News @ M-Media

Author: Ko Lay

  • ဘာသာတရားများအား စော်ကားခြင်းကို လွှတ်ထား၍မဖြစ်ဟု အမေရိကန် ခရစ်ယာန် ကက်သလစ်အသင်းတစ်ခုမှ ပြော

    ဘာသာတရားများအား စော်ကားခြင်းကို လွှတ်ထား၍မဖြစ်ဟု အမေရိကန် ခရစ်ယာန် ကက်သလစ်အသင်းတစ်ခုမှ ပြော

    ဇန်န၀ါရီ ၁၀၊ ၂၀၁၅
    M-Media

    cahr

    – ဗုဒ္ဓဟူးနေ့က သေနတ်သမားများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသော Charlie Hebdo သတင်းစာတိုက်က ဘာသာတရားများအပေါ် စော်ကားရေးသားခြင်းကို အမေရိကန်ရှိ ခရစ်ယာန် ကက်သလစ်အသင်း Catholic League က ဝေဖန်လိုက်ပြီး အကြမ်းဖက်လုပ်ရပ်များအား လှုံ့ဆော်ပေးသည့် အဆိုပါ စော်ကားမှုများကိုလည်း သည်းခံ၍ မဖြစ်ဟု ပြောကြားလိုက်သည်။

    ထိုတိုက်ခိုက်မှုအတွင်း အယ်ဒီတာအပါအ၀င် သတင်းစာတိုက်မှ ၁၀ ဦးနှင့် ရဲတပ်ဖွဲ့ ၂ ဦး စုစုပေါင်း ၁၂ ဦး သေဆုံးခဲ့သည်။ Catholic League ဥက္ကဌ ဘီလ် ဒိုနိုဟူကမူ ထိုသတင်းစာက တမန်တော်မိုဟာမက်အား စော်ကားမှုအတွက် မွတ်စလင်များ ဒေါသထွက်ခြင်းမှာ မှန်ကန်သည်ဟု အသင်းမှထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြခဲ့သည်။

    သို့သော်လည်း သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်သည့် လုပ်ရပ်ကိုမူ ရှုတ်ချခဲ့သည်။

    `ဘယ်လောက်ပဲဆိုးရွားဆိုးရွား- စော်ကားမှုကို တုံ့ပြန်တဲ့အနေနဲ့ သတ်ဖြတ်တာမျိုးကိုတော့ ပြတ်ပြတ်သားသားကို ရှုတ်ချရမှာပါ။ ဒါ့ကြောင့် ပဲရစ်မှာဖြစ်ခဲ့တာကို သည်းခံလို့ မရပါဘူး။ သိုပေမယ့် ဒီလုပ်ရပ်ကိုဖြစ်အောင် လှုံ့ဆော်ပေးတဲ့ သည်းမခံနိုင်စရာ လုပ်ရပ်မျိုးကိုလည်း လွှတ်ထားလို့ မရပါဘူး´ ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

    ထို့ပြင် Charlie Hebdo သတင်းစာ၏ အစ္စလာမ်နှင့် ခရစ်ယာန်ဘာသာတရားများကို လွန်လွန်ကျူးကျူး စော်ကားမှုများကိုလည်း အဆိုပါ ကြေညာချက်တွင် ထောက်ပြခဲ့သည်။

    `ခရစ်ယာန်သီလရှင်တွေ လိင်စိတ်ကို ကိုယ်တိုင်ဖြေသိပ်နေတာမျိုး၊ ပုပ်ရဟန်းမင်းကြီးတွေ ကွန်ဒုံးစွပ်ထားတာမျိုး စတဲ့ ကာတွန်းတွေကို သူတို့ ဖော်ပြခဲ့ကြပါတယ်။ ပြီးတော့ တမန်တော်မိုဟာမက်ကိုလည်း ကာမမှုနဲ့ ဆက်နွယ်တဲ့ ပုံစံမျိုးနဲ့ ဖော်ပြခဲ့ပါတယ်´

