News @ M-Media

Author: Ko Lay

  • မွတ်စလင်များအား Facebook မှ စော်ကားသည့် အလှပြင်ဆိုင်ပိုင်ရှင်ကို ဗြိတိန် ဖမ်းဆီး

    မွတ်စလင်များအား Facebook မှ စော်ကားသည့် အလှပြင်ဆိုင်ပိုင်ရှင်ကို ဗြိတိန် ဖမ်းဆီး

    နိုဝင်ဘာ ၁၆၊ ၂၀၁၅
    M-Media

    uk

    – ပြင်သစ် အကြမ်းဖက်တိုက်ခိုက်မှု နောက်ပိုင်း မွတ်စလင်များအပေါ် စော်ကားသည့် သဘောထားများကို ဆိုရှယ်စာမျက်နှာ၌ ရေးသားဖော်ပြခဲ့သော ဗျူတီဆလွန်းပိုင်ရှင် တစ်ဦးကို ဗြိတိန်ရဲတပ်ဖွဲ့က ယမန်နေ့တွင် ဖမ်းဆီးလိုက်သည်ဟု သိရသည်။

    ဖမ်းဆီးခံခဲ့ရသည့် ထိုအမျိုးသမီးမှာ အေပရယ် မေဂျာဆိုသူ ဖြစ်ပြီး အောက်စဖို့ဒ်ရှိုင်းယား ဒေသတွင် Blinks of Bicester အမည်ဖြင့် အလှပြင်ဆိုင် ဖွင့်ထားသူတစ်ဦးလည်း ဖြစ်သည်။

    သိမ်းဗာလီ ရဲတပ်ဖွဲ့ကမူ အသက် ၄၃ နှစ်အရွယ်ရှိ သူမအား ပြည်သူ့လုံခြုံရေး အက်ဥပဒေ ပုဒ်မ ၁၉ ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ အဆိုပါ ပုဒ်မမှာ “လူမျိုးရေ အမုန်းတရား ဖြစ်လာစေရန် ရည်ရွယ်၍ ခြိမ်းခြောက်ခြင်း၊ ရိုင်းစိုင်းစွာ ပြောဆိုခြင်း၊ သို့မဟုတ် စော်ကားခြင်း စသည့်ပုံစံမျိုးဖြင့် ရေးသားဖော်ပြခြင်း၊ ရန်ညှိုးထားသည့် ပြောဆိုဆက်ဆံမှု ပြုလုပ်ခြင်း” စသည်တို့နှင့် ဆက်စပ်နေသည်။

    မေဂျာမှာ သူမ၏ Faecebook စာမျက်နှာတွင် “ယူကေက လက်ခံတဲ့ နိုင်ငံကူးလက်မှတ် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ Blinks of Bicester ဟာ အစ္စလာမ်ဘာသာဝင် ဘယ်သူ့ကိုမှ ဘိုကင်လုပ်ခွင့် မပြုတော့ပါဘူး” ဟု ရေးသားခဲ့ပြီး၊ အခြားပို့စ်တစ်ခုတွင်လည်း “ငါ့ရဲ့ တိုင်းပြည်ကို ဦးစားပေးဖို့အချိန်ရောက်ပြီ” ဟု ရေးသားခဲ့သည်။

    ထိုမှတ်ချက်များကြောင့် ဝေဖန်မှုများ ခံရပြီးနောက်တွင် မေဂျာက “ဘယ်မွတ်စလင်မှ ဒါမှမဟုတ် ဘယ်အစ္စလာမ်ဘာသာဝင်ကိုမှ ဘိုကင် လုပ်မပေးဘူးဆိုတဲ့ ပြောကြားမှုနဲ့ပတ်သက်ပြီး မက်ဆေ့ခ်ျတွေ အများကြီး ရပါတယ်။ ငါကတော့ ယူကေနိုင်ငံသားတစ်ယောက်အနေနဲ့ အဲဒီအပေါ်မှာပဲ လုံးဝ ရပ်တည်ပါတယ်” ဟု ရေးသားခဲ့ကာ “ရှင်တို့မိသားစုတွေ IS ရဲ့ ဗုံးခွဲမှုကို ခံရဖို့ ငါ မျှော်လင့်တယ်” ဟု မက်ဆေ့ခ်ျပို့သူများကို ရည်ညွှန်း၍လည်း သူမက ရေးသားခဲ့သည်။ နောက်ပိုင်းတွင် အဆိုပါ ပို့စ်များအားလုံးကို ဖျက်ပစ်ခဲ့သည်။

