အောက်တိုဘာ ၁၊ ၂၀၁၆
M-Media
– ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တင်းမာမှုများ မြင့်တက်လာကာ အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် အိန္ဒိယနှင့် ပါကစ္စတန်တို့မှာ ယနေ့မနက် အစောပိုင်းတွင်လည်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။
“အိန္ဒိယတပ်ဖွဲ့တွေက အကြောင်းမဲ့ တိုက်ခိုက်ခဲ့တာကြောင့် ပါကစ္စတန်တပ်ဖွဲ့တွေက သင့်လျော်တဲ့ တုန့်ပြန်မှုတွေ ပြုလုပ်ခဲ့ပါတယ်” ဟု ယနေ့တွင် ထုတ်ပြန်သည့် ပါကစ္စတန်စစ်တပ်၏ ကြေငြာချက်တွင် ဖော်ပြထားသည်။
အပြန်အလှန်တိုက်ခိုက်မှုများ ဖြစ်ပွားသည့်နေရာမှာ ကက်ရှိမီးယားဒေသရှိ ပါကစ္စတန်က ထိန်းချုပ်ထားသည့် ဒေသမှ နယ်စပ် ဘင်မ်ဘာတွင် ဖြစ်သည်ဟု ကြေငြာချက်က ဆိုပြီး သေဆုံးဒဏ်ရာရသည့် ရှိ၊ မရှိကို ထည့်သွင်းဖော်ပြခဲ့ခြင်း မရှိချေ။
ယနေ့ညနေပိုင်းတွင်မှု ကက်ရှ်မီးယားနှင့် ဂျမ်မူးဒေသတို့မှ အိန္ဒိယက ထိန်းချုပ်ထားသည့် အပိုင်း၏ အရပ်ဖက်အကြီးအကဲ ပါဝမ် ကော့ဝါလ်ကမူ ထို အပြန်အလှန်ပစ်ခတ်မှုတွင် မည်သည့် ပျက်ဆီးဆုံးရှုံးမှုမှ မရှိဟု ပြောကြားခဲ့သည်။
လွန်ခဲ့သည့် ၂ ရက်က အိန္ဒိယမှာ မိမိတို့အနေဖြင့် ပါကစ္စတန်က ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသရှိ စစ်ဖက်ဆိုင်ရာနေရာမှ အကြမ်းဖက်သမားများကို ၀င်ရောက်တိုက်ခိုက်ခဲ့သည်ဟု ပြောကြားခဲ့ပြီး ပါကစ္စတန်ကမူ ထိုသတင်းအား ငြင်းဆိုခဲ့သည်။
နျူလက်နက်ပိုင်ဆိုင်ထားသော ပါကစ္စတန်နှင့် အိန္ဒိယတို့အကြား ရှိနေသော တင်းမာမှုများမှာ လွန်ခဲ့သည့်နှစ်ပတ်က ကက်ရှ်မီးယားရှိ အိန္ဒိယက ထိန်းချုပ်ထားသော အပိုင်းတွင် ဖြစ်ပွားသော တိုက်ခိုက်မှုအတွင်း အိန္ဒိယစစ်သား ၁၈ ဦး သေဆုံးခဲ့ပြီးနောက် ပိုမို မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
Ref : Aljazeera