News @ M-Media

Author: Ko Lay

  • ဂါဇာမှ အစ္စရေး၏ တစ်ကျော့ပြန်လူသတ်ပွဲ သေဆုံးသူ ၂၈၀၀၀ နီးပါးရှိလာ

    ဂါဇာမှ အစ္စရေး၏ တစ်ကျော့ပြန်လူသတ်ပွဲ သေဆုံးသူ ၂၈၀၀၀ နီးပါးရှိလာ

    ဖေဖော်၀ါရီ ၈၊ ၂၀၂၄

    M-Media 


    -အောက်တိုဘာ ၇ ရက်နေ့က စတင်တဲ့ အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲကြောင့် ဂါဇာမှာ သေဆုံးသူအရေအတွက်ဟာ ၂၇၈၄၀ ဦး ရှိလာပြီလို့ သိရပါတယ်။ 

    ဒဏ်ရာရသူအရေအတွက် ၆၇၃၁၇ ဦး ရှိနေပြီး၊ အပျက်အဆီးတွေအောက် ပိတ်မိပျောက်ဆုံးနေသူက ၁ သောင်းနီးပါး ရှိလာပါပြီ။ 

    ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဂါဇာမှာ အစ္စရေးက လူပေါင်း ၁၃၀ လောက်ကို သတ်ဖြတ်ခဲ့ပြီး ဒဏ်ရာရသူ ၁၇၀ ဦး ရှိခဲ့ပါတယ်။ 

    ဂါဇာမှာ အသတ်ခံရသူ အများစုဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်ပါတယ်။ လူနေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံတွေအပါအ၀င် ဂါဇာက အဆောက်အဦး ၈၀ ရာခိုင်နှုန်းကျော်ကိုလည်း အစ္စရေးက ဖျက်ဆီးထားပါတယ်။ 

    Ref: Aljazeera 

  • ပြစ်ဒဏ်အားလုံး လွတ်ငြိမ်းချမ်းသာခွင့်ရရန် မလေး၀န်ကြီးချုပ်ဟောင်း ကြိုးပမ်းမည်

    ပြစ်ဒဏ်အားလုံး လွတ်ငြိမ်းချမ်းသာခွင့်ရရန် မလေး၀န်ကြီးချုပ်ဟောင်း ကြိုးပမ်းမည်

    ဖေဖော်၀ါရီ ၇၊ ၂၀၂၄

    M-Media


    -ခြစားမှုနဲ့ ထောင်ဒဏ်ကျခံနေရတဲ့ မလေးရှား၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ဟာ ပြစ်ဒဏ်အားလုံး လွတ်ငြိမ်းချမ်းသာခွင့်ရရေး အယူခံထပ်တင်ဖို့ စီစဥ်နေပါတယ်။ 

    မလေးရှားဘုရင် ဦးဆောင်တဲ့ အယူခံဘုတ်အဖွဲ့က နာဂျစ်ရဲ့ ထောင်ဒဏ် ၁၂ နှစ်ကို ၆ နှစ်၊ ဒဏ်ငွေ ရင်းဂစ် သန်း ၂၁၀ ကို သန်း ၅၀ အထိ ပြီးခဲ့တဲ့တစ်ပတ်မှာ လျှော့ပေါ့ပေးခဲ့ပါတယ်။ 

    နာဂျစ်ရဲ့ ရှေ့နေ ရှာဖီ အဘ်ဒူလာက မျှတတဲ့ တရားစီရင်ရေး မရခဲ့ဘူးဆိုတဲ့ ထောက်ပြချက်နဲ့ ပြစ်ဒဏ်အားလုံး လျှော့ပေါ့ပေးရေး ဘုရင်ထံ အသနားခံစာ ထပ်တင်ဖို့ စဥ်းစားနေတယ်လို့ ဖေဖော်၀ါရီ ၇ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ 

    နာဂျစ်ဟာ နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း 1MDB က ငွေကြေး ဘီလီယံချီ အလွဲသုံးစား လုပ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ အာဏာလက်လွတ်ချိန်မှာ ဖမ်းဆီးတရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။ 