    လက်ရှိအချိန်တွင် ၎င်းအား တရားစွဲဆိုမှုများ မပြုလုပ်ရသေးဘဲ ရဲတပ်ဖွဲ့ကမူ စုံစမ်းစစ်ဆေးမှုများကို အသေအချာ ပြုလုပ်သွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Mirror

  • အကြမ်းဖက်မှုကို ဆန့်ကျင်ကြောင်း အသက်ပေး သက်သေပြခဲ့တဲ့ ဘေရွတ်က မွတ်စလင်သားအဖ

    အကြမ်းဖက်မှုကို ဆန့်ကျင်ကြောင်း အသက်ပေး သက်သေပြခဲ့တဲ့ ဘေရွတ်က မွတ်စလင်သားအဖ

    နိုဝင်ဘာ ၁၆၊ ၂၀၁၅
    M-Media

    la

    – နိုဝင်ဘာ ၁၂ ရက်နေ့က လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော် တောင်ဘက်က ရှီအာအများစု နေထိုင်ရာ ဒေသတစ်ခုမှာ IS အဖွဲ့ရဲ့ အသေခံဗုံးဖောက်ခွဲမှုကြောင့် လူ ၄၃ ဦး သေဆုံးခဲ့ပြီး ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

    အသေခံဗုံးခွဲမှုနှစ်ခု ဖြစ်ပွားခဲ့တဲ့ အဲဒီအဖြစ်အပျက်မှာ ပထမတစ်ခုဟာ ဘာ့ဂ်ျ အလ်-ဘာရက်ဂ်ျနာဒေသက ရှီယာဗလီတစ်ခုရဲ့ အပြင်ဘက် လူစည်ကားရာနေရာမှာ ဖြစ်ပွားခဲ့တာပါ။

    အဲဒီအချိန်မှာ သမီးဖြစ်သူကို လက်ဆွဲပြီးလမ်းလျှောက်လာတဲ့ တာမို့စ်ဟာ ဗလီအပြင်ဘက်မှာ စုရုံးစုရုံးလုပ်နေကြတဲ့ လူအုပ်ကြီးဆီကို ဒုတိယ အသေခံဗုံးခွဲသမားတစ်ဦးက ဗုံးခွဲဖို့ ၀င်ရောက်လာတာကို တွေ့လိုက်ရပါတယ်။

    la 2

    ချက်ချင်းဆိုသလိုပဲ တာမို့စ်ဟာ အဲဒီအသေခံဗုံးသမားထံကို ပြေးဝင် ခုန်အုပ်ခဲ့ပြီး အဲဒီအချိန်မှာပဲ ဗုံးပေါက်ကွဲတာကြောင့် သမီးဖြစ်သူရော၊ တာမို့စ် နှစ်ဦးစလုံး အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမယ့် သူ့ရဲ့ အဲဒီလို စွန့်လွှတ်စတေးမှုဟာ ရာနဲ့ချီတဲ့ လူ့အသက်တွေကို ကာကွယ်နိုင်ခဲ့ပါတယ်။

    “အသေခံဗုံးခွဲသမားကို သူက လှဲချခဲ့တယ်။ အဲဒီနားမှာ မိသားစုတွေအများကြီးရှိနေတာပါ။ ရာနဲ့ချီပါတယ်။ အသက်ပေါင်းများစွာ သူ့အပေါ်မှာ ကျွန်တော်တို့ အကြွေးတင်ခဲ့တာပေါ့လေ” လို့ ဆရာဝန်တစ်ဦးဖြစ်သူ အီလီ ဖာရက်စ်က သူ့ရဲ့ ဘလော့စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

