အောက်တိုဘာ ၁၊ ၂၀၁၆
M-Media
– တရုတ်နိုင်ငံ အနောက်တောင်ဘက် ရွာတစ်ရွာတွင် အမျိုးသားတစ်ဦးက မိမိမှာ မိဘများနှင့် ငွေကြေးကိစ္စ စကားများပြီးနောက် လူ ၁၉ ယောက်ကို သတ်ပစ်ခဲ့သည်ဟု ၀န်ခံထွက်ဆိုခဲ့သည်။
ယန်ကျင်းပေအမည်ရှိသူဖြစ်ပြီး ၎င်း၏ဇာတိ ယူနန်ပြည်နယ်ရှိ ယီမာရွာမှပြန်ရန် မိဘများထံ ပိုက်ဆံတောင်းရာ၌ အဆင်မပြေသဖြင့် ၎င်း၏မိဘများ၊ ၎င်းကို ၀ိုင်းဝန်းတားဆီးခဲ့သည့် ကလေးများအပါအ၀င် အိမ်နီးချင်း ၁၇ ယောက်ကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားပြီး ၃၃ နာရီအကြာအထိ အပြင်းအထန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယန်ကျင်းပေအား ပြည်နယ်မြို့တော် ကူမင်းတွင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ အစောပိုင်းသတင်းများအရ အဆိုပါရွာသားများကို ကြာသပတေးနေ့မနက်က ၎င်းတို့နေအိမ်များ၌ သေဆုံးလျက်တွေ့ရှိရသည်ဟု ဆိုသည်။
သေဆုံးခဲ့သူများမှာ အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၈ ဦးတို့ဖြစ်ပြီး အငယ်ဆုံးမှာ သုံးနှစ်သမီးလေးတစ်ဦးဖြစ်ကာ အသက်အကြီးဆုံးမှာ ၇၂ နှစ်အရွယ်ဖြစ်သည်ဟု သိရသည်။ ယင်းတို့အနက် လေးဦးမှာ အသက် ၁၈ နှစ်အောက်များ ဖြစ်ကြသည်။
Ref : CNA
Leave a Reply
You must be logged in to post a comment.