    ထို့ပြင် Charlie Hebdo သတင်းစာမှာ ခရစ်ယာန်တို့၏ Holy Trinity (ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိဥာဉ်တော် သုံးခုပေါင်း၍ဖြစ်သော ဘုရားသခင်) ကို လိင်တူချစ်သူပုံစံမျိုးနှင့် ပေါင်းစပ်ကာ ဖော်ပြခြင်း၊ ခရစ်ယာန်ဘုန်တော်ကြီးမျာအား စော်ကားခြင်း စသည့် ကာတွန်းများကိုလည်း အကြိမ်ကြိမ် ရေးဆွဲဖော်ပြခဲ့သည်။

    ထိုကဲ့သို့ ခရစ်ယာန်နှင့် အစ္စလာမ်သာသနာများအား စော်ကားသည့် ကာတွန်းများ ရေးသားခဲ့မှုကို သတင်းစာတိုက်မှ တာဝန်ရှိသူများက မည်သည့် အရေးယူမှုမှ မပြုလုပ်ခဲ့သော်လည်း ၂၀၀၈ ခုနှစ်က ဂျူးဘာသာအား စော်ကားသည့်ကာတွန်း ရေးဆွဲခဲ့သူ ကာတွန်းဆရာအား ထုတ်ပယ်ခဲ့သည်။

    Catholic League ကြေညာချက် နောက်ဆုံးတွင် `အမေရိကန် ဖွဲ့စည်းပုံအခြေခံဥဒေ၏ ဖခင်´ ဂျိမ်းမက်ဒီဆင်၏ ပြောစကားဖြစ်သော `လွတ်လပ်မှုဆိုတာကြီးကို အဲဒီလွတ်လပ်မှု အလွဲသုံးစားလုပ်ခြင်းနဲ့ အာဏာကို အလွဲသုံးစားလုပ်ခြင်းက အန္တရာယ်ပေးပါလိ့မ်မယ်´ ဟူသည့် စကားကို ဖော်ပြခဲ့ပြီး မိမိတို့အနေနှင့် လွတ်လပ်စွာပြောဆိုခွင့်ကို ရရှိရမည် ဖြစ်သော်လည်း
    အဆိုပါ လွတ်လပ်ခွင့်၏ တန်ဖိုးကို လေးစားလိုက်နာရမည်ဟု ဖော်ပြခဲ့သည်။

    Ref : washingtonpost

  • လိင်တူချစ်သူများ ကားမောင်းခွင့်ကို ရုရှားပိတ်ပင်

    လိင်တူချစ်သူများ ကားမောင်းခွင့်ကို ရုရှားပိတ်ပင်

    ဇန်န၀ါရီ ၁၀၊ ၂၀၁၅
    M-Media

    A car drives near an electronic board showing currency exchange rates in central Moscow

    – လိင်ပြောင်းထားသူများနှင့် လိင်တူစိတ်ဝင်စားသူများ ကားမောင်းခြင်းနှင့် လိုင်စင်ရယူခြင်းကို ပိတ်ပင်မည့် ဥပဒေအသစ်တစ်ခုကို ရုရှားအာဏာပိုင်များက ထုတ်ပြန်လိုက်သည်ဟု သိရသည်။

    လိင်တူစိတ်ဝင်စားသူများကို စိတ်မူမမှန်သော ရောဂါရှိသူများ၏ စာရင်းတွင် ထည့်သွင်းကာ ကားမောင်းခြင်းကို ယခုကဲ့သို့ ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး အစိုးရကမူ ထိုဆောင်ရွက်မှုမှာ ကားမတော်တဆဖြစ်မှုများ တိုးလာခြင်းကို လျှော့ချရန် ပေါ်လစီ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    `မတော်တဆကြောင့် သေတဲ့လူတွေ သိပ်များနေပါတယ်။ ဒါ့ကြောင့် လိုင်စင်လျှောက်သူတွေအတွက် ဆေးဘက်ဆိုင်ရာလိုအပ်ချက်ကို တင်းကျပ်လိုက်ခြင်းက တကယ့်ကို ကျိုးကြောင်း ဆီလျော်တဲ့အရာလို့ ယုံကြည်ပါတယ်´ ဟု ပရော်ဖက်ရှင်နယ်
    ကားမောင်းသမားများ အစည်းအရုံး အကြီးအကဲက ပြောကြားခဲ့သည်။

