News @ M-Media

Author: Ko Lay

  • နိုက်ဂျီးရီးယားတွင် ပြန်ပြည့်ဖြိုးမြဲစွမ်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ကျင်းပမည်

    နိုက်ဂျီးရီးယားတွင် ပြန်ပြည့်ဖြိုးမြဲစွမ်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ကျင်းပမည်

    ဧပြီ ၂၄၊ ၂၀၁၆
    M-Media

    renewable

    – ပြန်ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဖိုရမ်နဲ့ ကုန်စည်ပြပွဲတစ်ခုကို နိုက်ဂျီးရီးယားနိုင်ငံရဲ့ မြို့တော် အဘူဂျာမှာ ၂၀၁၆ နှစ်ကုန်ပိုင်းမှာ ကျင်းပဖို့ရှိနေတယ်လို့ သိရပါတယ်။

    အဲ့ဒီအခမ်းအနားမှာ ပြန်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ ကဏ္ဍ၊ ပြည်တွင်းနဲ့နိုင်ငံတကာက လုပ်ငန်းရှင်တွေ၊ ကျွမ်းကျင်ပညာရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေ၊ နည်းပညာတီထွင်သူတွေ၊ ထုတ်လုပ်သူတွေနဲ့ သက်ဆိုင်ရာ ရှယ်ယာရှင်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

    နှစ်ရက်တာကျင်းပမယ့်အဲဒီဖိုရမ်ကို ကုလသမဂ္ဂ စက်မှုဖွံ့ဖြိုးရေးအဖွဲ့ချုပ် (UNIDO)၊ နိုက်ဂျီးရီးယားအစိုးရ၊ သိပ္ပံနဲ့နည်းပညာဆိုင်ရာ ၀န်ကြီးဌာနတို့ ပူးပေါင်းစီစဉ်သွားမှာ ဖြစ်ပါတယ်။

    “ဒီဖိုရမ်ကနေ နိုက်ဂျီးရီးယားရဲ့ ပြန်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍမှာ အခွင့်အလမ်းတွေ၊ ဖြစ်နိုင်ချေတွေနဲ့ အလားအလာတွေအကြောင်းကို အသိပညာ ပေးနိုင်ပါလိမ့်မယ်။ ပြီးတော့ ပြည်ပြည့်ဖြိုးမြဲစွမ်းအင် ဖွံ့ဖြိုးရေးတွေမှာ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေကို အားပေးပံ့ပိုးသွားဖို့၊ လက်တွေ့စီမံချက်တွေကို တွက်ချက်နိုင်ဖို့ ကူညီပေးသွားမှာပါ။ ရင်းနှီးမြှုပ်နှံသူတွေကိုလည်း ဒီနယ်ပယ်မှာ ဘဏ္ဍာရေးအခွင့်အလမ်းတွေနဲ့ ထိတွေ့စေမှာပါ” လို့ UNIDO ဒေသဆိုင်ရာ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ချုမား အီဇီဒင်းမား က ပြောကြားခဲ့ပါတယ်။

    အဲဒီဖိုရမ်မှာ ခေတ်ပေါ်ပြန်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ ထုတ်ကုန်တွေနဲ့ နည်းပညာတွေကို ခင်းကျင်းပြသသွားမှာ ဖြစ်ပြီး နိုက်ဂျီးရီးယားမှာ ပြည်ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းတွေကို ငွေကြေးထာက်ပံ့နိုင်ဖို့ စီးပွားရေးတွေ့ဆုံမှုတွေအတွက် အခွင့်အလမ်းလည်း ဖြစ်လာနိုင်ပါတယ်။

    Ref: IINA

  • ဆီးရီးယားပဋိပက္ခကြောင့် သေဆုံးသူ ၄ သိန်းရှိလာ

    ဆီးရီးယားပဋိပက္ခကြောင့် သေဆုံးသူ ၄ သိန်းရှိလာ

    ဧပြီ ၂၄၊ ၂၀၁၆
    M-Media

    iraq

    – ပြည်ပက ထောက်ပံ့ပေးထားပြီး ငါးနှစ်ကျော်ကြာမြင့်လာပြီဖြစ်တဲ့ ဆီးရီးယားပြည်တွင်းစစ်ကြောင့် သေဆုံးသူအရေအတွက်ဟာ လေသိန်းအထိရှိလာပြီလို့ ဆီးရီးယားဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က စတာဖန် ဒီ မစ်တူရာက ပြောကြားလိုက်ပါတယ်။

