News @ M-Media

ဂါဇာတွင် တူရကီ၏ အကူအညီဖြင့် ရှေးဦးသူနာပြုရုံး ဖွင့်လှစ်

ဇွန် ၁၊ ၂၀၁၆
M-Media

gaza 3

– အစ္စရေးက ပိတ်ဆို့ထားတဲ့ ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြောင်ရှိ အလ်-ကာရာရာမြို့လေးမှာ တူရကီ လခြမ်းနီအဖွဲ့ရဲ့ အကူအညီနဲ့ တနင်္ဂနွေနေ့က ရှေးဦးသူနာပြုရုံးတစ်ခု ဖွင့်လှစ်နိုင်ခဲ့တယ်လို့ ပါလက်စတိုင်း တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

အဲဒီစီမံကိန်းဟာ ဒေါ်လာ ၁၀၀၀၀ ၀န်းကျင် ကုန်ကျခဲ့ပြီး အလ်-ကွာရာရာမြို့တော်ဝန် အဘ်ဒူရာဟင်မ် အလ်-အီဘာဒီလီက ငွေကြေးထောက်ပံ့ပေးခဲ့တဲ့အတွက် တူရကီလခြမ်းနီအဖွဲ့ကို ကျေးဇူးတင်တယ်လို့ ပြောကြားခဲ့ပါတယ်။

အဲဒီ အလ်ကာရာရာမြို့ဟာ ၂၀၁၄ ခုနှစ် အစ္စရေးရဲ့ ကျူးကျော်တိုတိုက်ခိုက်မှုမှာ ဗုံးဒဏ်အကြီးအကျယ် ခံစားခဲ့ရပါတယ်။ အစ္စရေးနဲ့ကပ်နေတဲ့ အဲဒီမြို့လေးကို အစ္စရေးတင့်ကားတွေကလည်း ၀င်ရောက်ကျူးကျော်ခဲ့ပါတယ်။

Ref: IINA

Comments

Leave a Reply