    Ref : CNA 

  • မြန်မာစစ်ရှောင်များအတွက် ဘေးကင်းဇုန်တစ်ခုကို ထိုင်းနိုင်ငံက ဖန်တီးပေးမည်

    မြန်မာစစ်ရှောင်များအတွက် ဘေးကင်းဇုန်တစ်ခုကို ထိုင်းနိုင်ငံက ဖန်တီးပေးမည်

    ဖေဖော်၀ါရီ ၇၊ ၂၀၂၄
    M-Media 

    (ဓာတ်ပုံ – မြန်မာနိုင်ငံမှ ထွက်ပြေးလာရသည့် စစ်ရှောင်များ)

    -မြန်မာနိုင်ငံကနေ ထွက်ပြေးလာရသူတွေအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဘေးကင်းဇုန်တစ်ခု ဖန်တီးပေးဖို့ ထိုင်းနိုင်ငံက စီစဥ်နေပါတယ်။ 

    မဲဆောက်-မြ၀တီ နယ်စပ်မှာ အခုလနှောင်းပိုင်းက စတင်ပြီး ဆောင်ရွက်သွားမှာပါ။ 

    နယ်စပ်မှာရှိနေတဲ့ လူ့အဖွဲ့အစည်းတွေ၊ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံကနေ ထွက်ပြေးလာရတဲ့ စစ်ရှောင်ဦးရေ ၂ သောင်းလောက်ကို အစားအစာနဲ့ ကျန်းမာရေးဆိုင်ရာ အထောက်အပံ့တွေပေးအပ်ဖို့လည်း ရည်ရွယ်ပါတယ်။ 

    အာဆီယံ နိုင်ငံခြားရေး၀န်ကြီးများအဖွဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် လူအန် ပရာဘန်တို့ရဲ့ အကြံပြုချက်နဲ့ အခု ဘေးကင်းဇုန်ကို ဖော်ဆောင်မှာဖြစ်ပါတယ်။ 

    အာဆီယံ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီရဲ့ ဦးစီးမှုနဲ့အတူ ထိုင်း၊ မြန်မာ ကြက်ခြေနီအဖွဲ့တွေက အကူအညီတွေ ပေးအပ်မှာပါ။ 

    ဘေးကင်းဇုန်ရဲ့ ရည်ရွယ်ချက်ထဲမှာ အကူအညီတွေ ထောက်ပံ့ပေးမှုအပြင်၊ နောက်ပိုင်း ပဋိပက္ခအတွင်း ပါ၀င်ပတ်သက်သူတွေအကြား ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ဖို့အထိ ပါ၀င်ပါတယ်။ 

     Ref : The Star 

  • ပါလက်စတိုင်းနိုင်ငံ မပေါ်လာမချင်း အစ္စရေးနဲ့ မဆက်ဆံဟု ဆော်ဒီထုတ်ပြန်

    ပါလက်စတိုင်းနိုင်ငံ မပေါ်လာမချင်း အစ္စရေးနဲ့ မဆက်ဆံဟု ဆော်ဒီထုတ်ပြန်

    ဖေဖော်၀ါရီ ၇၊ ၂၀၂၄

    M-Media

    -ဂါဇာကမ်းမြှောင်မှာ တိုက်ခိုက်မှုတွေရပ်ပြီ၊ ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်လာမှသာ အစ္စရေးနဲ့ ဆက်ဆံရေး တည်ဆောက်သွားမယ်လို့ ဆော်ဒီအာရေဗျက ထုတ်ပြန်ပါတယ်။ 

    ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်နဲ့ တွေ့ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဘလင်ကန်က ဆော်ဒီဟာ အစ္စရေးနဲ့ သံတမန်ဆက်ဆံရေး တည်ဆောက်ဖို့ ဆန္ဒပြင်းပြနေတာကို သိခဲ့ရတယ်လို့ ပြောကြားအပြီး ဆော်ဒီရဲ့ အခုထုတ်ပြန်ချက် ပေါ်ထွက်လာတာပါ။ 