    လူ့အခွင့်အရေးဆိုင်ရာ ရုရှားဥပဒေပညာရှင်များ အသင်းကမူ အဆိုပါ ဥပဒေသစ်ကို ခွဲခြား ဆက်ဆံမှုအဖြစ် တံဆိပ်ကပ်ခဲ့ပြီး ရုရှားအခြေခံဥပဒေခုံရုံးမှ ရှင်းလင်းချက် ရယူသွားမည်ဟု ပြောကြားခဲ့သည်။

    ကားမောင်းခွင့်မပြုသည့် စိတ်ရောဂါရှင်များ၏ စာရင်းတွင် လောင်းကစားစွဲနေသူနှင့် ခိုးဝှက်လိုသည့်စိတ် ပြင်းထန်နေသူများကိုလည်း ထည့်သွင်းခဲ့သည်။ ရုရှားရှိ ဆရာဝန်များနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများကမူ အဆိုပါ ဆောင်ရွက်ချက်ကို ရှုတ်ချခဲ့သည်။

    ရုရှားမှာ ၂၀၁၃ ခုနှစ်ကလည်း သဘာဝအတိုင်းမဟုတ်သည့် လူနေမှုဘ၀များ တည်ဆောက်ခြင်းမှာ တရားမ၀င်ဟု သတ်မှတ်ခဲ့သည်။

    စိတ်ရောဂါ ကျွမ်းကျင်ဆရာဝန်တစ်ဦးဖြစ်သူ မီခေးလ် စထရာကော့ဗ်ကမူ ရုရှားအစိုးရ၏ `စိတ်မူမမှန်သူများ´ စာရင်းမှာ ရှင်းရှင်လင်းလင်းမရှိဘဲ အချို့သော စိတ်မူမမှန်မှုများမှာ ယာဉ်မောင်းရာတွင် ဘေးကင်းရေးကို ထိခိုက်ခြင်းမရှိဟု ပြောကြားခဲ့သည်။

    Ref : BBC

  • ပဲရစ်ရှိ မဂ္ဂဇင်းတိုက် တိုက်ခိုက်မှု သံသယရှိသူများအား အသေဖမ်းမိ

    ပဲရစ်ရှိ မဂ္ဂဇင်းတိုက် တိုက်ခိုက်မှု သံသယရှိသူများအား အသေဖမ်းမိ

    ဇန်န၀ါရီ ၁၀၊ ၂၀၁၅
    M-Media

    Hostages after an hold-up in a jewelery in Southern France

    – ဗုဒ္ဓဟူးနေ့က ပဲရစ်မြို့ရှိ Charlie Hebdo မဂ္ဂဇင်းတိုက်အား သေနတ်ဖြင့် ၀င်ရောက်ပစ်ခတ်မှုတွင် ပါဝင်ခဲ့သည်ဟု ယုံကြည်ရသည့် ညီအကို ၂ ဦးအား ပြင်သစ်ရဲတပ်ဖွဲ့ အသေ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

    တိုက်ခိုက်မှုဖြစ်ပွားပြီး ၂ ရက်ကြာ လွတ်မြောက်နေခဲ့သည့် အသက် ၃၂ နှစ်အရွယ်ရှိ စအစ် ကောက်ချီနှင့် ၃၄ နှစ်အရွယ်ရှိ ချရစ်ဖ်ကောက်ချီတို့ နှစ်ဦးမှာ ပဲရစ်မြို့မြောက်ဘက် ပုံနှိပ်တိုက်တစ်ခုအတွင်း ဓားစာခံတစ်ဦးကို ဖမ်းဆီးကာ ပုံးအောင်းနေခဲ့ခြင်းဖြစ်သည်။

    ရဲတပ်ဖွဲ့ကမူ အဆိုပါပုံနှိပ်တိုက်အား ၀န်းရံထားပြီးနောက် ထိုညီအကိုနှစ်ဦးနှင့် ညှိနှိုင်းရန် ကြိုးစားခဲ့သော်လည်း ၎င်းတို့က ပုံးအောင်နေရာမှ ထွက်လာကာ ပစ်ခတ်သောကြောင့် ရဲတပ်ဖွဲ့က ပြန်လည်ပစ်ခတ်ရာတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ၎င်းတို့ဖမ်းဆီးထားသည့် ဓားစာခံမှာ ထိခိုက် ဒဏ်ရာရခြင်း မရှိချေ။

