News @ M-Media
Tag: Arsenal
  • ၀င်းဂါး၏ အာဆင်နယ်အနာဂတ် မသေချာတော့
    မေ ၁၄၊ ၂၀၁၆
    M-Media
    winger
    – အသင်းနှင့် သက်တမ်းတိုးရန် သေချာသည့်အစီအစဉ် မရှိသေးဘဲ ထိုကိစ္စအတွက် ဆွေးနွေးမှုကို လာမည့်ရာသီကုန်အထိ ပြုလုပ်သွားမည်မဟုတ်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    ထို့ပြင် ပရိတ်သတ်များက ၀င်းဂါးအပေါ် စိတ်ပျက်မှုမှာ ၎င်းတာဝန်ယူခဲ့သည့် နှစ် ၂၀ အတွင်း အမြင့်ဆုံးကို ရောက်ရှိလာခဲ့ပြီး ၀င်းဂါးကိုယ်တိုင်ကလည်း ၂၀၁၇ အလွန် အသင်း၌ ဆက်ရှိနေရေး သေချာသည့် ဆုံးဖြတ်ချက်မျိုး မရှိပေ။
    “တော်တ်ာနောက်ကျတဲ့အချိန်အထိ ကျွန်တော် စောင့်သွားမှာပါ။ နောက်ရာသီအကုန်အထိ အသင်းနဲ့ မဆွေးနွေးဘူးလားဆိုရင်တော့ – အမှန်ပါပဲ။ ဒါဟာ ကျွန်တော့်အတွက်မဟုတ်ဘဲ အသင်းအတွက်လည်း ပါပါတယ်။ ကျွန်တော့်ရဲ့ အခန်းကဏ္ဍက အသင်းအတွက် တတ်နိုင်သလောက် ပေးဆပ်ဖို့ဖြစ်ပြီး အဲဒီနောက်မှာ ကျွန်တော် ဘယ်အဆင့်မှာရှိလဲ အသင်း ဘယ်နေရာမှာရှိလဲဆိုတာကို ကြည့်ရပေါ့ဗျာ” ဟု ၀င်းဂါက ပြောကြားခဲ့သည်။
    Ref : Goal
  • လက်စတာထက် ရှုံးပွဲမရှိဗိုလ်စွဲနိုင်ခဲ့သည့် အာဆင်နယ်အား ချီးကျူးသင့်သည်ဟု နောက်ခံလူဟောင်း ပြော
    လက်စတာထက် ရှုံးပွဲမရှိဗိုလ်စွဲနိုင်ခဲ့သည့် အာဆင်နယ်အား ချီးကျူးသင့်သည်ဟု နောက်ခံလူဟောင်း ပြော
    မေ ၅၊ ၂၀၁၆
    M-Media
    arse
    – သမိုင်းဝင် အောင်ပွဲရရှိခဲ့သည့် လက်စတာစီးတီးအသင်းထက် ရှုံးပွဲမရှိ ဖလားရဖူးသော အာဆင်နယ်အား ပို၍ ချီးကျူးသင့်ပြီး ၀င်းဂါးမှာလည်း ဝေဖန်မှုနှင့် မထိုက်တန်ဟု အာဆင်နယ် နောက်ခံလူဟောင်း လော့ရင့်က ပြောကြားလိုက်သည်။
    ပြီးခဲ့သည့်နှစ် ချန်ပီယံ ချယ်ဆီး၊ အသင်းကြီးများဖြစ်ကြသော မန်စီးတီး၊ မန်ယူ၊ လီဗာပူးလ်တို့မှာ ခြေချော်နေသည့်အချိန်တွင် ရာသီအစ ပုံစံကောင်းများ ပြသနိုင်ခဲ့သည့် အာဆင်နယ်က ပရီးမီးယာယးလိဂ်ဖလားကို ရရှိမည်ဟု ရေပန်းစားခဲ့သော်လည်း ထင်သလို ဖြစ်မလာခဲ့ဘဲ လက်စတာက အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။