    သောကြာနေ့က ဂျီနီဗာမြို့မှာ ပြုလုပ်ခဲ့တဲ့ ဆီးရီးယားငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပြောဆိုသွားခဲ့တာဖြစ်ပြီး ဒီအချက်အလက်ဟာ ၎င်းရဲ့ ကိုယ်ပိုင်သုံးသပ်ချက်အပေါ် အခြေခံထားတာ ဖြစ်ကာ အတိအကျမဟုတ်ဘူးလို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အချက်အလက်အတိအကျရဖို့အတွက် ကောက်ယူနိုင်တဲ့အခြေအနေမရှိလို့ လူသေဆုံးမှုအရေအတွက်ကို တရားဝင်မပြောကြားတော့ဘူးလို့ ကုလက ဆုံးဖြတ်ပြီးနောက်မှာ မစ်တူရာရဲ့ ဒီကိန်းဂဏန်း ပေါ်ထွက်လာတာပါ။

    ဒီအရေအတွက်ဟာ ဆီရီးယားရဲ့ မူဝါဒဆိုင်ရာသုတေသနဌာနက ဖေဖော်ဝါရီလမှာ တွက်ချက်ထားတာနဲ့ နီးစပ်ပါတယ်။ အဲဒီဌာနက ဆီးရီးယားပဋိပက္ခကြောင့် လူသေဆုံးမှုဟာ ၄၇၀၀၀၀ ကျော်ရှိပြီလို့ ဆိုပါတယ်။

    ဆီးရီးယားမှာ ၂၀၁၁ မတ်လကတည်းက အာဆတ်အစိုးရတပ်တွေနဲ့ နိုင်ငံရပ်ခြား ကျောထောက်နောက်ခံပြု အတိုက်အခံတပ်ဖွဲ့တွေအကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး ယခုအချိန်အထိတော့ ပြီးဆုံးမယ့်အလားအလာ မရှိသေးပါဘူး။

    Ref: Presstv

  • ထိုင်းတက္ကသိုလ်တစ်ခုတွင် ဗလီဝတ်ကျောင်းတော်တစ်လုံး ဖွင့်လှစ်

    ထိုင်းတက္ကသိုလ်တစ်ခုတွင် ဗလီဝတ်ကျောင်းတော်တစ်လုံး ဖွင့်လှစ်

    ဧပြီ ၂၄၊ ၂၀၁၆
    M-Media

    thai

    – တိုင်းနိုင်ငံ နာရာသီဝပ်ပြည်နယ်ရှိ နာရာသီဝပ်မင်းသမီး တက္ကသိုလ် (PNU) ပရ၀ုဏ်အတွင်း ဗလီဝတ်ကျောင်းတော်တစ်လုံးကို ယမန်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး ထိုင်းအစ္စလာမ်ဘာသာရေးဆိုင်ရာ အကြီးအကဲ အဇစ် ဖီသက်ကမ်ပွန် တက်ရောက်ခဲ့သည်ဟု သိရသည်။

    အဆိုပါတက္ကသိုလ်တွင် တက်ရောက်သူ ကျောင်းသားအများစုမှာ အစ္စလာမ်ဘာသာဝင်မျာဖြစ်ကြပြီး ယခုဖွင့်လှစ်လိုက်သည့် ဗလီဝတ်ကျောင်းတော်မှာ တက္ကသိုလ်အတွင်းရှိ ကျောင်းသားများနှင့် အနီးအနားပတ်ဝန်းကျင်ရှိ မွတ်စလင်ပြည်သူများ ၎င်းတို့၏ ဘာသာရေးဆိုင်ရာ တာဝန်ကို ထမ်းဆောင်ရာတွင် အထောက်အကူဖြစ်စေလိ့မ်မည်ဟု Thailand National News Bereau သတင်းဌာနက ဖော်ပြခဲ့သည်။

    အကြီးအကဲ အဇစ် ဖီသက်ကမ်ပွန်ကမူ ဗလီဝတ်ကျောင်းတော်ဆိုသည်မှာ မွတ်စလင်များ စုဝေးကာ ဘာသာရေးဆိုင်ရာ ကိစ္စရပ်များကို လုပ်ဆောင်သည့်နေရာဖြစ်ပြီး PNU တက္ကသိုလ်ရှိ ကျောင်းသားများ၏ ၈၀ ရာခိုင်နှုန်းမှာ မွတ်စလင်များဖြစ်သောကြောင့် ယခုကဲ့သို့ ဗလီတည်ဆောက်ပေးသည့် လုပ်ရပ်မှာ မှန်ကန်ကြောင်း၊ အဆိုပါ ဗလီဝတ်ကျောင်းတော်မှာ အစ္စလာမ့်သွန်သင်များနှင့် လျော်ညီသည့် နိုင်ငံသားကောင်းတစ်ယောက်ဖြစ်လာရေး ကျောင်းသားများကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “တက္ကသိုလ်ပရ၀ုဏ်အတွင်းမှာ ဗလီဝတ်ကျောင်းတော် တည်ရှိခြင်းက လူ့အဖွဲ့အစည်းအတွင်း မတူကွဲပြားစွာ ညီညွတ်မှုကို မြှင့်တင်ပေးပြီး၊ အတူတကွ သဟဇာတဖြစ်စွာနေထိုင်ဖို့ ပြည်သူတွေကို တိုက်တွန်းအားပေးမှုလည်း ဖြစ်လာမှာပါ။ ပြီးတော့ တောင်ဘက်နယ်ခြားဒေသတွေမှာ ကာလရှည်ဖြစ်ပွားနေတဲ့ အခြေအနေအတွက်လည်း အကျိုးကျေးဇူး ဖြစ်ထွန်းမှာပါ” ဟု အဇစ် ဖီသက်ကမ်ပွန်က ပြောကြားခဲ့သည်။

