင့် ကျေနပ်ပါတယ်” (ရီးယဲလ်နည်းပြ ဇီဒိန်း)
    “ကျွန်တော် တတ်နိုင်သလောက် စွမ်းဆောင်သွားမှာပါ။ နောက်ထပ် ကောင်းမွန်တဲ့ ဘောလုံးရာသီ တစ်ခုပါပဲ။ ကျွန်တော်တို့ဟာ အမှတ်ပေးဖလားနဲ့ ချန်ပီယံလိဂ် ဖလားတွေကို ရရှိခဲ့တယ်။ အသင်းကလည်း တော်တော်လေးကောင်းပြီး ကျွန်တော်ကလည်း ကောင်းမွန်ခဲ့ပါတယ်။ ရာသီရဲ့ နောက်ဆုံးကာလမှာ ကောင်းေ
    ကာင်းကစားနိုင်ဖို့ ကျွန်တော် ပြင်ဆင်ခဲ့ပြီး အရေးပါတဲ့ ဂိုးအချို့ကိုလည်း သွင်းနိုင်ခဲ့ပါတယ်” (တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို)
    “ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ကျွန်တော် ထင်ခဲ့တာပါ။ နောက်တစ်ကြိမ် ဗိုလ်စွဲဖို့ဆိုတာ တော်တော်လေးကို ခက်ခဲပါတယ်။ ၄ နှစ်အတွင်း ၃ ကြိမ်ရတယ်ဆိုတာ တော်တော် အဓိပ္ပါယ်ရှိပါတယ်။ ပြီးတော့ ရီးယဲလ်ဟာ ကွင်းအတွင်းမှာတင် ကောင်းတာမဟုတ်ဘဲ၊ ကွင်းပြင်ပမှာလည်း ကောင်းမွန်တဲ့အသင်း
    ပါ။ ဒီအသင်းရဲ့ အစိတ်အပိုင်းဖြစ်ရတဲ့အတွက် ကျွန်တော် ပျော်ရွှင်မိပါတယ်” (ရီးယဲလ်တိုက်စစ်မှူး တိုနီကရူးစ်)
    “အသင်းအတွက် ကျွန်တော် အရမ်းကို ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ သမိုင်းရေးထိုးနိုင်ခဲ့တယ်။ ကျွန်တော်တို့ ဒီဖလားကို တကယ်ကို လိုချင်ခဲ့ပြီး ဘယ်သူမှ မလုပ်နိုင်တဲ့ ချန်ပီယံလိဂ် နှစ်ကြိမ်ဆက်ရအောင် ကျွန်တော်တို့ လုပ်နိုင်ခဲ့တာပါ” (ခံစစ်မှူး ရာမို့စ်)
    “မာကျောတဲ့အသင်းနဲ့ ကစားရတဲ့ ပထမပိုင်းဟာ တော်တော်လေး ခက်ခဲပါတယ်။ ဒုတိယပိုင်းမှာတော့ မက်ဒရစ်ဟာ ဒီရာသီမှာ အကောင်းဆုံးအသင်းဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်” (အစ္စကို)
    “မယုံကြည်နိုင်စရာပဲဗျ။ ကြီးကျယ်တဲ့ ပွဲကြီးတစ်ခုကို ဒီမြို့က အစွန်းအထင်းမရှိ ကျင်းပပေးခဲ့တယ်။ ကျွန်တော့် အမိမြေမှာ ဖလားရတဲ့အတွက် တော်တော်လေး ကျေနပ်ပါတယ်။ ရာသီက ခက်ခဲတယ်။ ကြံ့ခိုင်နေဖို့ ကျွန်တော် မနေမနား ကြိုစားခဲ့ရတယ်။ ဒါတွေကတော့ ဆုလာဘ်တွေဖြစ်ပါတယ်။ ကျွန်တော်တို့ သမိုင်းရေးထိုးနိုင်ခဲ့ပြီး အခုလက်ရှိအချိန်ကိုလည်း ပျော်ရွှင်မိပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ ယုံကြည်မှု လိုအပ်ခဲ့ပြီး အခွင့်အရေးတွေကို အရယူရမှာပါ။ ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်” (ဂါရက်ဘေးလ်)
    Ref: UEFA.com