    အာဆင်နယ်တွင်ကစားစဉ် နည်းပြ၀င်းဂါးက ကမ္ဘာ့အကောင်းဆုံး နောက်ခံလူများထဲမှ တစ်ဦးအဖြစ် ချီးကျူးခြင်း ခံခဲ့ရသည့် လော့ရင်ကမူ လက်စတာကို ချီးကျူးခဲ့ပြီး အာဆင်နယ်ကို ကာကွယ်ပြောဆိုခဲ့သည်။
    “လက်စတာလုပ်နိုင်ခဲ့တဲ့အရာက တစ်မူထူးခြားတဲ့ အရာပါပဲ။ ရာသီအစမှာ ဒီလိုအောင်မြင်မှုမျိုး ရမယ်ဆိုတာ ဘယ်သူမှ မမျှော်လင့်ခဲ့ကြပါဘူး။ အသင်းသားတိုင်းရဲ့ အလွန်အမင်း ကြိုးပမ်းအားထုတ်မှု၊ စုစည်းမှုနဲ့ ယုံကြည်ချက်ခိုင်မာမှုတို့ကို အခြေခံပြီး ဒီလိုအောင်မြင်ခဲ့တာပါ။ ဒါဟာ သူတို့အတွက် မယုံကြည်နိုင်လောက်စရာဖြစ်ပြီး ဘောလုံးလောကအတွက်လည်း ကောင်းမွန်ပါတယ်။ လက်စတာက မယုံနိုင်စရာကို လုပ်ပြခဲ့ပေမယ့် တစ်ရာသီလုံး ရှုံးပွဲမရှိဘူးဆိုတာက ပိုပြီး ထူးခြားပါတယ်။ ဒီနှစ်ခုကို ကျွန်တော်တို့ နှိုင်းယှဉ်လို့မရပါဘူး။ ကျွန်တော့်ကိုမေးမယ်ဆိုရင် ရှုံးပွဲမရှိတဲ့ ဘောလုံးရာသီက ပိုပြီး ကြီးကျယ်တယ်လို့ ကျွန်တော် ပြောချင်ပါတယ်” ဟု ၂၀၀၃-၀၄ ဘောလုံးရာသီတွင် အာဆင်နယ်အသင်းက ရှုံးပွဲမရှိဘဲ ဗိုလ်စွဲခဲ့မှုကို ရည်ညွှန်း၍ လော့ရင့်က ပြောကြားခဲ့သည်။
    Ref: Goal
  • ဖလားလက်မဲ့ဖြစ်မှုကို အဆုံးသတ်ရန် အာဆင်နယ်မှာ ပြောင်းလဲမှုလုပ်ရမည်ဟု ကာဇိုလာပြော
    ဖလားလက်မဲ့ဖြစ်မှုကို အဆုံးသတ်ရန် အာဆင်နယ်မှာ ပြောင်းလဲမှုလုပ်ရမည်ဟု ကာဇိုလာပြော
    ဧပြီ ၃၀၊ ၂၀၁၆
    M-Media
    carzola
    – ဖလားမိုးခေါင်မှုကို အဆုံးသတ်ရန်အတွက် အာဆင်နယ်အသင်းမှာ ပြုပြင်ပြောင်းလဲမှု မဖြစ်မနေ ပြုလုပ်ရမည်ဟု တိုက်စစ်မှူး ကာဇိုလာက ပြောကြားလိုက်သည်။
    ၂၀၀၃-၀၄ နောက်ပိုင်း အာဆင်နယ်အသင်း၏ ပရီးမီးယားလိဂ်ဖလားရနိုင်ခြေ အခွင့်အလမ်းမှာ ယခုနှစ်အတွင် အကောင်းဆုံးဖြစ်သော်လည်း ထိုအခွင့်အရေးကို ဆုပ်ကိုင်နိုင်ခြင်း မရှိခဲ့ပေ။ စပိန်တိုက်စစ်မှူး ကာဇိုလာကမူ အာဆင်နယ်တွင် ချို့ယွင်းချက်များ ရှိနေသည်ဟု ၀န်ခံခဲ့ပြီး အနာဂတ်အတွင် ကံကောင်းရန်အတွက် ပြောင်းလဲရန် လိုအပ်နေသည်ဟု ဆိုသည်။