    ဗလီဝတ်ကျောင်းတော် ဖွင့်ပွဲအခမ်းအနားသို့ ထိုင်းအစိုးရ တာဝန်ရှိသူများ၊ တက္ကသိုလ် အကြီးအကဲများ၊ မလေးရှားနိုင်ငံမှ ဘာသာရေးခေါင်းဆောင်များနှင့် အင်ဒိုနီရှား ပညာရေးအကြီးအကဲဟောင်းတို့ တက်ရောက်ခဲ့ကြသည်။

    ဖွင့်ပွဲအခမ်းအနားတွင် “ဗလီဝတ်ကျောင်းတော်အခန်းကဏ္ဍနှင့် တောင်ပိုင်းနယ်ခြားဒေသများတွင် ငြိမ်းချမ်းရေး မြှင့်တင်ခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ “တက္ကသိုလ်ဝင်းရှိ ဗလီဝတ်ကျောင်းတော်က ကျောင်းသားများနှင့် လူ့အဖွဲ့အစည်းအတွက် ဘာတွေပေးနိုင်သလဲ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောပို့ချမှုများ ပြုလုပ်ခဲ့သည်။

    Ref: Thainews

  • စားနပ်ရိက္ခာဖူလှုံရေး ၇ ကြိမ်မြောက် ၀န်ကြီးအဆင့် ညီလာခံကို အိုအိုင်စီ ကျင်းပမည်

    စားနပ်ရိက္ခာဖူလှုံရေး ၇ ကြိမ်မြောက် ၀န်ကြီးအဆင့် ညီလာခံကို အိုအိုင်စီ ကျင်းပမည်

    ဧပြီ ၂၄၊ ၂၀၁၆
    M-Media

    food security

    – အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ချုပ် (OIC) က ကာဇက်စတန်နိုင်ငံ၊ အက်စ်တာနာမြို့မှာ ဧပြီလ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ စားနပ်ရိပ်က္ခာ ဖူလှုံရေးနဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးရေးဆိုင်ရာ ၀န်ကြီးအဆင့် ၇ ကြိမ်မြောက် ညီလာခံကို ကျင်းပသွားမယ်လို့ သိရပါတယ်။

    အဲဒီညီလာခံမှာ အိုအိုင်စီအဖွဲ့ဝင်နိုင်ငံတွေအတွင်းက လက်ရှိဖြစ်ပေါ်နေတဲ့ စားနပ်ရိက္ခာဖူလှုံရေးနဲ့ စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခြေအနေတွေကို ဆွေးနွေးမှာဖြစ်ပြီး၊ ကာဇက်စတန်နိုင်ငံမှာ စားနပ်ရိက္ခာ ဖူလှုံရေးဆိုင်ရာ အိုအိုင်စီအဖွဲ့ချုပ် (IOFS) တစ်ခု ဖွဲ့စည်းတည်ထောင်ရေး ကိစ္စလည်း ပါဝင်မှာဖြစ်ပါတယ်။

    အိုအိုင်စီအဖွဲ့နဲ့ သူတို့ရဲ့လက်အောက်က အသင်းအဖွဲ့တွေက အကောင်အထည်ဖော်ကြနေကြတဲ့ အစီအစဉ်တွေ၊ စီမံကိန်းတွေကို အထောက်အကူပေးဖို့အတွက် ရည်ရွယ်ကာ ဒီညီလာခံကို ကျင်းပတာဖြစ်ပါတယ်။

