News @ M-Media

Author: Ko Lay

  • ချယ်ဆီးမှ ခွာလျှင်လည်း ပရီးမီးယားလိဂ်တွင် ဆက်ရှိချင်သည်ဟု မော်ရင်ဟိုပြော

    ချယ်ဆီးမှ ခွာလျှင်လည်း ပရီးမီးယားလိဂ်တွင် ဆက်ရှိချင်သည်ဟု မော်ရင်ဟိုပြော

    မေ ၂၃၊ ၂၀၁၅
    M-Media

    mrh

    – အသင်းပိုင်ရှင် အီဗရာဟီမိုဗစ်ခ်ျ ဆန္ဒရှိသလောက် ချယ်ဆီးအသင်းတွင် နေသွားမည်ဖြစ်ပြီး ချယ်ဆီးမှထွက်ခွာပါကလည်း ပရီးမီးယားလိဂ်တွင်သာ ဆက်လက်ရှိနေချင်သည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    မော်ရင်ဟိုမှာ မနက်ဖြန်တွင် စတမ်းဖို့ဒ်ဘရစ်ခ်ျ၌ ပရီးမီးယားလိဂ်ဖလားကို ၃ ကြိမ်မြောက် ကိုင်မြှောက်ရမည်ဖြစ်သည်။ အနာဂတ်နှင့်ပတ်သက်၍ ပြောကြားရာတွင် မော်ရင်ဟိုက မိမိအား အီဗရာဟီမိုဗစ်ခ်ျက အသင်းမှထုတ်ပယ်လျှင်လည်း ပရီးမီးယားလိဂ်တွင်သာ ဆက်ရှိနေချင်သည်ဟု ဆိုသည်။

    “မစ္စတာ အီဗရာဟီမိုဗစ်ခ်ျက ကျွန်တော်ဟာ မကောင်းတော့ဘူးလို့ ထင်တဲ့တစ်နေ့ ဖြစ်နိုင်ရင် အင်္ဂလန်မှာပဲ အလုပ်လုပ်ချင်ပါတယ်။ မစ္စတာ အီဗရာဟီမိုဗစ်ခ်ျက မပြောမချင်း ကျွန်တော် သွားဖို့ မရှိပါဘူး။ အခု ဘယ်ကလပ်မဆိုလာပြီး ကမ်းလှမ်းမယ်၊ ချယ်ဆီးက လခထက် ၂ ဆပေးမယ်ဆိုရင်တောင် မရပါဘူး” ဟု မော်ရင်ဟိုက BBC ၏ Football Focus အစီအစဉ်တွင် ပြောကြားခဲ့သည်။

    ထို့ပြင် မော်ရင်ဟိုက မိမိအနေဖြင့် အခြားကလပ်အသင်းကို နည်းပြရန် မျှော်မှန်းထားသော်လည်း ချယ်ဆီးကို ချစ်မြတ်နိုးသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ၂၀၁၃ ခုနှစ်တွင် မန်ယူမှ ဖာဂူဆန်ထွက်သွားပြီးနောက်ပိုင်း မော်ရင်ဟိုမှာ ၎င်း၏နေရာကို ဆက်ခံရန် အလွန်အမင်း ရေပန်းစားခဲ့သော်လည်း ဖာဂူဆန်ကမူ တစ်နိုင်ငံတည်းသား ဒေးဗစ်မိုယက်စ်ကို အကြံပြုခဲ့သည်။

    Ref: Goal

  • ဂွာတီမာလာတွင် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်ကို လူအုပ်ကြီးက အရှင်လတ်လတ် မီးရှို့သတ်ဖြတ်

    ဂွာတီမာလာတွင် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်ကို လူအုပ်ကြီးက အရှင်လတ်လတ် မီးရှို့သတ်ဖြတ်

    မေ ၂၃၊ ၂၀၁၅
    M-Media

    – ဆိုင်ကယ်တက္ကဆီသမားကို သတ်ဖြတ်ခဲ့သည့်အဖွဲ့နှင့် ပတ်သက်သည်ဟုဆိုကာ ဂွါတီမာလာတွင် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်အား လူအုပ်ကြီးက အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့သည်ဟု သိရသည်။