    ထိုညီအကိုနှစ်ဦးနှင့် ဆက်စပ်နေသည့်ဟု ယူဆရသည့် လူတစ်ဦးကလည်း ယမန်နေ့ နံနက်ပိုင်းတွင် ပေါ်တီ ဒီ ဗင်ဆန်နက်စ်ဒေသရှိ ဆူပါမားကတ်တစ်ခုသို့ ၀င်ရောက်၍ ဓားစားခံများပြန်ပေးဆွဲခဲ့ပြီး ညီအကိုနှစ်ဦးအား လွှတ်ပေးရန် ရဲတပ်ဖွဲ့အား တောင်းဆိုခဲ့သည်။

    သို့သော်လည်း ရဲတပ်ဖွဲ့က ဆူပါမားကတ်အား ၀င်ရောက်စီးနင်းခဲ့ရာတွင် အဆိုပါ ပြန်ပေးသမားနှင့်အတူ ဓားစာခံ အနည်းဆုံးလေးဦး သေဆုံးခဲ့သည်။ ဓားစာခံများ ကမူ ရဲတပ်ဖွဲ့မှ ၀င်ရောက်စီးနင်းခြင်းမပြုမီ သေဆုံးခဲ့ပုံရသည်ဟု ပြင်သစ် တရားသူကြီး ဖရန်ကော့စ် မိုလင်က ပြောကြားခဲ့သည်။

    Charlie Hebdo မဂ္ဂဇင်းမှာ အစ္စလာမ်သာသနာနှင့် တမန်တော်မိုဟမက်တို့အား စော်ကားလှောင်ပြောင်သည့် ကာတွန်းများကို အကြိမ်ကြိမ် ရိုက်နှိပ်ဖော်ပြခဲ့ပြီး၊ ဗုဒ္ဓဟူးနေ့က တိုက်ခိုက်မှုမှာ ထိုအတွက် လက်စားချေခြင်းဖြစ်သည်ဟု ယူဆနေကြသည်။

    Ref: aljazeera

  • မိမိတို့အသင်းမှာ ထိပ်တန်းကစားသမားများ ခေါ်ယူရန် ခက်ခဲသည်ဟု လီဗာပူးလ်နည်းပြ ၀န်ခံ

    မိမိတို့အသင်းမှာ ထိပ်တန်းကစားသမားများ ခေါ်ယူရန် ခက်ခဲသည်ဟု လီဗာပူးလ်နည်းပြ ၀န်ခံ

    ဇန်န၀ါရီ ၉၊ ၂၀၁၅
    M-Media

    rg

    – စတီဗင်ဂျရတ်အား ရာသီကုန်တွင် စွန့်လွှတ်ရတော့မည့် မိမိတို့အသင်းအနေဖြင့် နာမည်ကြီးကစားသမားများ ခေါ်ယူရန်ခက်ခဲသည်ဟု လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက ၀န်ခံပြောကြားလိုက်သည်။

    ပြီးခဲ့သည့်နှစ်က တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ကို လက်လွှတ်ခဲ့ရသည့် လီဗာပူးလ်မှာ ဆွာရက်ဇ်၏ နေရာအတွက် သင့်လျော်သည့် ကစားသမားဖြင့် အစားထိုးနိုင်ခြင်း မရှိခဲ့ဘဲ ယခုနှစ်ကုန်တွင်လည်း အသင်း၏ အဓိကမောင်းနှင်အားဖြစ်သည့် ဂျရတ်ကို
    ဆုံးရှုံးရတော့မည်ဖြစ်သည်။

    ရော်ဂျာကမူ မိမိတို့အသင်းမှာ ကစားသမားကောင်းများကို ခေါ်ယူရန် ခက်ခဲနေပြီး၊ ပြီးခဲ့သည့် နွေရာသီက ဆန်းချက်ဇ်နှင့် ရှာကီရီတိုအား မခေါ်ယူနိုင်ခြင်းကို နောင်တရမိကြောင်း ပြောကြားခဲ့သည်။