    “တစ်ခုခုတော့ ကျွန်တော်တို့ ကျိန်းသေ ပြောင်းလဲရပါလိမ့်မယ်။ တကယ်လို့ ကျွန်တော်တို့ ဖလားရချင်ရင်တော့ ကျွန်တော်တို့ ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ဘာလုပ်ရမလဲဆိုတာလည်း ကျွန်တော်တို့သိပါတယ်။ ဒါပေမယ့် တည်ငြိမ်မှုကို ပိုပြီး လိုအပ်နေတာပါ။ ဒီနှစ်မှာ ကျွန်တော်တို့ ဆွမ်ဆီးကို အိမ်ကွင်းမှာရှုံးတယ်၊ ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းမှာ သရေကျတယ်။ ပရီးမီးယားလိဂ်ကိုရချင်ရင် ဒါတွေက ဖြစ်လို့မရတဲ့ ကိစ္စတွေပါ။ ကျွန်တော်တို့မှာရှိတာက နိုင်လိုစိတ်နဲ့ ကောင်းမွန်တဲ့ ကစားပုံပါပဲ။ ကျွန်တော်တို့ အမြဲတမ်း တိုက်စစ်ဆင်ချင်ပြီး ဂိုးတွေသွင်းချင်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာ ကျွန်တော်တို့က ပါးနပ်ဖို့လိုပါတယ်။ ၁ ဂိုး ဂိုးမရှိနဲ့နိုင်ရင် ဒီရလဒ်ကို ထိန်းပြီး ၃ မှတ်ရဖို့ လုပ်တာမျိုးပေါ့ဗျာ” ဟု ကာဇိုလာက ပြောကြားခဲ့သည်။
    Ref: Goal
  • အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ် ပရီးမီးယားလိဂ်တွင် စံချိန်သစ်တစ်ခု တင်နိုင်
    အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ် ပရီးမီးယားလိဂ်တွင် စံချိန်သစ်တစ်ခု တင်နိုင်
    ဧပြီ ၂၄၊ ၂၀၁၆
    M-Media
    passes
    – အာဆင်နယ်ကွင်းလယ်လူ မီဆု အိုဇေးလ်မှာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက်တွင် ဖန်တီးပေးပို့မှု ပြုလုပ်နိုင်စွမ်းအရှိဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဟု သိရသည်။
    ယနေ့တွင် ကစားခဲ့သည့် ဆန်းဒါးလန်းအသင်းနှင့်ပွဲတွင် အိုဇေးလ်မှာ ပထမပိုင်း ၄၅ မိနစ်အတွင်း ဖန်တီးပေးပို့မှု ၃ ကြိမ် ပြုလုပ်ခဲ့ပြီး၊ ယခုရာသီတွင် ဖန်တီးပေးမှု စုစုပေါင်း ၁၃၅ ကြိမ်ရှိလာကာ ပရီးမီးယားလိဂ် တစ်ရာသီကာလအတွင်း ဖန်တီးပေးနိုင်မှုအများဆုံး ကစားသမား ဖြစ်လာခဲ့ခြင်းဖြစ်သည်။