    မြို့တော် ဂွါတီမာလာစီးတီးနှင့် ၇၇ မိုင်အကွာ ရီယို ဘရာဗိုရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမည်မသိ အဆိုပါ အမျိုးသမီးငယ်အား လူအုပ်ကြီးက ၀ိုင်း၍ ရိုက်နှက်ကန်ကျောက်ကာ မီးရှို့သည့် ၃၈ စက္ကန့်ကြာ ဗီဒီယိုမှာလည်း ဆိုရှယ်မီဒီယာများတွင် တစ်မဟုတ်ချင်း ပြန့်နှံသွားခဲ့သည်။

    ထိုအမျိုးသမီးငယ်မှာ အခြားလူငယ်အမျိုးသား ၂ ဦးနှင့်အတူ အသက် ၆၈ နှစ်အရွယ် ဆိုင်ကယ်တက္ကဆီသမား ကားလို့စ် အန်းရစ် ဂွန်ဇာလက်ဆိုသူကို ဓားပြတိုက်ပြီးနောက် သေနတ်ဖြင့်ပစ်ကာ ထွက်ပြေးသွားသည်ဟူသော စွပ်စွဲချက်ဖြင့် ထိုကဲ့သို့ သတ်ဖြတ်ခံခဲ့ရခြင်း
    ဖြစ်သည်။

    လူငယ်အမျိုးသား ၂ ဦးမှာ လမ်းကြိုလမ်းကြားများမှ ထွက်ပြေးလွတ်မြောက်သွားပြီး ထိုအမျိုးသမီးငယ်မှာ လမ်းမှားကာ လူအုပ်ကြီး၏ လက်တွင်းသို့ ကျရောက်ခဲ့ခြင်းဖြစ်သည်။

    ဗီဒီယို၌ မျက်နှာတွင် သွေးများကျနေကာ မူးဝေပြီး ဒယိမ်းဒယိုင်ဖြစ်နေသည့် ထိုအမျိုးသမီးငယ်ကို လူအုပ်ကြီးက ၀ိုင်းထားသည်ကို တွေ့ရှိခဲ့ရသည်။ လူအုပ်ကြီးမှာ ပြင်းပြင်းထန်ထန် ရိုက်နှက်ကန်ကျောက်ပြီးနောက် လဲကျနေသည့် ထိုအမျိုးသမီးအပေါ်သို့ ဓာတ်ဆီလောင်းချခဲ့ပြီး မီးရှို့ခဲ့ကြသည်။ မိန်းကလေးငယ်မှာ နာကျင်မှုကြောင့် ပြင်းပြင်းထန်ထန်အော်ဟစ်ကာ လူအုပ်ကြီးကလည်း သေသည်အထိ ၀ိုင်း၍ ကြည့်နေကြသည်။

    ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကမူ မိမိတို့အနေဖြင့် ဖြန်ဖြေရန် ကြိုးစားခဲ့သော်လည်း ဘေးနားတွင်ရှိနေသူများ၏ တာဆီးမှုကို ခံခဲ့ရကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ဗီဒီယိုကို YouTube ပေါ် လွှင့်တင်ခဲ့ပြီးနောက် ကြည့်ရှုသူ ထောင်နှင့်ချီ၍ ရှိခဲ့ပြီး နောက်ပိုင်းတွင် YouTube က ပြန်ဖျက်ခဲ့သည်။

    သေဆုံးသွားသည့်အမျိုးသမီးငယ်မှာ မည်သူမည်ဝါဖြစ်ကြောင်း မသိရှိရသေးဘဲ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကာ၊ တင်းမာမှုများ ဆက်လက်ပြန့်နှံ့သွားမည်ကို စိုးရိမ်နေသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    Ref: Dailymail

