News @ M-Media

Category: ကျန်းမာရေးနှင့်ဆေးပညာ

  • ကိုလံဘီယာတွင် ဇီကာဗိုင်းရပ်စ်ကူးစက်သူ ကိုယ်ဝန်ဆောင် ၃ ထောင်ကျော်ပြီ

    ကိုလံဘီယာတွင် ဇီကာဗိုင်းရပ်စ်ကူးစက်သူ ကိုယ်ဝန်ဆောင် ၃ ထောင်ကျော်ပြီ

    ဖေဖော်ဝါရီ ၇၊ ၂၀၁၆
    M-Media

    zika 7

    – ခြင်မှတစ်ဆင့်ကူးစက်ပြီး အမေရိကတစ်ဝှမ်းတွင် အလျင်အမြန် ပြန့်နှံ့နေသော ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်သူ ကိုယ်ဝန်ဆောင်အရေအတွက်မှာ ၃၁၀၀ ကျော် ရှိလာခဲ့ပြီဟု ကိုလံဘီယာသမ္မတ ဂျူအန်မန်နျူယဲလ် ဆန်းတို့စ်က ပြောကြားလိုက်သည်။

    ကုသရန်ဆေးမရှိသေးသည့် အဆိုပါ ဇီကာဗိုင်းရပ်စ်ပိုးမှာ မိခင်မှ သန္ဓေသားသို့ကူးစက်ကာ ဦးနှောက်ထိခိုက်၍ မှတ်ဉာဏ်ချို့ယွင်းနိုင်သည်။ သို့သော်လည်း ကိုလံဘီယာတွင်မူ သန္ဓေသားအားကူးစက်သည့် ဖြစ်ရပ်မျိုး မရှိသေးပေ။ ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်သူအရေအတွက်မှာ ကိုလံဘီယာနိုင်ငံတစ်ဝှမ်း စုစုပေါင်း ၂၅၆၄၅ ဦးရှိနေပြီး ထိုအထဲမှ ၃၁ ၇၇ ဦးမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးများဖြစ်သည်။

    ဇီကာဗိုင်းရပ်စ်ပိုးမှာ ခြင်မှတစ်ဆင့်လည်းကောင်း၊ သွေးသွင်းခြင်းဖြင့်လည်းကောင်း၊ လိင်ဆက်ဆံခြင်းဖြင့်လည်းကောင်း ကူးစက်နိုင်သည်ဟု နောက်ဆုံးသိရှိရသည်။ ထို့ကြောင့် နိုင်ငံတစ်ချို့တွင် သွေးသွင်းမှုကို ကန့်သတ်မှုများ ပြုလုပ်နေသည်။

    Ref : Aljazeera

  • ဦးခေါင်းထိခိုက်ထားသူများ နောက်ပိုင်းတွင် မှတ်ဉာဏ်ဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်နိုင်

    ဦးခေါင်းထိခိုက်ထားသူများ နောက်ပိုင်းတွင် မှတ်ဉာဏ်ဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်နိုင်

    ဖေဖော်ဝါရီ ၆၊ ၂၀၁၆
    M-Media

    head

    – ဦးခေါင်းထိခိုက်ဒဏ်ရာရဖူးတဲ့သူတွေဟာ နှစ်ကြာလာတဲ့အခါ စိတ်ဖောက်ပြန်လာတာမျိုးတွေ ဖြစ်လာစေနိုင်တယ်လို့ လေ့လာမှုအသစ်တစ်ရပ်အရ တွေ့ရှိခဲ့ပါတယ်။

    ဦးခေါင်းထိခိုက်ဒဏ်ရာကနေ ပြန်သက်သာလာတဲ့သူတွေဟာ အချိန်ကြာလာတဲ့အခါ ၎င်းတို့ရဲ့ ဦးနှောက်ထဲမှာ အယ်ဇိုင်းမားရောဂါနဲ့ ဆက်စပ်နေတဲ့ ပရိုတိန်းအုပ်စုငယ်လေးတွေ ဖြစ်ပေါ်လာတာကို သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ကြပါတယ်။

