News @ M-Media

Author: Ko Lay

  • ဂါဇာတွင် တူရကီ၏ အကူအညီဖြင့် ရှေးဦးသူနာပြုရုံး ဖွင့်လှစ်

    ဂါဇာတွင် တူရကီ၏ အကူအညီဖြင့် ရှေးဦးသူနာပြုရုံး ဖွင့်လှစ်

    ဇွန် ၁၊ ၂၀၁၆
    M-Media

    gaza 3

    – အစ္စရေးက ပိတ်ဆို့ထားတဲ့ ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြောင်ရှိ အလ်-ကာရာရာမြို့လေးမှာ တူရကီ လခြမ်းနီအဖွဲ့ရဲ့ အကူအညီနဲ့ တနင်္ဂနွေနေ့က ရှေးဦးသူနာပြုရုံးတစ်ခု ဖွင့်လှစ်နိုင်ခဲ့တယ်လို့ ပါလက်စတိုင်း တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

    အဲဒီစီမံကိန်းဟာ ဒေါ်လာ ၁၀၀၀၀ ၀န်းကျင် ကုန်ကျခဲ့ပြီး အလ်-ကွာရာရာမြို့တော်ဝန် အဘ်ဒူရာဟင်မ် အလ်-အီဘာဒီလီက ငွေကြေးထောက်ပံ့ပေးခဲ့တဲ့အတွက် တူရကီလခြမ်းနီအဖွဲ့ကို ကျေးဇူးတင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အဲဒီ အလ်ကာရာရာမြို့ဟာ ၂၀၁၄ ခုနှစ် အစ္စရေးရဲ့ ကျူးကျော်တိုတိုက်ခိုက်မှုမှာ ဗုံးဒဏ်အကြီးအကျယ် ခံစားခဲ့ရပါတယ်။ အစ္စရေးနဲ့ကပ်နေတဲ့ အဲဒီမြို့လေးကို အစ္စရေးတင့်ကားတွေကလည်း ၀င်ရောက်ကျူးကျော်ခဲ့ပါတယ်။

    Ref: IINA

  • မက္ကဆီကို ဘောလုံးသမားအား ပြန်ပေးဆွဲသူကို ဖမ်းမိ

    မက္ကဆီကို ဘောလုံးသမားအား ပြန်ပေးဆွဲသူကို ဖမ်းမိ

    ဇွန် ၁၊ ၂၀၁၆
    M-Media

    kidnap

    – မက္ကဆီကိုလက်ရွေးစင်ဘောလုံးအသင်းမှ ကစားသမား အလန် ပူလီဒို ပြန်ပေးဆွဲခံရမှုအား စီစဉ်သူကို ဖမ်းဆီးလိုက်ပြီဟု မက္ကဆီကို အာဏာပိုင်များက ပြောကြားလိုက်သည်။

    အော့စ်ဗာလ်ဒို ဗီလက်ဇ်ကစ်ဇ် ဂါဇီယာ ဆိုသူဖြစ်ပြီး ယမန်နေ့က ဖမ်းဆီးမှုအတွင်း ခုခံတိုက်ခိုက်မှု ရှိခဲ့သောကြောင့် ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့ရကာ ၎င်းကိုယ်တိုင်လည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။

    ယခုအချိန်တွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်သည့် ပူလီဒိုမှာ သောကြာနေ့က ပါတီတစ်ခုသို့ သွားရောက်ခဲ့ပြီး ထိုပါတီတွင် ဂါစီယာလည်း ရှိနေကာ ပူလီဒို ပြန်သွားချိန်အား ၎င်း၏ ပူးပေါင်းကြံစည်သူကို ပြန်ပေးဆွဲရန် အသိပေးခဲ့ခြင်းဖြစ်မည်ဟု မက္ကဆီကို ရှေ့နေချုပ်က ပြောကြားခဲ့သည်။

    ဂါစီယာမှာ ပူလီဒို၏ ၀မ်းကွဲများထဲမှ တစ်ဦး၏ ခင်ပွန်းဖြစ်ပြီး ဒေသအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ ပြန်ပေးဆွဲမှုများ၊ မိုက်ကြေးခွဲမှုများ ပြုလုပ်နေသော ရာဇ၀တ်ဂိုဏ်းတစ်ခုတွင် ပါဝင်ပတ်သက်သည်ဟူသော သံသယဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟုလည်း ရှေ့နေချုပ်က ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: Goal

  • သီရိလင်္ကာ ရေဘေးအတွက် ယူအေအီး ကူညီမည်

    သီရိလင်္ကာ ရေဘေးအတွက် ယူအေအီး ကူညီမည်

    ဇွန် ၁၊ ၂၀၁၆
    M-Media

    siri

    – သီရိလင်္ကာနိုင်ငံမှာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုနဲ့ မြေပြိုမှုဒဏ် ခံစားခဲ့ရသူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်သွားမယ်လို့ ယူအေအီးလခြမ်းနီအဖွဲ့ ERC က ပြောကြားလိုက်ပါတယ်။

    အခြေခံစားသောက်ကုန်တွေ၊ အမိုးအကာတွေနဲ့ အခြားသော အထောက်အပံ့တွေ ပေးပို့လှူဒါန်းသွားမှာဖြစ်ပြီး သီရိလင်္ကာပြည်သူတွေ ရင်ဆိုင်နေရတဲ့ ဘေးဒုက္ခတွေ သက်သာရေး ရည်ရွယ်တဲ့ အဲဒီအစီအစဉ်ကို စတင်အကောင်အထည်ဖော်နေပြီ ဖြစ်ပါတယ်။