  • လီဗာပူးလ်တွင်ဆက်ရှိရန် ယုံကြည်နေသည်ဟု ရော်ဂျာပြော

    လီဗာပူးလ်တွင်ဆက်ရှိရန် ယုံကြည်နေသည်ဟု ရော်ဂျာပြော

    မေ ၂၃၊ ၂၀၁၅
    M-Media

    rodger

    – စိတ်ပျက်ဖွယ်ရာရလဒ်နှင့် ရင်ဆိုင်ခဲ့ရသော်လည်း မိမိအနေဖြင့် အန်ဖီးလ်တွင် ဆက်ရှိနေရန် ယုံကြည်မှုမှာ ၁၅၀ ရာခိုင်နှုန်းရှိနေပြီး လာမည့်နှစ်တွင် အသင်းအား တိုးတက်အောင် ပြုလုပ်သွားမည်ဟု လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်နှစ်က ခြေစွမ်းကောင်းများပြသကာ ပရီးမီးယားလိဂ်ကို စိန်ခေါ်နိုင်သည်အထိ ဖြစ်ခဲ့၍ အဆင့် ၂ ဖြင့် ရာသီသိမ်းနိုင်ခဲ့သည့် လီဗာပူးလ်မှာ ယခုနှစ်တွင် ချန်ပီယံလိဂ်ဝင်ခွင့်ပင် ဆုံးရှုံးခဲ့ရသည်။ နည်းပြရော်ဂျာမှာလည်း ၎င်း၏ အနာဂတ်အတွက် အသင်းပိုင်ရှင်များနှင့် ရာသီကုန်တွင် စကားပြောရန် ရှိနေပြီး နည်းပြနေရာအတွက် ယုံကြည်မှုရှိလားဟု မေးမြန်းရာ သူက ၁၅၀ ရာခိုင်နှုန်း ယုံကြည်မှုရှိသည်ဟု ပြန်လည်ဖြေကြားခဲ့သည်။

    “ရာသီတစ်လျှောက်လုံးမှာ အသင်းပိုင်ရှင်တွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိခဲ့ပါတယ်။ မနှစ်ကလိုပဲ ရာသီကုန်ရင် ကျွန်တော် သူတို့နဲ့ စကားပြောမှာပါ” ဟု ရော်ဂျာက ဆိုသည်။

    ယခုနှစ်ရာသီတွင် စိတ်ပျက်စရာရလဒ်များဖြင့် ကြုံတွေ့ခဲ့ရသော်လည်း မန်နေဂျာတစ်ယောက်အဖြစ် မိမိအား တိုးတက်စေခဲ့သည်ဟု ရော်ဂျာက ခံစားနေရသည်။

    “ကျွန်တော်ဟာ မန်ဂျောတစ်ယောက်အဖြစ် တိုးတက်လာတယ်လို့ ထင်ပါတယ်။ နှစ်တိုင်းနှစ်တိုင်း ချင့်ချိန်မှု လုပ်တဲ့အခါ ကိုယ့်ရဲ့ ကိုယ်ပိုင် စွမ်းဆောင်ရည်ကို ပြန်သုံးသပ်ရပြီး လာမယ့်နှစ်မှာ ပိုကောင်းနိုင်မယ်လို့ မျှော်လင့်ကြတာပါပဲ။ သေချာတာကတော့ ဒီနှစ်အတွေ့အကြုံက ကျွန်တော့်ကို ပိုကောင်းစေခဲ့ပါတယ်”

    Ref: Goal

  • အိန္ဒိယရှိ ဆေးဘက်ဝင်ခွင့်စာမေးပွဲ မွတ်စလင်မိန်းကလေးများ ထူးချွန်စွာအောင်မြင်

    အိန္ဒိယရှိ ဆေးဘက်ဝင်ခွင့်စာမေးပွဲ မွတ်စလင်မိန်းကလေးများ ထူးချွန်စွာအောင်မြင်

    မေ ၂၃၊ ၂၀၁၅
    M-Media

    india

    – ၂၀၁၅ ခုနှစ် ကာလာရာပြည်နယ် ဆေးဘက်ဆိုင်ရာ ၀င်ခွင့်စာမေးပွဲ၌ အိန္ဒိယမွတ်စလင် မိန်းကလေးငယ် ၂ ဦးက အမှတ်အများဆုံးဖြင့် အောင်မြင်ခဲ့ပြီး အိန္ဒိယမွတ်စလင်များအတွက် စံထားအတုယူစရာ ဖြစ်လာခဲ့သည်။