    လန်ဒန်ရှိ Imperial College က သုတေသနပညာရှင်တွေရဲ့ လေ့လာမှုအတွင်းမှာ ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန် ခံစားဖူးတဲ့သူတွေဟာ နောက်ပိုင်းမှာ စိတ်ဖောက်ပြန်နိုင်တဲ့အန္တရာယ် တိုးလာနိုင်တယ်ဆိုတာကို ရှင်းပြန်နိုင်ခဲ့ပေမယ့် ဘာ့ကြောင့် ဒီလိုဖြစ်လာရလဲဆိုတာကိုတော့ မသိရှိသေးပါဘူး။

    လေ့လာမှုအတွင်းမှာ သုတေသနပညာရှင်တွေဟာ နည်းဆုံး ၁၁ လကနေ အများဆုံး ၁၇ နှစ်တာအရင်က မတော်တဆဖြစ်မှုတွေအတွင်းဦးခေါင်း ထိခိုက်ဒဏ်ရာရသူ ၉ ဦးကို လေ့လာခဲ့တာဖြစ်ပြီး သူတို့တွေမှာ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေ မရှိပေမယ့် အာရုံမစိုက်နိုင်တာ မှတ်ဉာဏ်ဆုံးရှုံးတာတွေ စတဲ့ ပြဿနာတွေ နေ့စဉ် ခံစားနေရတာကို တွေ့ရှိခဲ့ရပါတယ်။

    သူတို့ရဲ့ ဦးနှောက်ကို စကန်ဖတ်ကြည့်မှုအတွင်းမှတော့ အလ်ဇိုင်းမားရောဂါသည်တွေလိုပဲ beta amyloid ပရိုတိန်းလေးတွေ ရှိနေတာကို တွေ့ရှိခဲ့ရပါတယ်။ အဲဒီ ပရိုတိန်းဖြစ်တည်မှု ပိုမိုများပြားလေလေ ဦးနှောက်အတွင်းက မှတ်ဉာဏ်ချို့ယွင်းတာမျိုးဟာ ပိုမိုဖြစ်ပွားလေလေ ဖြစ်ပါတယ်။

    ဦးခေါင်းထိခိုက်ထားသူတွေဟာ နောက်ပိုင်းမှာ စိတ်ပိုင်းဆိုင်ရာ ရောဂါတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ ဒီတွေ့ရှိချက်ကို ပိုမိုနားလည်ဖို့၊ အဲဒီအန္တရာယ်ကို လျှော့ချဖို့ စတာတွေနဲ့ပတ်သက်ပြီးတော့ လေ့လာမှုတွေ ဆောင်ရွက်ရမယ်လို့ သိပ္ပံပညာရှင်တွေက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref : IINA

  • ဇီကာဗိုင်းရပ်စ်ကြောင့် နိုင်ငံ ၈ နိုင်ငံသို့ နိုင်ငံသားများ ခရီးသွားလာမှုကို အင်ဒို ပိတ်ပင်

    ဇီကာဗိုင်းရပ်စ်ကြောင့် နိုင်ငံ ၈ နိုင်ငံသို့ နိုင်ငံသားများ ခရီးသွားလာမှုကို အင်ဒို ပိတ်ပင်

    ဖေဖော်ဝါရီ ၅၊ ၂၀၁၆
    M-Media

    zika 6

    – ဇီကာဗိုင်းရပ်စ်ပိုး ပြန့်နှံ့နေသည့် နိုင်ငံ ၈ နိုင်ငံအား နိုင်ငံသားများ အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ သွားလာခြင်းမပြုရန် သတိပေးချက်ထုတ်ပြန်လိုက်သည်ဟု သိရသည်။

