News @ M-Media
Author: Ko Lay
  • ယူအေအီးတွင် ဆူဒန်သတင်းထောက်တစ်ဦး အကောင်းဆုံး သတင်းဆောင်းပါးဆု ရရှိ
    ယူအေအီးတွင် ဆူဒန်သတင်းထောက်တစ်ဦး အကောင်းဆုံး သတင်းဆောင်းပါးဆု ရရှိ
    မေ ၂၉၊ ၂၀၁၆
    M-Media
    sudun
    – ဆူဒန်လူ့အဖွဲ့အစည်းအတွင်းမှာ ရင်ဆိုင်နေရတဲ့ ကျန်းမာရေး ပြဿနာနဲ့ပတ်သက်ပြီး မီးမောင်းထိုးပြခဲ့တဲ့ ဆူဒန် ဂျာနယ်လစ်တစ်ဦးကို ယူအေအီးနိုင်ငံက Best Social Reportin Story Award (အကောင်းဆုံးလူမှုသတင်းဆောင်းပါးဆု) ချီးမြှင့်လိုက်တယ်လို့ သိရပါတယ်။
    ဂျာနယ်လစ်အမျိုးသမီး အိုက်ဒါ အဘ်ဒူလ် ဟာမစ် ဂီမစ်ရှ်ဆိုသူဖြစ်ပြီး Increased kidney patient cases, beyond technical capacity of the hospitals (နည်းပညာစွမ်းဆောင်ရည်မြင့် ဆေးရုံများရဲ့နောက်ကွယ်က များပြားလာသော ကျောက်ကပ်ဝေဒနာသည်များ) ဆိုတဲ့ ခေါင်းစဉ်နဲ့ အဲဒီဆုကို ရရှိခဲ့တာဖြစ်ပါတယ်။l
    ဂီမစ်ရှ်ရဲ့ ဒီဆောင်ပါးဟာ ဆူဒန်နိုင်ငံအတွင်း ပြည်သူအများအပြား ခံစားနေရတဲ့ ကျောက်ကပ်ဝေဒနာအကြောင်းကို ရေးသားဖော်ထုတ်ထားတာ ဖြစ်ပါတယ်။
    အဲဒီ ဆောင်းပါးကို ဒူဘိုင်းရဲ့ Al-Khaleej နေ့စဉ်သတင်းစာမှာ ရေးသားဖော်ပြခဲ့တာပါ။ Al-Khaleej သတင်းစာဟာ ယူအေအီးက ကျောက်ကပ်ဝေဒါနာရှင်များ ဆေးကုသနိုင်ရေး ရှာဂျားစော်ဘွားပြည်နယ်ထဲက ကျောက်ကပ်ဝေဒနာရှင်အသင်းအတွက် ဒီရ်ဟမ် ၁၉ သန်း လှူဒါန်းခဲ့ဖူးပါတယ်။
    Ref:
    IINA
  • သြစတေးလျ အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒပြပွဲ တန်ပြန်ဆန့်ကျင်မှုနှင့် ကြုံတွေ့
    သြစတေးလျ အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒပြပွဲ တန်ပြန်ဆန့်ကျင်မှုနှင့် ကြုံတွေ့
    မေ ၂၉၊ ၂၀၁၆
    M-Media
    ausi
    – သြစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒပြမှုမှာ လူမျိုးရေးခွဲခြားမှု ဆန့် ကျင်သူ အုပ်စုများနှင့် ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားခဲ့သည်ဟု သိရသည်။
    အဖွဲ့နှစ်ဖွဲ့မှာ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သောကြောင့် ရဲတပ်ဖွဲ့က ငရုတ်ကောင်းစပရေးများဖြင့် ဖြန်းကာ လူစုခွဲခဲ့ရပြီး စုစုပေါင်း အမျိုးသား ၇ ဦးကို ဖမ်းဆီးခဲ့သည်။