    “ကျွန်မဟာ ပရဟိတစိတ်ဓာတ်နဲ့ ဆရာဝန်တစ်ယောက်ဖြစ်ချင်ပြီး ဒီအခွင့်အရေးကို လူ့အဖွဲ့အစည်းအတွက် ပေးဆပ်ဖို့ သုံးစွဲသွားပါမယ်။ တစ်ခုခုအတွက် ပြင်းထန်တဲ့ ဆုံးဖြတ်ချက် ရှိပြီဆိုရင်တော့ အဲဒါကို အသေအချာ ရပါလိမ့်မယ်” ဟု ရလဒ်ထွက်လာပြီးနောက် ယမန်နေ့က သတင်းထောက်များအား တွေ့ဆုံစဉ်အတွင်း ပီဟီဘာက ပြောကြားခဲ့သည်။

    ကာလာရာပြည်နယ် ဆေးကျောင်းဝင်ခွင့်အတွက် ရလဒ်များကို ပညာရေးဝန်ကြီးမှ ကြေညာခဲ့ခြင်းဖြစ်ပြီး မာလာပူရမ်မှ ပီဟီဘာက ရမှတ် ၉၅၄.၇၈၂၆ ဖြင့် အဆင့် ၁ နေရာမှ အောင်မြင်ခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သည့်နှစ်များအတွင်း အဆိုပါ ဆေးဘက်ဆိုင်ရာ ၀င်ခွင့်စာမေးပွဲတွင် အမျိုးသားများသာ ကြီးစိုးခဲ့ပြီး ယခု မွတ်စလင်မိန်းကလေးငယ် ၂ ဦးက ဖောက်ထွက်နိုင်ခဲ့ခြင်း ဖြစ်သည်။

    မန်ဂျီရီမြို့ရှိ အထက်တန်းကျောင်းတွင် ၁၂ နှစ်တာ ပညာသင်ယူခဲ့သည့် ဟီဘာမှာ ထူးချွန်သူတစ်ဦးဖြစ်ပြီး ထိုမြို့ရှိ ဘာဟ်ဘာဟ် သိပ္ပံအသင်းနှင့် ဆက်သွယ်ခဲ့ကာ ထိုအသင်းမှတစ်ဆင့် ဆေးကျောင်းဝင်ခွင့်ကို ဖြေဆိုခဲ့ခြင်းဖြစ်သည်။

    ဟီဘာကမူ ထိပ်ဆုံးအဆင့်ဖြင့် အောင်မြင်ခဲ့သည့်အတွက် အံအားသင့်နေသည်။

    “ပြည်နယ်မှာရှိတဲ့ အစိုးရဆေးကောလိပ်ကို တက်နိုင်မယ်လို့ ကျွန်မ ယုံကြည်ခဲ့ပါတယ်” ဟု သူမက ပြောကြားခဲ့သည်။

    ဟီဘာမှာ အိန္ဒိယတစ်နိုင်ငံလုံး ဆေးဘက်ဆိုင်ရာဝင်ခွင့် ရလဒ်ကိုလည်း စောင့်ဆိုင်းနေသည်။ အခြားမွတ်စလင် မိန်းကလေးငယ်တစ်ဦးဖြစ်သူ မာရီယမ် ရာဖီက ရမှတ် ၉၄၄.၃၄၇၈ မှတ်ဖြင့် ဒုတိယနေရာမှ အောင်မြင်ခဲ့ပြီး အိန္ဒိယဆးသိပ္ပံ AIIMS တွင် တက်ရောက်ရန် ရည်ရွယ်ထားသည်။

    ရာဖီက မိမိအနေဖြင့် ထူးထူးချွန်ချွန်ဖြင့် အောင်မြင်ရန် မမျှော်လင့်ခဲ့ဘဲ ထိုကဲ့သို့ အောင်မြင်ခဲ့သည့်အတွက် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ အားပေးထောက်ပံ့ပေးခဲ့သည့် မိဘများနှင့် အမဖြစ်သူတို့လည်းကောင်း ကျေးဇူးတင်သည်ဟု ပြောကြားခဲ့သည်။

    အိန္ဒိယ၏ ၁.၁ ဘီလီယံရှိသော လူဦးရေတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူများမှာ သန်း ၁၈၀ ရှိပြီး အင်ဒိုနီးရှားနှင့် ပါကစ္စတန်တို့ပြီးလျှင် တတိယမြောက် အစ္စလာမ်ဘာသာဝင် အများဆုံးရှိသည့် နိုင်ငံဖြစ်သည်။

