ဧပြီ ၁၇၊ ၂၀၁၆
M-Media
– အမေရိကန်သမ္မတ ဘာရက် အိုဘားမားအနေနဲ့ ပင်လယ်ကွေ့ခြောက်နိုင်ငံခေါင်းဆောင်တွေနဲ့ မတွေ့မီ တစ်ရက်အလို ဒီတစ်ပတ်ဗုဒ္ဓဟူးနေ့မှာ ဆော်ဒီဘုရင်ဆလ်မန်နဲ့ ရီယာ့ဒ်မြို့မှာ တွေ့ဆုံဖို့ရှိနေပြီး ဆီးရီးယားနဲ့ တခြားနိုင်ငံတွေမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ၊ အကြမ်းဖက်ဝါဒနဲ့ လုံခြုံရေးအခြေအနေတွေကို အလေးထား ဆွေးနွေးသွားဖို့ ရှိနေပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး အက်ရှ်တန် ကာတာကလည်း ပင်လယ်ကွေ့နိုင်ငံက ကာကွယ်ရေးဝန်ကြီးတွေနဲ့အဲဒီနေ့မှာပဲ တွေ့ဆုံဖို့ရှိနေတယ်လို့ အိမ်ဖြူတော်ကြေညာချက်ကို ကိုးကားပြီး မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
အိုဘားမားအကြံပေး ရောဘတ်မာလီကတော့ ဒေသတွင်းက IS အကြမ်းဖက်အဖွဲ့တွေကို တိုက်ခိုက်ဖို့၊ ထိပ်ဖူးတပ်ဒုံးကျည်စနစ်အားကောင်းလာရေးအပါအ၀င် ကာကွယ်ရေးစွမ်းအားမြင့်တင်ဖို့ လိုအပ်တဲ့အကူအညီပေးပို့ရေး စသဖြင့် အမေရိကန်နဲ့ ပင်လယ်ကွေ့နိုင်ငံတွေကြား သဘောတူညီမှု ရရှိခဲ့တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
အိုဘားမားအနေနဲ့ ရေနံဈေးနှုန်း ရုတ်တရက်ထိုးကျသွားတဲ့အပေါ် ဘုရင်ဆလ်မန်နဲ့ အခြားခေါင်းဆောင်တွေရဲ့ အကြံဉာဏ်တွေကိုလည်း နားထောင်ချင်တယ်လို့ မာလီက ပြောပါတယ်။ အိုဘားမားက အကြမ်းဖက်အုပ်စုတွေကို နှိမ်နှင်းရေးမှာ ဆော်ဒီအာရေဗျရဲ့ အခန်းကဏ္ဍ အရေးပါပုံကို မကြာသေးမီက ပြောကြားခဲ့ဖူးပါတယ်။
Ref: ArabNews