    ဆွေးနွေးမယ့် အစီအစဉ်တွေထဲမှာ စားနပ်ရိက္ခာဖူလှုံရေးဆိုင်ရာ ဂျစ်ဒါကြေငြာချက်နဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစ္စလာမ့်မစ် ညီညွတ်ရေး ရန်ပုံငွေအဖွဲ့က အကောင်အထည်ဖော်နေတဲ့ စက်ဆက်စီမံကိန်းတွေ၊ နောက်ပြီး အလယ်အာရှနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အိုအိုင်စီ လုပ်ငန်းဆောင်ရွက်မှု စီမံချက်၊ အခြားသော အစီအစဉ်တွေ၊ စီမံကိန်းတွေလည်း ပါဝင်ပါတယ်။

    နောက်ပြီး အိုအိုင်စီရဲ့ စားနိပ်ရိပ်က္ခာဖူလှုံရေးနဲ့ ဆက်စပ်နေတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ စိုက်ပျိုးမွေးမြူရေးနဲ့ စားနပ်ရိက္ခာဖူလှုံရေးဆိုင်ရာ ဂျစ်ဒါကြေညာချက်ကို လက်တွေ့ အကာင်အထည်ဖော်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ ကျေးလက်ဖွံ့ဖြိုးရေးနဲ့ စားနပ်ရိက္ခာ ဖူလှုံရေးအပေါ် အိုအိုင်စီရဲ့ လက်တွေ့စီမံချက်နဲ့ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း စတဲ့ ကိစ္စတွေကိုလည်း ဆွေးနွေးသွားမှာဖြစ်ပါတယ်။

    Ref: IINA

  • အသင်းသားများကို ဂျူးလီယက်ဆီဇာနှင့် လက်စတာနည်းပြ နှိုင်းယှဉ်ပြောဆို

    အသင်းသားများကို ဂျူးလီယက်ဆီဇာနှင့် လက်စတာနည်းပြ နှိုင်းယှဉ်ပြောဆို

    ဧပြီ ၂၃၊ ၂၀၁၆
    M-Media

    leister 1

    – မိမိအသင်းရှိ ကစားသမားများအားလုံးမှာ ကမ္ဘာကျော် တိုက်တိုင်းအောင် အင်ပါယာရှင်ကြီး ဂျူးလီယက်ဆီဇာများဖြစ်သည်ဟု လက်စတာနည်းပြ ကလော်ဒီယို ရာနီယေးရီက ချီးကျူးပြောဆိုလိုက်သည်။

    ရာသီပြီးဆုံးရန် ၄ ပွဲသာ လိုတော့သည့်အချိန်တွင် ဇယားထိပ်၌ ဒုတိယနေရာမှ စပါးအား ၅ မှတ် ဖြတ်ထားသည့် လက်စတာမှာ ပရီးမီးယားလိဂ်ဖလားကို အရယူနိုင်သည်ဟု ရာနီယေးရီက နောက်ဆုံးတွင် ၀န်ခံထားသည်။ ထို ၄ ပွဲတွင် ၃ ပွဲအနိုင်ရပါက လက်စတာမှာ အသင်းသမိုင်းတွင် မှတ်တမ်းသစ်ရေးထိုးနိုင်မည်ဖြစ်သည်။

    ယခုတစ်ပတ် ဆွမ်ဆီးနှင့်တွေ့ဆုံရမည့် လက်စတာတွင် ဂိုးသွင်းစက် ဗာဒီမှာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မည်ဟုတ်ချေ။ သို့သော်လည်း ရာနီယေးရီကမူ အသင်းသားအားလုံးမှာ တိုက်တိုင်းအောင် သူရဲကောင်းများဖြစ်သည်ဟု အမွှမ်းတင်ခဲ့သည်။

    “ကျွန်တော့်မှာ ကြယ်ပွင့် ၂၄ ပွင့်ရှိနေပါတယ်။ ဂျူးလီးယက်စ်ဆီဇာ ၂၄ ယောက်ဖြစ်ပြီး ကျွန်တော်တို့အသင်းရဲ့ အင်အားပါပဲ။ ဆီဇာတစ်ယောက်လျော့သွားရင်လည်း နောက်ထပ် ၂၃ ယောက် ရှိနေပါသေးတယ်။ အခုအချိန်ဟာ ‘အေးဆေးပဲ။ ဆက်သွားစမ်းပါ’ လို့ ပြောရမယ့်အချိန်ပါ။ ကျွန်တော်တို့ ချန်ပီယံလိဂ်ဝင်ခွင့် ရသွားပါပြီ။ ဆက်ကြိုးစားမယ်။ ယုံကြည်ချက်ဆက်ထားမယ်။ နောက်ဆုံး ပရီးမီးယာလိဂ်ရရင်တော့ အောင်ပွဲခံရမှာပေါ့ဗျာ” ဟု ရာနီယေးရီက ပြောကြားခဲ့သည်။

    Ref: Goal