    Ref: Onislam

  • လူပျိုစင်ပြဿနာနှင့် လူးဝစ်ဇ်

    လူပျိုစင်ပြဿနာနှင့် လူးဝစ်ဇ်

    မေ ၂၃၊ ၂၀၁၅
    M-Meida

    luiz

    – မိမိအား လူပျိုစင်ဟု ဖော်ပြမှုများကို ပီအက်စ်ဂျီတိုက်စစ်မှူး ဒေးဗစ်လူးဝစ်ဇ်က ငြင်းဆိုလိုက်ပြီး မီဒီယာများအနေဖြင့် လူပုဂ္ဂိုလ်များအပေါ် လေးစားမှုမရှိဟု စွပ်စွဲပြောကြားလိုက်သည်။

    ယခုသီတင်းပတ်အစောပိုင်းက နှစ်ခြင်းခံခဲ့သည့် လူးဝစ်ဇ်က ၎င်းမှာ ယခုအချိန်မှစ၍ ချစ်သူ ဆာရာ မာဒီရာကို အိမ်ထောင်ပြုသည်အထိ လိင်ဆက်ဆံခြင်းမပြုတော့ဟု ဆိုရှယ်မီဒီယာတွင် ကြေညာခဲ့သည်။

    ထိုသို့ကြေညာပြီးနောက် လူးဝစ်ဇ်မှာ လူပျိုစင်ဖြစ်သည်ဟူသော ပြောကြားမှုများမှာ ဆိုရှယ်မီဒီယာနှင့် သတင်းများတွင် ပြန့်နှံ့သွားခဲ့ပြီး ကာယကံရှင်ကို မေးမြန်းမှုများလည်း ရှိခဲ့သည်။ သို့သော်လည်း လူးဝစ်ဇ်က ထိုပြောကြားမှုများမှာ မမှန်ဟု ဆိုသည်။

    “ကျွန်တော်ဟာ လူပျိုစင် ဟုတ်လား၊ မဟုတ်ဘူးလား ဆိုတာနဲ့ပတ်သက်ပြီး လူတွေက နေရာတိုင်းမှာ ပြောနေကြပါတယ်။ ကျွန်တော် လူပျိုစင် မဟုတ်ပါဘူး။ ကျွန်တော့်ဘ၀မှာ ရည်းစား တစ်ယောက်မက ထားဖူးပါတယ်။ စာနယ်ဇင်းကလူတစ်ချို့ဟာ လူတွေရဲ့ ဘ၀ကို လေးစားမှု မရှိပါဘူး။ ကျွန်တော်ကတော့ လူတိုင်းကို လေးစားတာကြောင့် အေးဆေး အိပ်ပျော်ပါတယ်။ ကျွန်တော့်ရဲ့ ဘာသာတရား၊ ကျွန်တော့်ရဲ့နှစ်ခြင်းခံမှုတွေအတွက် ကျွန်တော် ပျော်ပါတယ်” ဟု လူးဝစ်ဇ်က BBC ၏ Football Focus အစီအစဉ်တွင် ပြောကြားခဲ့သည်။

    ဘာစီလိုနာကိုရှုံးကာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှ ထွက်ခဲ့ရသည့် မိမိတို့အသင်းအနေဖြင့် လာမည့်နှစ် ချန်ပီယံလိဂ်ကို စိန်ခေါ်ရန် ဆုံးဖြတ်ထားသည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “ကျွန်တော်တို့ဟာ ကြီးကျယ်တဲ့အဆင့်ကို အခု ရောက်နေပါတယ်။ ပြင်သစ်မှာ ကျွန်တော်တို့ အခု ဖလားသုံးလုံးရထားတယ်။ ကျွန်တော်တို့ဟာ ချန်ပီယံလိဂ်အတွက် တိုက်ပွဲဝင်သွားမှာပါ။ ဘာ့ကြောင့်လည်းဆိုတော့ ဒါဟာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက် ဖြစ်လို့ပါပဲ။ ကျွန်တော် လာမယ့်နှစ် ချန်ပီယံလိဂ်ကို ဗိုလ်စွဲချင်ပါတယ်။ ဒီလိုဗိုလ်စွဲဖို့လည်း အားလုံးလုပ်သွားမှာပါ”

    Ref: Goal