    လက်ဘနွန်ပြည်သူတွေနဲ့ ပြည်တွင်းမီဒီယာတွေကလည်း တာမို့စ်ရဲ့ လုပ်ရပ်ကို ချီးကျူးခဲ့ပြီး၊ တစ်ချိန်တည်းမှာပဲ သူ့အတွက် စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။ အဲဒီ အသေခံဗုံးခွဲတိုက်ခိုက်မှုဟာ လက်ဘနွန်နိုင်ငံမှာ အဆိုးဝါးဆုံး အဖြစ်အပျက်တွေထဲက တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

    Ref : IBtimes

  • ပရီးမီးယားလိဂ်မှာ နည်းစနစ်ပိုင်းတွင် စီးရီးအေကို မယှဉ်နိုင်ဟု မန်ယူနောက်ခံလူဆို

    ပရီးမီးယားလိဂ်မှာ နည်းစနစ်ပိုင်းတွင် စီးရီးအေကို မယှဉ်နိုင်ဟု မန်ယူနောက်ခံလူဆို

    နိုဝင်ဘာ ၁၆၊ ၂၀၁၅
    M-Media

    dar

    – ကြံ့ခိုင်မှုပိုင်းတွင် ပရီးမီးယားလိဂ်က ပိုမိုသာလွန်သော်လည်း နည်းစနစ်ပိုင်းတွင်မူ စီးရီးအေကို မယှဉ်နိုင်ဟု မန်ယူနောက်ခံလူ မက်တီယို ဒါရ်မီယန်က ပြောကြားလိုက်သည်။

    အီတလီကစားသမား ဒါရ်မီယန်မှာ ယခုနှစ်ဘောလုံးရာသီအစပိုင်းက တိုရီနိုအသင်းမှ မန်ယူသို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး ပရီးမီးယားလိဂ် ၁၂ ပွဲတွင် ၁၁ ပွဲတိတိ ပါဝင်ကစားခွင့်ရရှိထားသည်။

    “အင်္ဂလန်မှာ အတွေ့အကြုံသစ်ဟာ အကောင်းဆုံးနည်းလမ်းတဲ့ စတင်ခဲ့ပြီး ဒီလိုပဲ ဆက်သွားမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ တစ်ခြားနိုင်ငံတစ်ခုက တစ်ခြားလိဂ်တစ်ခုမှာ ကစားရတာဟာ နေရာတိုင်းမှာ တိုးတက်မှုကို ရရှိစေပါတယ်။ ပရီးမီးယားလိဂ်မှာ ကြံ့ခိုင်မှုပိုင်းဆိုင်ရာ ပိုသာပြီး နည်းစနစ်ပိုင်းမှာတော့ စီးရီးအေလောက် မကောင်းပါဘူး။ အီတလီနဲ့နှိုင်းယှဉ်ရရင် အဲဒီမှာက အာဟာရဘက်ကို သိပ် အာရုံမစိုက်ပါဘူး” ဟု ဒါရ်မီယန်က ပြောကြားခဲ့သည်။

    Ref: Goal

  • မြောက်ကိုရီးယားသို့ ဘင်ကီမွန် သွားမည်

    မြောက်ကိုရီးယားသို့ ဘင်ကီမွန် သွားမည်

    နိုဝင်ဘာ ၁၆၊ ၂၀၁၅
    M-Media

    – ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်မှာ ယခုသီတင်းပတ်အတွင်း မြောက်ကိုရီးယားသို့ သွားရောက်မည်ဟု တောင်ကိုရီးယားရှိ Yonhap သတင်းဌာနက ဖော်ပြခဲ့သည်။

    တောင်ကိုရီးယား နိုင်ငံသားတစ်ဦးဖြစ်သော ဘန်မှာ ယခုနှစ် အစောပိုင်းကတည်းက ပြုံးယမ်သို့ သွားရောက်ရန် စီစဉ်ထားသော်လည်း မြောက်ကိုရီးယားက နောက်ဆုံးအချိန်မှ အကြောင်းပြချက်မရှိဘဲ ခရီးစဉ်အား သဘောတူထားမှုကို ရုပ်သိမ်းခဲ့သည်။