    ဒီအစဉ်အစဉ်ကို ကိုလံဘိုမှာရှိတဲ့ ယူအေအီးသံရုံးနဲ့ သီရီလင်္ကာကြက်ခြေနီအသင်းတို့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး ERC အဖွဲ့ကတော့ သူတို့ဟာ သီရိလင်္ကာမှာ လူသားချင်းစာနာမှုအခြေအနေတွေ တိုးတက်လာဖို့နဲ့ ခံစားရတဲ့ ဒုက္ခသုက္ခတွေ သက်သာစေဖို့ အကောင်းဆုံးဝန်ဆောင်မှုတွေ ပေးသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: IINA

  • ၂၀၁၄ ခုနှစ်အတွင်း OIC နိုင်ငံချင်းကုန်သွယ်မှု ယူအေအီး ထိပ်ဆုံး၌ရှိနေ

    ၂၀၁၄ ခုနှစ်အတွင်း OIC နိုင်ငံချင်းကုန်သွယ်မှု ယူအေအီး ထိပ်ဆုံး၌ရှိနေ

    မေ ၃၁၊ ၂၀၁၆
    M-Media

    uae

    – ၂၀၁၄ ခုနှစ်အတွင်း အိုအိုင်စီနိုင်ငံအချင်းချင်း ကုန်သွယ်မှုကဏ္ဍမှာ မိမိတို့နိုင်ငံဟာ ကုန်သွယ်ငွေ ဒေါ်လာ ၁၂၁.၇ ဘီလီယံနဲ့ စုစုပေါင်းကုန်သွယ်မှုရဲ့ ၁၅.၂ ရာခိုင်နှုန်းရှိခဲ့ပြီး ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တယ်လို့ အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) ရဲ့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဟူမိုက် ဘင် စလင်းက ပြောကြားလိုက်ပါတယ်။

    တူရကီက ကုန်သွယ်ငွေ ၇၇.၈ ဘီလီယံ (စုစုပေါင်း ၉.၇ ရာခိုင်နှုန်း) နဲ့ ဒုတိယရပ်တည်နေပြီး ဆော်ဒီအာရေဗျကတော့ ကုန်သွယ်ငွေ ၇၄.၃ ဘီလီယံ (စုစုပေါင်း ၉.၃ ရာခိုင်နှုန်း) နဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။

    စလင်းက ဆော်ဒီနိုင်ငံ ရီယာ့ဒ်မြို့မှာ မေလ ၂၂ ကနေ ၂၆ ရက်အထိ ကျင်းပတဲ့ ၁၅ ကြိမ်မြောက် အိုအိုင်စီအဖွဲ့ဝင်နိုင်ငံများ ကုန်စည်ပြပွဲမှာ နိုင်ငံရဲ့ ပါဝင်ပြသမှုကိုလည်း ချီးကျူးပြောဆိုခဲ့ပါတယ်။ အဆိုပါကုန်စည်ပြပွဲကို အိုအိုင်စီ အဖွဲ့ဝင်နိုင်ငံ ၃၀ ခန့် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

    Ref: IINA

  • ဖာလူဂျာမြို့သိမ်းတိုက်ပွဲ ဒုတိယအဆင့် ရောက်နေ

    ဖာလူဂျာမြို့သိမ်းတိုက်ပွဲ ဒုတိယအဆင့် ရောက်နေ

    မေ ၃၁၊ ၂၀၁၆
    M-Media

    iraq 4

    – IS လက်ထဲမှ ဖာလူဂျာမြို့အား သိမ်းပိုက်ရေးအတွက် ပြုလုပ်သော အီရတ်စစ်တပ်၏ ထိုးစစ်ဆင်မှုမှာ ဒုတိယအဆင့်သို့ ရောက်ရှိနေပြီး တိုက်ခိုက်မှုများမှာလည်း ပြင်းထန်လာသည်ဟု သိရသည်။

    အဆိုပါ ဒုတိယအဆင့်ကို ယမန်နေ့မနက်ပိုင်းက စတင်ခဲ့ခြင်းဖြစ်ပြီး IS ၏ ခြေကုပ်စခန်းများတွင် ပြင်းထန်သော ခုခံမှုနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်။

    “နိုင်ငံတကာ မဟာမိတ်တွေ၊ အီရတ်လေတပ်နဲ့ ကြည်းတပ်က လေယာဉ်ပျံတွေရဲ့ လေကြောင်းပစ်ကူနဲ့အတူ အီရတ် တပ်ဖွဲ့တွေက ဖာလူဂျာမြို့အတွင်းကို ၀င်နေပါတယ်။ ပြီးတော့ အမြောက်နဲ့ တင့်ကားတွေကလည်း ပစ်ကူပေးနေပါတယ်” ဟု စစ်ဆင်ရေး၏ တပ်မှူးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး အဘ်ဒဲလ်ဝါဟဘ် အလ်-ဆာဒီက ပြောကြားခဲ့သည်။

    အီရတ်စစ်တပ်များမှာ မြို့တွင်းသို့ နေရာ ၃ ခုမှ ၀င်ရောက်နေခြင်းဖြစ်ပြီး စစ်ဆင်ရေးအစောပိုင်းနာရီများတွင် အီရတ်တပ်ဖွဲ့ဝင်များနှင့် ရှီအာ ပြည်သူ့စစ် စုစုပေါင်း ၁၀ ဦး သေဆုံးခဲ့သည်။

    Ref: Aljazeera