    လီဗာပူးလ်မှာ ဘာလော့တယ်လီ၊ လာလနာ၊ မာကိုဗစ်တို့ အပါအ၀င် ယူရို ၁၂၈ သန်းအထိ အကုန်အကျခံကာ ကစားသမားများကို ၀ယ်ယူခဲ့သော်လည်း အသင်းမှာ ပိုမိုကောင်းမွန်လာခြင်း မရှိဘဲ ရော်ဂျာကမူ အသင်းအား ထပ်မံတောင့်တင်းအောင် ဆောင်ရွက်ရမည်ဟု ၀န်ခံခဲ့သည်။

    ထို့ပြင် အသင်းရှိ စီနီယာကစားသမားများနှင့် လူငယ်ကစားသမားများအကြား ညီတူညီမျှဖြစ်အောင် ဆောင်ရွက်ရခြင်းကို နှစ်သက်ကြောင်း၊ မိမိတို့အသင်းမှာ ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်ရန် ရှေ့ဆက်နေကြောင်း ရော်ဂျာက
    ထပ်လောင်းပြောကြားခဲ့သည်။

    Ref:goal

  • မန်ယူသို့ရောက်လာခြင်းမှာ ဒီဂီယာအား ကူညီရန်သာဖြစ်သည်ဟု ဂိုးသမားသစ် ဗားလ်ဒက်စ်ဆို

    မန်ယူသို့ရောက်လာခြင်းမှာ ဒီဂီယာအား ကူညီရန်သာဖြစ်သည်ဟု ဂိုးသမားသစ် ဗားလ်ဒက်စ်ဆို

    ဇန်န၀ါရီ ၉၊ ၂၀၁၅

    M-Media

    vld

    – မိမိအနေဖြင့် မန်ယူအသင်းသို့ ရောက်ရှိလာခြင်းမှာ ဒေးဗစ်ဂီယာအား ကူညီပေးရန်အတွက်သာ ဖြစ်သည်ဟု ဂိုးသမားသစ် ဗစ်တာဗားလ်ဒက်စ်က ပြောကြားလိုက်သည်။

    ဘာစီလိုနာအသင်း၏ ဂိုးသမားဟောင်းဖြစ်သူ ဗားလ်ဒက်စ်အား ယမန်နေ့က ၁၈ လစာချုပ် ချုပ်ဆိုခဲ့သည်ဟု မန်ယူအသင်းက အတည်ပြုခဲ့သည်။ ထို့ကြောင့် မန်ယူတွင် ပုံစံကောင်းများ ပြသနေသည့် နံပါတ် ၁ ဂိုးသမား ဒီဂီယာမှာ အသင်းမှ ထွက်ခွာရတော့မည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

    သို့သော်လည်း ဗားလ်ဒက်စ်က မိမိမှာ ဒေးဗစ်ဒီဂီယာ၏ နေရာအား ခြိမ်းခြောက်ရန်မဟုတ်ဘဲ ၎င်းအား ကူညီရန်သာဖြစ်သည်ဟု ပြောကြားခဲ့သည်။

    `အခုလောလောဆယ်မှာတော့ ဒီဂီယာဟာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတစ်ယောက်ပါပဲ။ နေ့တိုင်း၊ ပွဲတိုင်းမှာ ပြသတဲ့ သူ့စွမ်းဆောင်ရည်ဟာ သူ့ရဲ့အဆင့် မြင့်မားတယ်ဆိုတာ ပြသနေတာပါပဲ။ ပြီးခဲ့တဲ့နှစ်ကလည်း သူဟာ ကောင်းမွန်ခဲ့ပြီး အခုအချိန်မှာလည်း သူဟာ ကမ္ဘာ့အကောင်းဆုံးဂိုးသမား ဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်ဒီရောက်လာတာဟာ အားလုံးကို ကူညီဖို့ပါ´ ဟု ဗားလ်ဒက်စ်က ပြောကြားခဲ့သည်။

    ထို့ပြင် မိမိမှာ အသင်း၏ အစိတ်အပိုင်းတစ်ခုသာဖြစ်ချင်ကြောင်း၊ ပွဲကစားသည့်အခါ အကောင်းဆုံးကစားရန်၊ အသင်းဖော်များအား ကူညီရန်နှင့် အသင်းအနိုင်ရရှိရန်သာ စဉ်းစားကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: goal.com