    ဗီဒီယိုမှတ်တမ်းများအရ ဆန္ဒပြသူများမှာ သြစတေးလျအလံများကို အသုံးပြု၍ ဆန့်ကျင်ဘက်အုပ်စုကို ရိုက်နှက်ခဲ့ကြပြီး၊ ထိုဆန္ဒပြပွဲကို ဦးစီးကျင်းပသည့် UPF ပါတီ၏ အဖွဲ့ဝင်တစ်ဦးကို လူမျိုးရေးခွဲခြားမှု ဆန့်ကျင်သူ ၂ ဦးက ထိုးကြိတ်ကန်ကျောက်မှုများကိုလည်း တွေ့ခဲ့ရသည်။
    “ဒီလို မတူကွဲပြားမှုတွေကြောင့် ကျွန်တော်တို့ဟာ စည်းလုံးညီညွတ်ကြတယ်။ စုစုစည်းစည်းရှိကြတယ်။ ပြီးတော့ ကျွန်တော်တို့ဟာ ပိုတောင့်တင်းပြီး၊ သာယာဝပြောတဲ့ နိုင်ငံတစ်ခု ဖြစ်လာတာပါ” ဟု ၀န်ကြီးချုပ်က ထပ်လောင်းပြောကြားခဲ့သည်။
    Ref: Aljazeera
  • ချန်ပီယံလိဂ်အောင်ပွဲကို မျှော်လင့်မထားဟု ရီးယဲလ်နောက်ခံလူ ပြော
    ချန်ပီယံလိဂ်အောင်ပွဲကို မျှော်လင့်မထားဟု ရီးယဲလ်နောက်ခံလူ ပြော
    မေ ၂၉၊ ၂၀၁၆
    M-Media
    real madrid
    – ၁၁ ကြိမ်မြောက် ဥရောပချန်ပီယံဘွဲ့ကို ရယူနိုင်ခဲ့သည့်အတွက် ရီးယဲလ်နောက်ခံလူ အာဘီလိုအာက အသင်းဖော်များကို ချီးကျူးခဲ့ပြီး မိမိတို့အနေဖြင့် ထိုအောင်မြင်မှုကို မျှော်လင့်မထားဟု ပြောကြားလိုက်သည်။
    ဇန်န၀ါရီလက အသင်းအား ဘင်နီတက်ဇ်လက်မှ လွှဲပြောင်းကိုင်တွယ်ခဲ့သည့် ဇီဒိန်း ဦးဆောင်သော ရီးယဲလ်အသင်းမှာ ယနေ့မနက် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ခါးသီးသော မြို့ခံပြိုင်ဘက် အက်သလက်တီကိုအား ပင်နယ်တီအထိကစား၍ အနိုင်ယူနိုင်ခဲ့သည်။
    ယခုရာသီကုန်တွင် အသင်းမှ ထွက်ခွာတော့မည့် အာဘီလိုအာကမူ မိမိတို့မှာ ထိုအောင်မြင်မှုကို မျှော်လင့်မထားဟု ဆိုသည်။
    “ဒါက ရီးယဲလ်မက်ဒရစ်ပါ။ ဆုဖလား ကိုင်မြှောက်ခွင့်ရတာကလွဲပြီး ပိုကောင်းတဲ့ ဥပမာမျိုး မရှိတော့ပါဘူး။ လွန်ခဲ့တဲ့ ၄ လအရင်က ကျွန်တော်တို့ဟာ ဒီနေရာမှာ ၁၁ ကြိမ်မြောက် ဥရောပချန်ပီယံဖြစ်လိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ကြပါဘူး။ ဒီလိုအောင်ပွဲ ရယူနိုင်တာကြောင့်ပဲ ကျွန်တော်တို့ဟာ ကမ္ဘာ့အကောင်းဆုံးအသင်း ဖြစ်နေတာပါ” ဟု အာဘီလိုအာက ပြောကြားခဲ့သည်။
    Ref: Goal
  • အီတလီတွင် ဒုက္ခသည်လှေများနစ်မြုပ်မှု လူ ၇၀၀ ကျော် သေဆုံးနိုင်
    အီတလီတွင် ဒုက္ခသည်လှေများနစ်မြုပ်မှု လူ ၇၀၀ ကျော် သေဆုံးနိုင်
    မေ ၂၉၊ ၂၀၁၆
    M-Media
    italy 3
    – ပြီးခဲ့သည့် ရက်အနည်းအငယ်အတွင်း အီတလီနိုင်ငံတောင်ပိုင်း၌ ဖြစ်ပွားခဲ့သည့် ဒုက္ခသည်လှေများ နစ်မြုပ်မှုအတွင်း လူပေါင်း ၇၀၀ ကျော်မှာ ရေနစ်သေဆုံးနိုင်ဖွယ် ရှိနေသည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှ ပြောရေးဆိုခွင့်ရှိသူ ၀ီလီယံ စပင်ဒလာက ပြောကြားခဲ့သည်။