    ထုတ်ပြန်ချက်မှာ ဆော်ဒီဟာ ပါလက်စတိုင်းအရေး၊ ပါလက်စတိုင်းညီအစ်ကိုတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ပြည့်ပြည့်၀၀ ရရှိရေး စတဲ့အချက်တွေအပေါ် ခိုင်ခိုင်မာမာ ရပ်တည်တယ်လို့ ဖော်ပြထားပါတယ်။ 

    အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်ထားပြီး ၁၉၆၇ ခုနှစ်က ရှိခဲ့တဲ့ ပါလက်စတိုင်းတွေရဲ့ နယ်နမိတ်အတိုင်း နိုင်ငံတစ်ခု ပေါ်ပေါက်လာမချင်း အစ္စရေးနဲ့ သံတမန်အဆက်အသွယ် လုပ်မှာမဟုတ်ဘူးဆိုတာကို အမေရိကန်အစိုးရထံ ရှင်းရှင်းလင်းလင်း သတင်းစကားပါးထားကြောင်းလည်း ကြေငြာချက်က ဆိုပါတယ်။ 

    သမိုင်း၀င်ပါလက်စတိုင်းဒေသရဲ့ ၆၅ ရာခိုင်နှုန်းကို ဂျူးနိုင်ငံ၊ ၃၅ ရာခိုင်နှုန်းကို ပါလက်စတိုင်းနိုင်ငံအဖြစ် ကုလသမဂ္ဂက သတ်မှတ်ပေးခဲ့ပေမယ့် အစ္စရေးဟာ ပါလက်စတိုင်းနယ်မြေတွေကို လက်ရှိအချိန်အထိ ကျူးကျော်သိမ်းပိုက်ကာ ပါလက်စတိုင်းတွေကို သတ်ဖြတ်နေဆဲဖြစ်ပါတယ်။ 

    အောက်တိုဘာ ၇ ရက်နေ့ ဂါဇာမှာ အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲ မစခင် ဆော်ဒီနဲ့ အမေရိကန်တို့အကြား အကြိမ်ကြိမ် တွေ့ဆုံပြီး အစ္စရေးနဲ့ သံတမန်ဆက်ဆံရေးတည်ဆောက်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။ 

    Ref: Aljazeera 

    (ဓာတ်ပုံ – အိမ်ရှေ့မင်းသား ဘင် ဆလ်မန်နှင့် ကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကန်)

  • ဂါဇာရှိရေချိုရင်းမြစ်များကို ဖျက်ဆီးနေသည့် အစ္စရေး

    ဂါဇာရှိရေချိုရင်းမြစ်များကို ဖျက်ဆီးနေသည့် အစ္စရေး

    ဖေဖော်၀ါရီ ၅၊ ၂၀၂၄

    M-Media 


    သောက်သုံးရေအတွက် တန်းစီနေရသည့် ပါလက်စတိုင်းပြည်သူများ

    -ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်ရဲ့ မြေအောက်လှိုဏ်ခေါင်း ကွန်ရက်ကို အစ္စရေးက ပင်လယ်ရေဖြည့်ဖျက်ဆီးနေတာဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တဲ့ လုပ်ရပ်မျိုးဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။ 

    အစ္စရေးရဲ့ ဒီလုပ်ရပ်ကြောင့် ဂါဇာက ရေချိုအရင်းမြစ်တွေ ပျက်ဆီးကာ ပါလက်စတိုင်းပြည်သူတွေ ပိုမိုဒုက္ခရောက်နိုင်တာကို ပညာရှင်တွေက ထောက်ပြနေကြပါတယ်။