    ယခုသွားရောက်မှုမှာ ကိုရီးယားကျွန်းဆွယ်အတွင်း ရှိနေသည့် ပြဿနာများကို ဖြေရှင်းရေး သိသာသည့် လမ်းကြောင်းတစ်ခုကို ပေးရန်ဖြစ်သော်လည်း ဘန်ကီမွန်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် တွေ့ဆုံရန် မဖြစ်နိုင်ဟု ရင်းမြစ်တစ်ခုက Yonhap သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ကုလ၏ စုံစမ်စစ်ဆေးမှုများအရ မြောက်ကိုရီးယားနိုင်ငံ၌ နာဇီတို့၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် နှိုင်းယှဉ်၍ရသည့် ကျူးလွန်မှုများကြောင့် မြောက်ကိုရီးယားအား နိုင်ငံတကာ ရာဇ၀တ်ခုံရုံးသို့ လွှဲပြောင်း တရားစွဲဆိုရေးအတွက် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာက ပြုလုပ်ခဲ့သည့် ကုလ၏ အထွေထွေညီလာခံတွင် လုံခြုံရေးကောင်စီအား တိုက်တွန်းခဲ့သည်။

    Ref: Channelnewsasia

  • ပေါင် သန်း ၈၀ ရပါက ရော်နယ်ဒိုကို ရီးယဲလ် ရောင်းချဖွယ်ရှိနေ

    ပေါင် သန်း ၈၀ ရပါက ရော်နယ်ဒိုကို ရီးယဲလ် ရောင်းချဖွယ်ရှိနေ

    နိုဝင်ဘာ ၁၆၊ ၂၀၁၅
    M-Media

    rnal

    – ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ ခန့် ရရှိပါက ရော်နယ်ဒိုအား ရီးယဲလ်က လက်လွှတ်ဖွယ်ရှိနေသည်ဟု The Sun သတင်းစာက ဖော်ပြလိုက်သည်။

    ပီအက်စ်ဂျီနှင့် မန်ယူတို့က ရော်နယ်ဒိုကို ခေါ်ယူရန် စိတ်ဝင်စားနေပြီး ပြီးခဲ့သည့်တစ်ပတ် ပီအက်စ်ဂျီအသင်းနှင့် ချန်ပီယံလိဂ်ပွဲအပြီးတွင် ပီအက်စ်ဂျီနည်းပြ လောရင့် ဘလန့်နှင့် ရော်နယ်ဒိုတို့ ရင်းရင်းနှီးနှီး နှုတ်ဆက်မှုကလည်း ရော်နယ်ဒိုမှာ ရီးယဲလ်မှ ထွက်ခွာတော့မည် ဆိုသည့် ကောလဟာလများကို ပိုမိုကြီးထွားလာခဲ့သည်။

    ယခုနှစ်တွင် ထင်သလောက် ခြေစွမ်းမပြနိုင်သည့် ရော်နယ်ဒိုက မိမိအနေဖြင့် စိန်ခေါ်မှုအသစ်များကို ရှာဖွေရန် စဉ်စားနေသည်ဟု ဖွင့်ဟထားဖူးသည်။ ရီးယဲလ်ကလည်း လာမည့်နွေရာသီ အပြောင်းအရွှေ့အတွက် ငွေကြေးလိုအပ်နေပြီး ရော်နယ်ဒိုအတွက် ပေါင် သန်း ၈၀ မှာ လွန်ခဲ့သည့် ၆ နှစ် မန်ယူမှ ၀ယ်ယူစဉ်က ၎င်းတို့ ကုန်ကျခဲ့သည့် ပြောင်းရွှေ့ကြေးပမာဏလည်း ဖြစ်သည်။

    အသက် ၃၀ အရွယ် ရော်နယ်ဒိုအား အသင်းဟောင်း မန်ယူက ခေါ်ယူရန် စိတ်ဝင်စားပြီး ချယ်ဆီးကလည်း အပြိုင်ခေါ်ယူချင်နေသည်ဟု သတင်းများ ထွက်ပေါ်နသည်။

    Ref: Goal