    အဆိုပါ ၈ နိုင်ငံမှာ ဘရာဇီးလ်၊ ကိပ်ဗာဒီ၊ ကိုလံဘီယာ၊ အလ် ဆာဗေဒိုး၊ ဟွန်ဒူးရပ်စ်၊ မာတင်းနစ်၊ ပနားမားနှင့် ဆူရီနမ်တို့ဖြစ်ကြပြီး ထိုင်းနိုင်ငံအပါအ၀င် ရောဂါပိုးတွေ့ရှိရကြောင်း သတင်းများထွက်ပေါ်နေသည့် နိုင်ငံပေါင်း ၂၂ နိုင်ငံသို့ သွားရောက်ရာတွင်လည်း သတိထားကြရန် အကြံပြုထားသည်။

    ကူးစက်သူများတွင် မှတ်ဥာဏ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို ဖြစ်ပွားစေသည့် ဇီကာဗိုင်းရပ်စ်မှာ ခြင်မှတစ်ဆင့် ပြန့်နှံ့ပြီး မိခင်မှ သန္ဓေသားကိုလည်းကောင်း၊ သွေးသွင်းခြင်းဖြင့်လည်းကောင်း၊ လိင်ဆက်ဆံခြင်းဖြင့်လည်းကောင်း ကူးစက်သည်ဟု သိရသည်။

    Ref: Channelnewsasia

  • AIDS ရောဂါအဆုံးသတ်ရေး အာဖရိက သမ္မတကတော်များအသင်း ကြိုးပမ်းမည်

    AIDS ရောဂါအဆုံးသတ်ရေး အာဖရိက သမ္မတကတော်များအသင်း ကြိုးပမ်းမည်

    ဖေဖော်ဝါရီ ၅၊ ၂၀၁၆
    M-Media

    africa 3

    – HIV/AIDS တိုက်ဖျက်ရေး အာဖရိက သမ္မတကတော်များအသင်း (OAFLA) က အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ အားထုတ်ကြိုးပမ်းမှု ပိုမိုဆောင်ရွက်ကြဖို့ တောင်းဆိုလိုက်ပါတယ်။

    အီသီယိုးပီးယားနိုင်ငံရဲ့ မြို့တော် အက်ဒစ် အဘာဘားမှာ တနင်္လာနေ့က တွေ့ဆုံဆွေနွေးခဲ့စဉ် အာဖရိကသမ္မတကတော်များအသင်းက ကလေးငယ်တွေမှာ HIV ပိုးကူးစက်မှုအသစ်တွေ ကာကွယ်တားဆီးဖို့ ရင်းမြစ်များများ လိုအပ်တဲ့အကြောင်းနဲ့ ရောဂါစမ်းသပ်ပေးမယ့် ၀န်ဆောင်မှုမျိုး ကျယ်ကျယ်ပြန့်ပြန့် ရှိသင့်တဲ့အကြောင်း အလေးပေးတိုက်တွန်းခဲ့ပါတယ်။

    HIV/AIDS ရောဂါဆိုင်ရာ ကုလသမဂ္ဂ ပူးတွဲအစီအစဉ်ရဲ့ အုပ်ချုပ်ရေးဒါရိုက်တာ မိုက်ကယ် ဆစ်ဒီဘီက ယခုအချိန်မှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချနိုင်မယ်ဆိုရင် ၂၀၃၀ ခုနှစ်မှာ AIDS ရောဂါပြန့်ပွားမှု အဆုံးသတ်သွားဖို့ ဖြစ်နိုင်ချေရှိတယ်လို့ အဲဒီဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

    “ကလေးငယ်တွေမှာ AIDS ရောဂါဆိုးကြီး အဆုံးသတ်နိုင်ဖို့ ကျွန်မတို့ ၀ိုင်းဝန်းပြောဆိုကြပါစို့။ ပြီးတော့ အရွယ်ရောက်သူတွေကို လိင်မှုဆိုင်ရာ အခွင့်အရေးနဲ့ ကျန်းမာရေးအသိပညာပေးတွေ လုပ်ဆောင်ကြပါစို့” လို့ ဂါနာနိုင်ငံ သမ္မတကတော်ဖြစ်ပြီး OAFLA ရဲ့ ဥက္ကဌဖြစ်သူ လော်ဒီနာ မာဟာမာက ပြောကြားခဲ့ပါတယ်။ ဒီရောဂါနဲ့ပတ်သက်ပြီး လှုပ်ရှားမှုတွေကို လက်တွဲ ဆောင်ရွက်သွားကြဖို့လည်း သူက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