    ပထမဆုံးဆုံး နစ်မြုပ်မှုမှာ ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုသင်္ဘောတွင် လူပေါင်း ၆၀၀ ခန့်ပါဝင်လာကာ အချို့မှာ လက်ရှိအချိန်အထိ ပျောက်ဆုံးနေဆဲဖြစ်သည်။ ကြာသာပတေးနှင့် သောကြာနေ့များတွင်လည်း နောက်ထပ် ဒုက္ခသည်သင်္ဘော နစ်မြုပ်မှုများ ဖြစ်ပွားခဲ့ပြီး ထိုအဖြစ်အပျက်များကြောင့် စုစုပေါင်း လူ ၇၀၀ ကျော် ပျောက်ဆုံးနေကာ သေဆုံးပြီဟု ယူဆရဖွယ် ရှိနေသည်။
    “လက်ရှိအချိန်မှာ လစ်ဗျားကနေ အီတလီကိုကူးဖို့ လှေတော်တော်များများ ရှိနေပြီး ကယ်ဆယ်ရေးဆောင်ရွက်မှုတွေကို လုပ်ဆောင်နေပါတယ်” ဟု စပင်လာက ဆိုသည်။ ထို့ပြင် လှေငယ်များဖြင့် ဒုက္ခသည်များ ဥရောပသို့ ၀င်ရောက်လာမှုကို တားမြစ်ရေး ပိုမိုဆောင်ရွက်ရန် လိုအပ်သည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    Ref: Aljazeera
  • ကမ္ဘာတစ်ဝှမ်း ငတ်မွတ်ခြင်းကြောင့် သေဆုံးမှုမှာ အဓိကရောဂါများဖြင့် သေဆုံးမှုထက် ပိုမိုများပြား
    ကမ္ဘာတစ်ဝှမ်း ငတ်မွတ်ခြင်းကြောင့် သေဆုံးမှုမှာ အဓိကရောဂါများဖြင့် သေဆုံးမှုထက် ပိုမိုများပြား
    မေ ၂၉၊ ၂၀၁၆
    M-Media
    hunger 1
    – ကမ္ဘာပေါ်တွင် အငတ်ဘေးကြောင့် သေဆုံးနေရသူ အရေအတွက်မှာ အေအိုင်ဒီအက်စ်၊ ငှက်ဖျားနှင့် အဆုတ်နာရောဂါများကြောင့် သေဆုံးမှု စုစုပေါင်းထက် ပိုမိုများပြားနေသည်ဟု သိရသည်။
    ၂၀၁၅ ခုနှစ်အတွက် ကမ္ဘာ့ငတ်မွတ်ခေါင်းပါးမှုဆိုင်ရာ အညွှန်းကိန်း Global Hunger Index 2015 အရ ထိုသို့ တွေ့ရှိရခြင်းဖြစ်ပြီး အဟာရ လုံလုံလောက်လောက် ရရှိခြင်းက ကုန်ထုတ်စွမ်းအား ကြီးမားမှုနှင့်လည်း ဆက်စပ်နေသည်ဟု ဆိုသည်။
    အဟာရမပြည့်ဝသူများ၏ ၉၈ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရှိနေပြီး အာဖရိကနှင့် အရှေ့တောင်အာရှဒေသများမှာ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို အခံစားရဆုံး ဒေသများဖြစ်သည်ဟု အညွှန်းကိန်းတွင် တွေ့ရှိခဲ့ရသည်။ သို့သော်လည်း နိုင်ငံအချို့ မှ ငတ်မွတ်ခေါင်းပါးမှု အချက်အလက်ကို အတိအကျ မရရှိခဲ့ပေ။
    ငတ်မွတ်ခေါင်းပါးမှု အမြင့်ဆုံး နိုင်ငံ ၁၀ နိုင်ငံတွင် ဗဟိုအာဖရိကနိုင်ငံက ထိပ်ဆုံးတွင်ရှိနေပြီး ချဒ်၊ ဇမ်ဘီယာ၊ တီမောလက်စ်တီ၊ ဆီရာ လီယွန်နီတို့က အစဉ်လိုက် တည်ရှိနေသည်။
    hunger 2
    Ref: independent