    မြေအောက်လှိုင်ခေါင်းတွေကို အစ္စရေးက ပင်လယ်ရေတွေဖြည့် ဖျက်ဆီးနေတယ်ဆိုတဲ့ သတင်းတွေဟာ ပြီးခဲ့တဲ့ လတွေကတည်းက ထွက်ပေါ်နေတာပါ။ အခုတစ်ပတ်မှာတော့ အစ္စရေးစစ်တပ်က ဒီသတင်းဟုတ်မှန်ကြောင်း အတည်ပြုပါတယ်။ 

    ဟားမက်စ်ကို တုန့်ပြန်တယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ အောက်တိုဘာ ၇ ရက်နေ့ကတည်းက ပြုလုပ်တဲ့ ဂါဇာလူသတ်ပွဲမှာ အသတ်ခံရသူ ပါလက်စတိုင်းအရေအတွက်ဟာ ၂၇၀၀၀ ရှိလာပါပြီ။ 

    အစ္စရေးဟာ ဧရာမ ရေစုပ်စက် ၅ လုံးကနေ ၇ လုံးအထိ အသုံးပြုကာ ဟားမက်စ်ရဲ့ မြေအောက်လှိုင်ခေါင်းတွေကို ပင်လယ်ရေတွေ ဖြည့်နေတာ ဖြစ်ပါတယ်။ 

    ၂၀၀၇ ခုနှစ်ကတည်းက ဂါဇာကမ်းမြှောင်ကို အစ္စရေးက လမ်းကြောင်းအားလုံး ပိတ်ဆို့ထားတာကြောင့် ပါလက်စတိုင်းပြည်သူတွေဟာ စားနပ်ရိက္ခာ၊ လောင်စာ၊ ပြတ်တောက်မှု ကြုံတွေ့ခဲ့ရပြီး ဟားမက်စ်ရဲ့လှိုင်ခေါင်းတွေကတစ်ဆင့် မှောင်ခိုသွင်းကာ အသက်ဆက်နေရတာဖြစ်ပါတယ်။ 

    ဒီလှိုင်ခေါင်းတွေကို အစ္စရေးက ပင်လယ်ရေသွင်းဖျက်ဆီးမှုဟာ သီတင်းပတ်နဲ့ချီ ကြာနိုင်ပါတယ်။ 

    သဘာ၀ပတ်၀န်းကျင်ဆိုင်ရာ ကျွမ်းကျင်သူတွေက ဒီလုပ်ရပ်ကြောင့် သောက်သုံးရေအတွက် ပါလက်စတိုင်းပြည်သူတွေ အဓိကအားထားနေရတဲ့ ဂါဇာက မြေအောက်ရေချိုရင်းမြစ်တွေ ပျက်ဆီးသွားနိုင်တယ်လို့ ထောက်ပြပါတယ်။ 

    အစ္စရေးဟာ ပါလက်စတိုင်းပြည်သူတွေနဲ့ ပတ်သက်လာရင် ရေအရင်းအမြစ်ကို လက်နက်သဖွယ် အသုံးပြုနေတယ်လို့ Geneva Graduate Institute က သောက်သုံးရေဆိုင်ရာ ပညာရှင် မာ့ခ် ဇိုက်တွန်က ပြောပါတယ်။ 

    ပါလက်စတိုင်းပိုင်နက်တွေဖြစ်တဲ့ ဂါဇာနဲ့ အနောက်ဖက်ကမ်းက ရေပေး၀ေရေး အခြေခံအဆောက်အဦးတွေဟာ အစ္စရေးရဲ့ လက်ချက်ကြောင့် လုံး၀ ပျက်ဆီးလုနီးပါး ဖြစ်နေတာပါ။ 

    အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း ဂါဇာကို အစားအစာ၊ သောက်သုံးရေနဲ့ လောင်စာဆီအပါအ၀င် လူ့အဖွဲ့အစည်းတစ်ခု အသက်ရှင်ရပ်တည်ရေး လိုအပ်တဲ့ ရင်းမြစ်တွေအားလုံး ပိတ်ပင်ဖို့ အစ္စရေးက လုပ်ဆောင်ခဲ့ပါတယ်။ 

    Ref: Aljazeera