    အေအိုင်ဒီအက်စ်ရောဂါ ဖြစ်ပွားနိုင်နဲ့ HIV ပိုးဟာ သေစေလောက်တဲ့ပိုးမျိုး မဟုတ်တော့ဘဲ စတင်ကူးစက်တဲ့အချိန်က ကောင်းမွန်တဲ့ ကုသမှု ခံယူမယ်ဆိုရင် ကျန်းမာတဲ့ သာမန်ဘ၀ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ရဲ့ ထုတ်ပြန်မှုအရ တစ်ကမ္ဘာလုံးမှာ HIV ပိုးကူးစက်ခံရသူ ၃၇ သန်းရှိနေပြီး အဲ့ဒီထဲကမှ ၂၆ သန်းလောက်ဟာ အာဖရိကမှာ ဖြစ်တယ်လို့ သိရပါတယ်။

    ကမ္ဘာတစ်ဝှမ်းက ပညာရှင်တွေကလည်း ဒီရောဂါအကြောင်းနဲ့ပတ်သက်တဲ့ အသိပညာပေးမှုတွေကို အရှိန်အဟုန်မြင့် ဆောင်ရွက်နေပါတယ်။ OAFLA ရဲ့ အဲဒီတွေ့ဆုံးဆွေးနွေးမှုမှာ အမေရိကန်စီးပွားရေးပညာရှင်အမျိုးသမီး အီမီလီ ဖဲရ် အော်စတာက အာဖရိကရဲ့ လူနေမှုအခြေအနေ တိုးတက်မယ်ဆိုရင် ပြည်သူတွေဟာ AIDS ကို ရှောင်ရှားဖို့ အခွင့်အလမ်းတွေရလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    “လူတွေကိုယ်တိုင်က AIDS ရောဂါမဖြစ်အောင် ရှောင်ကျဉ်ဖို့ အခွင့်အလမ်းမရှိရင် ရောဂါအကြောင်း အားလုံးသိထားရင်လည်း သူတို့ရဲ့ အမူအကျင့်တွေ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး”

    Ref: Presstv

  • အထိုင်များသူများ ဆီးချိုဖြစ်နိုင်ချေ ပိုများ

    အထိုင်များသူများ ဆီးချိုဖြစ်နိုင်ချေ ပိုများ

    ဖေဖော်ဝါရီ ၄၊ ၂၀၁၆
    M-Media

    diabe

    – နေ့စဉ် အထိုင်များတဲ့သူတွေဟာ အမျိုးအစား ၂ ဆီးချိုရောဂါ ဖြစ်နိုင်ချေ ၅ ပုံ ၁ ပုံထက်ကို ပိုများတယ်လို့ ဒတ်ခ်ျလူမျိုး သိပ္ပံပညာရှင်တွေ ပြုလုပ်ခဲ့ပြီး လူ ၂၅၀၀ ပါဝင်ခဲ့တဲ့ လေ့လာမှုတစ်ရပ်အရ သိရှိရပါတယ်။

    တစ်နေ့တာလုံးမှာ ကိုယ်လက်လှုပ်ရှားမှု နည်းပါးတဲ့သူတွေအနေနဲ့ အမျိုးအစား ၂ ဆီးချိုရောဂါ ဖြစ်နိုင်ချေ ပိုများနိုင်တာဖြစ်ပြီး၊ တစ်နေကုန် စားပွဲခုံမှာ ထိုင်အလုပ်လုပ်ကာ ညနေပိုင်း အားကစားခန်းမသွား လေ့ကျင့်ခန်းလုပ်ရုံလောက်နဲ့ ဆီးချိုဖြစ်နိုင်ချေကို မလျှော့ချနိုင်ဘူးလို့ သုတေသနရလဒ်တွေက ဖော်ပြနေပါတယ်။ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်မယ်ဆိုရင်တောင် အချိန်ကြာကြာထိုင်တဲ့ဒဏ်ကို လျှော့ချနိုင်မှာ မဟုတ်ပါဘူး။