    အိုဇေးလ်၏နောက်တွင် စပါးကစားသမား ခရစ္စတီယန် အဲရစ်ဆန်နှင့် ၀က်စ်ဟမ်းကစားသမား ဒီမီထရီပါယက်တို့က ၁၀၅ ကြိမ်နှင့် ၁၀၂ ကြိမ်တို့ဖြင့် အသီးသီး ရှိနေကြသည်။ အိုဇေးလ်၏ဖန်တီးပေးမှုကြောင့် ဂိုးရရှိမှုမှာ ယခုရာသီအတွင်း ၁၈ ဂိုးရှိခဲ့ပြီး၊ အာဆင်နယ်တိုက်စစ်မှူးဟောင်း ဟင်နရီတင်ထားသည့် တစ်ရာသီအတွင်း ဂိုး ၂၀ ရရှိအောင် ဖန်တီးပေးနိုင်သည့် စံချိန်ကို ချိုးဖျက်ရန် နီးစပ်နေပြီဖြစ်သည်။
    Ref: Goal
  • ပရိတ်သတ်ထောက်ခံမှုမရှိပါက အာဆင်ဝင်းဂါး ထွက်ရမည်ဟု ရက်နပ်ပြော
    ပရိတ်သတ်ထောက်ခံမှုမရှိပါက အာဆင်ဝင်းဂါး ထွက်ရမည်ဟု ရက်နပ်ပြော
    ဧပြီ ၂၁၊ ၂၀၁၆
    M-Media
    winger 7
    – အာဆင်နယ်နည်းပြ အာဆင်းဝင်းဂါး အသင်းမှ ထွက်ရမည့် တစ်ခုတည်းသောနည်းလမ်းမှာ ပရိတ်သတ်များ၏ ကျောခိုင်းမှုပင် ဖြစ်သည်ဟု စပါးနည်းပြဟောင်း ဟယ်ရီ ရက်နပ်က ပြောကြားလိုက်သည်။
    ယခုနှစ် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခွင့် ဆုံးရှုံးခဲ့ပြီးနောက် ပရိတ်သတ်များမှာ ၀င်းဂါးအပေါ် စိတ်ပျက်မှုများ ဖြစ်ပေါ်လာခဲ့ပြီး ယနေ့ညတွင် ကစားမည့် ၀က်စက်ဘရွန်းနှင့်ပွဲတွင်လည်း အီမရိတ်ကွင်းသို့ ပြောင်းရွှေ့ပြီးနောက် အနိမ့်ဆုံး အရေအတွက်ဖြစ်သည့် ပရိတ်သတ် ၂၀၀၀၀ အထိသာ လာရောက်မည်ဟု လက်မှတ်ရောင်းချမှုများအရ သိရသည်။
    Evening Standard သတင်းစာတွင်ရေးသားသည့် ရပ်နက်၏ ဆောင်းပါးတွင် ၀င်းဂါးအတွက် စာနာမိသော်လည်း ပရိတ်သတ်များ၏ သပိတ်မှောက်မှုကို လက်ခံသည်ဟု ဆိုသည်။
    “အာဆင်ဝင်ဂါးအတွက် အရေးအကြီးဆုံး ပြဿနာက ပရိတ်သတ်တွေ လျော့သွားတဲ့ အချိန်ပါပဲ။ အဲဒီအချိန်ကျရင် ပြန်လမ်းမရှိပါဘူး။ ဒီနေ့ ၀က်စ်ဘရွန်းနဲ့ပွဲကို သပိတ်မှောက်ဖို့ အာဆင်နယ်ပရိတ်သတ်တွေ စီစဉ်ထားတယ်ဆိုတာကို ကျွန်တော် တွေ့ရပါတယ်။ ဒီလိုမျိုး ရှေ့ဆက်သွားမယ်ဆိုရင်တော့ ပရိတ်သတ်တွေဆီက အသံတွေကို အာဆင်နယ်က ကျယ်ကျယ်လောင်လောင် ကြားရမှာပါ။ အသင်းအတွက် အားလုံးပေးဆပ်ပြီးတဲ့နောက်ပိုင်းမှာ ပရိတ်သတ်တွေက သူ့ကို ကျောခိုင်းလာပြီဆိုရင်တော့ ဒီလောက်ဆို လုံလောက်ပြီဆိုတာ သူလည်း သိလာမှပါ” ဟု ရက်နပ်က ပြောကြားခဲ့သည်။
    Ref: Goal