    စမ်းသပ်မှုရလဒ်တွေအရဆိုရင် အမျိုးအစား ၂ ဆီးချိုရောဂါသည်တွေဟာ လှုပ်ရှားမှုအနည်းဆုံးသူတွေဖြစ်ပြီး တစ်နေ့ကို အလုပ်ချိန် ၉ နာရီထက်ပိုပြီး ၂၆ မိနစ်လောက် ဆက်တိုက် ထိုင်လေ့ရှိသူတွေ ဖြစ်ပါတယ်။ တစ်နေ့အလုပ်လုပ်ချိန်ပျှမ်းမျှ ၉ နာရီအပြင် အပိုတစ်နာရီလောက် အထိုင်များရင် အမျိုးအစား ၂ ဆီးချိုရောဂါ ဖြစ်နိုင်ချေ ၂၂ ရာခိုင်နှုန်း ပိုမြင့်တက်လာတယ်လို့ မက်စ်ထရစ်ခ်ျတက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက တွက်ချက်ပြခဲ့ပါတယ်။

    လေ့လာတွေ့ရှိချက်တွေအရ အခုလိုအဖြစ်များတဲ့သူတွေဟာ များသောအားဖြင့် ကွန်ပျူတာရှေ့မှာထိုင်ပြီး နေ့တစ်နေ့ရဲ့ သုံးပုံတစ်ပုံလောက် အလုပ်လုပ်နေကြတဲ့ ရုံးအလုပ်သမားတွေ၊ ပြီးတော့ ကုန်တင်ကားနဲ့ တက္ကစီယာဉ်မောင်းတွေ၊ ကောင်တာထိုင်တဲ့သူတွေ၊ လေယာဉ်မှူးတွေ စတဲ့သူတွေ ဖြစ်ပါတယ်။

    ဒီလို အထိုင်များတဲ့အပြုအမူဟာ အ၀လွန်ခြင်းနဲ့ ကင်ဆာရောဂါတွေနဲ့ပါ ဆက်စပ်လာမှာကို ဆရာဝန်တွေကလည်း စိုးရိမ်လျက်ရှိပါတယ်။

    အဲ့ဒီလိုအထိုင်များတာဟာ ကျောနာ၊ ဇက်နာ၊ ကြွက်သားနာတာတွေနဲ့လည်း တိုက်ရိုက် ဆက်စပ်နေပါတယ်။ အင်္ဂလန်ပြည်သူ့ကျန်းမာရေးဌာနကတော့ အလုပ်သမားတွေအနေနဲ့ တစ်နေ့ကို အနည်းဆုံး နှစ်နာရီလောက် ခြေလျင်လျှောက်သင့်တယ်လို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

    အစိုးရကျန်းမာရေးဌာနမှူး ဒိန်း ဆယ်လီ ဒေးဗီးစ်က လှုပ်ရှားမှု မရှိခြင်းဟာ ‘အသံတိတ်လူသတ်သမား’ လို့ သမုတ်ခဲ့ပါတယ်။ သူမက အရွယ်ရောက်သူတွေအနေဲ့ တစ်ပတ်မှာ မိနစ် ၁၅၀ လောက်ကို လေ့ကျင့်ခန်းအတွက် အသုံးပြုသင့်ပြီး ၂ နာရီခွဲလောက်ကို အသင့်အတင့် ပြုလုပ်ပေးကာ ၁၀ မိနစ်နဲ့ အထက်ကို ပြင်းပြင်းထန်ထန် ပြုလုပ်သင့်တယ်လို့ အကြံပြုခဲ့ပါတယ်။

    Ref: IINA